စမ်းရေကြည်ပေါက်
..... အပိုင်း - ၂ .....
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -၀သုန်လစဉ် ကိုကိုဆီကို ပိုက်ဆံသွားပြီးပို့ပေးနေရသည်။ ကိုကိုက လှလှအလုပ်ပျက်မည်။ လှလှကို လာမပို့နဲ့လို့မှာထားပြီး ၀သုန်ကိုပဲ ပို့ပေးစေခဲ့သည်။ ၀သုန်အသက်က ၁၅ နှစ် သို့ပေမယ့် လူကောင်ကထွားသည်။ လူကြီးပုံပင်ပေါက်လို့နေပါသည်။ ကိုကိုဆေးကျောင်းတက်ကတည်းက ပိုက်ဆံများကို လစဉ်သူပဲသွားပို့နေခဲ့ရသည်။ ထိုကြောင့် ထိုလမ်းသည် သူ့အတွက်တော့ ကျင့်သားရနေပြီးသာ ဖြစ်နေပါသည်။
လှလှကတော့ စီးပွားရေးတွင်လုံးပန်းနေရတော့ မန်းကိုလည်းမရောက်၊ ရာသီအလိုက် စီးပွားရေးကို လောဘတကြီးလိုက်ရှာနေရသည်။ လှလှကတော့ သူမောပန်းသမျှ ဒီသားလေး နှစ်ယောက်အတွက်သာ ဖြစ်နေပါတော့သည်။“ရော့ကိုကို အတွက်၊ ကြီးကြီးကပြောတယ် မလောက်ရင်လဲ ပြောတဲ့၊ ဆေးကျောင်းဆိုတော့ ပိုက်ဆံတအားလိုမှာ ကြီးကြီးကစိုးရိမ်နေတာ”
“ရပါတယ် ညီရယ် ကိုကိုလောက်ပါတယ်၊ ဒါနဲ့ ကြီးမေရောနေကောင်းကျမ်းမားရဲ့လား”
“ကိုကိုကလဲ ဆရာဝန်မဖြစ်သေးဘူး လူတွေ့တာနဲ့ ကျမ်းမားပြီးလာမေးနေတယ်၊ ကြီးကြီးလဲ ကိုကို ကိုယ်လွမ်းနေတယ်၊ ကျမ်းမာလို့တောင် ရန်တောင်ဖြစ်နိုင်သေးတယ်”
“ဟင်…”
“အော် သဘောပြောပြတာ ကျမ်းမားတာမှဟိုဘက်တစ်ကမ်းကို လွန်လို့”
“ကြီးမေကို ဂရုစိုက်ပါကွာ၊ ကိုကိုတို့ညီအကို ကိုကြီးမေပဲ ဂရုစိုက်ခဲ့တာ၊ ကြီးမေကျေးဇူးက ပြောမပြတတ်အောင်ပါပဲ၊ ကိုကိုလဲ ကျောင်းပြီးရင် ကြီးမေကိုနားခိုင်းတော့မယ်”
“အင်းပါ ကိုကိုသာ ကျမ်းမားပြီး စာကြိုးစား၊ ညီလဲ တစ်ဘက်တစ်လမ်းက လုပ်ပေးမှာပါ၊ ကိုကိုကျောင်းက ပြီးမှာမဟုတ်သေးဘူး နောက်နှစ်ဆိုရင်တော့ ကျနော် ဆယ်တန်းပြီးပြီ အဲ့ဒီအခါကျရင်တော့ အလုပ်၊ လုပ်တော့မယ်”
မိုးယံ ၀သုန်ခေါင်းကို ပုတ်လိုက်ပါသည်။
“ညီကလိမ္မာပါတယ်၊ ကြီးမေကိုစိတ်ညစ်အောင်လဲ မလုပ်နဲ့အုံး၊ ရန်လဲမဖြစ်နေနဲ့”