\Broken/ Part(7)

2.1K 212 16
                                    

#uni
             °•°ကြေမွပျက်စီးနေသော
                      (သို့မဟုတ် )
             ပြန်လည်သစ်လွင်လာသော°•°

__________________<♥>________________

နာကျင်ရသမျှ
လွှတ်ချဖို့ရာ
အချစ်က
ဟိုးနှလုံးသား
တစ်နေရာမှာ။

_____________________________________

                              

်"မင်္ဂလာပါညီမနာမည်Kim hanaပါ"

မိန်းကလေးဘက်မှစတင်နှုတ်ဆက်လေတော့
အပျက်ပျက်အယွင်းယွင်းဖြစ်သွားတဲ့
Chanyeolမျက်နှာကြောင့် yifanရင်ထဲ
ဆစ်ကနဲ။

"အင်း...တွေ့ရတာဝမ်းသာပါတယ်"

တုန်ရီသောအသံဖြင့်
အရည်လဲ့နေမျက်ဝန်းများဖြင့်
ပြန်လည်နှုတ်ဆက်လာသည့်chanyeolဟာ
တစ်ခုခုကိုစိုးရိမ်နေပုံထင်ရသည်။

Chanyeolထိုင်နေသည့်စားပွဲခုံ၌
ဖိတ်ခေါ်သူမရှိပဲသူမဝင်ထိုင်သည့်အခါ
အလိုအလျောက် yifanပါ
ထိုင်လိုက်ရသည်။

မျက်စိရှေ့မှchanyeolကတော့
သိပ်ကိုပူပန်နေသယောင်။

"စီနီယာက မပြောင်းလဲသေးဘူးနော်"

ချိုအီအီအသံမျိုးဖြင့် ရောယောင်နှုတ်ဆက်လေတော့ ဇာတ်တိုက်ယူထားသည့်အတိုင်း

"Baby နဲ့ chanyeolကသိနေတာလား"

ဟုအလိုက်သင့်yifanဝင်ထောက်ပေးတော့
ကြေကွဲခြင်းအပြည့်နှင့်အရည်လဲ့လဲ့မျက်ဝန်းတွေ။

"ဒါပေါ့...အလယ်တန်းတုန်းက..."

"ဂျူနီယာလေ...hanaကကျွန်တော့်ဂျူနီယာ
ဒါနဲ့ ဟာနာ(hana) ကဘယ်လိုလုပ် Tom
Boyဖြစ်သွားရတာလဲ..အလယ်တန်းလောက်အထိ
သိပ်လှတဲ့ကောင်မလေးဖြစ်ခဲ့တာမလား.."

Chanyeolဖုံးကွယ်ချင်သည့်အမှန်တရားဟာ
Hanaသည့်သူ့အားကြိုက်နေကြောင်း
Yifanသိသွားမည်ကိုစိုးရိမ်၍ဖြစ်ပြီး
သူမသိသည်က Yifan ဟာ
သူ့ထက်ပို၍ hanaနှင့်သူ့အကြောင်းကို
သိထားနှင့်ပြီးသည့် ကိစ္စရပ်ဖြစ်သည်။

အတင်းလိုက်ပြီးဖုံးဖိနေတာ
ကိုယ်နာကျင်မှာစိုးလို့တဲ့လား
Chanyeol။
မတန်ဘူးလေ...ကိုယ်လိုကောင်က
မင်းအဲ့သည့်လောက်ထိ ချစ်ပေးဖို့မှ
မထိုက်တန်ပါပဲ။

BROKEN-SEASON|2| (COMPLETED)Onde histórias criam vida. Descubra agora