\Broken/Part(8)

2.1K 228 25
                                    

 #uni

             •°•ကြေမွပျက်စီးနေသော
                      (သို့မဟုတ် )
            ပြန်လည်သစ်လွင်လာသော°•°

__________________<♥>________________

"ဘာစားချင်လည်း Chan"

ကျောဘက်ဖျားဆီမှ မွှေးရနံ့ သင်းသင်းဟာ
သူ့ထံမှဖြစ်တည်လာသည်ဟူသည့်အဖြစ်မှန်ဟာ
Chanyeolအားပိုကြည်နူးစေသည်။

အလုပ်ကိစ္စ အကြောင်းပြကာ
လုပ်ငန်းပါတနာအဖြစ် ဂျပန်သို့နှစ်ယောက်တည်း
ခရီးထွက်လာခဲ့မိခြင်း။

"အင်း...ဘာမှမစားချင်ဖူး ဒီအတိုင်းပဲ
ဒီအတိုင်းလေးပဲနေချင်တယ်"

ရစ်ပတ်ထားသောခါးထက်မှလက်တွေအား
ဖြုတ်ချကာ မျက်နှာချင်းဆိုင်စေပြီး
ရင်ခွင်ထဲတ်ုိးဝင်လာတဲ့ chanyeol၏
ပျော့အိအိဆံပင်များအား Yifanနမ်းရှိုက်မိသည်။

"မထင်ထားဘူး chanလည်းချွဲတတ်မယ်လို့"

သုံးလေးငါးချက်ဆင့်နမ်းပြီးနောက် ဆံပင်များအားအသည်းယားစွာဆွဲဖွမိတော့ chnayeolကသဘောတကျရယ်နေသည်။

နွေဦးပေါက်တိုင်သီကျူးတတ်သည့်
တေးငှက်သံသာလိုမျိုး လွင့်ပျံလာတဲ့
ရယ်သံသဲ့သဲ့ဟာ လှုပ်ခါနေတဲ့ဆည်းလည်းလိုမျိုး
Krisရင်ကို တုန်ရီစေတယ်။

"ကိုယ့်ကိုချစ်လားchan"

"အင်း..."

စဉ်းစားခြင်းမရှိ ၊ တွေဝေခြင်းကင်းမဲ့စွာ
ဖြေဆိုလာတဲ့အဖြေဟာ krisအတွက်သိပ်ကို
သဘောကျစရာကောင်းလွန်းသည်။

ပို,ပို ပြီးတင်းကြပ်စွာဖတ်မိလေတော့
သူ ့ရင်ခွင်ထဲမှအကောင်ပေါက်လေးက
အင့်ခနဲ။

"ဘာလို့ချစ်တာလဲ ကိုယ့်အကြောင်းကိုလဲ
သေချာဘာမှသိတာမဟုတ်ပဲနဲ့"

"ဒီအတိုင်း...ခင်ဗျားကခင်ဗျားဖြစ်နေလို့"

"တကယ်လား"

"အွင်း"

Yifanနဲ့ရုပ်ချင်းတူနေလို့ချစ်တာမဟုတ်လားဟု
kris မေးလိုက်ချင်ပေမယ့် သာယာနေဆဲအခြေအနေတစ်ရပ်အားမဖျက်ဆီးချင်။

အားအကုန်သုံးကာမှီထားလေသူဟာ
မိခင်ပျောက်တဲ့ ကြက်ကလေးပမာ။

BROKEN-SEASON|2| (COMPLETED)Where stories live. Discover now