အပိုင်း - ၆

2K 186 0
                                    

စမ်းရေကြည်ပေါက်
..... အပိုင်း - ၆ .....

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

“အာ….ဘာအိမ်မက်ကြီးလဲကွာ ၊ ဘာကြီးလဲ"

မင်းခနိုင်မက်ခဲ့သည့် အိမ်မက်ကို ပြန်စဉ်းစားလိုက်တော့၊ အိမ်မက်ထဲတွင် သူက မိန်းခလေး အ၀တ်စားများ လိုလို ပြောင်တောင်တောင်ကြီးနှင့် ဓာတ်လှေကား ထဲတွင်ရှိနေသည်။ သူစိမ်း (သူရင်ခုန်ရသူ) သည်လဲ ထိုအထဲတွင် ရှိနေကာ သူ့ကိုဖက်ထားသည်။ သူက ရှက်ကာ ပြန်ရုန်းကာနေသည်။

“အာ….. ဘာကြီးလဲကွာ ငါကအဲလိုကြီး နေရမှာလာ၊ အာနေချင်ပါဘူး၊ အမလေး ကြောက်စရာကြီး”

စောင်များကို ယောင်ယောင်မှားမှားတွန်းထုတ်လိုက်မိတော့သည်။ ကြောက်စရာကြီးက သူစိမ်းကို ပြောခြင်းမဟုတ် မိမိကိုယ်ကို ပြောနေခြင်းဖြစ်ပါသည်။

“ဟူးမောလိုက်တာကွာ”

- - - - - - - - - - - - - - - - - - - - -

မနက်ရောက်တော့ ကျောင်းကို စောစောထွက်ရင်က မေမေကို တစ်ချက်ကြည့်လိုက်သေး သည်။ မေမေက လက်ဘက်ရည်သောက်ကာ အေးအေးဆေးဆေးလုပ်ကာနေသည်။

“မေမေ”
“ပြော မုန့်ဘိုးလိုလို့လာ မနေ့ကပဲ တစ်ပတ်စာ ပေးပြီးသား”
“မဟုတ်ပါဘူး မေမေကလဲ”
“ဒါဆိုဘာတုံး”
“အလုပ်မသွားသေးဘူးလာ”
“အလိုတော် ကျုပ်ဟာကျုပ် ဘယ်ချိန်သွားသွားပေါ့ နေပါအုံး တော်လေးက မမေးစဖူး အထူးတဆန်းလုပ်လို့၊ ဘာတွေဖြစ်နေလို့လဲ”
“ဟိုလေ အလုပ်သွားရင် သားကပို့ပေးရမလာလို့”
“အလိုတော်….ဟဲ့ မိမှုန် မိမှုန်…..”
“ရှင် မေမေကြီး”
“ဒီနေ့ ဘာနေ့တုံး”
“အင်း….ဒီနေ့ကလေ…အင်း ကိုလေး မနေ့ကဘာနေ့တုံး”
“ဒေါက်…….
“အ…”
“နင့်ကိုမေးတာ နင်ကပြန်မေးနေတယ် သွား ပြက္ခဒိန်သွားကြည့် ရက်ရာဇာ လားလို့”
“ဘာလုပ်မလို့လဲ မေမေကြီး၊ ကိုလေးကို မိန်းမပေးစားမလို့လာ”
“တယ် ရှည်ပြန်ပြီး သွားကြည့်ဆိုသွားကြည့်စမ်း”
ဘုဆတ်ဆတ်ဖြင့် မိမှုန်ထွက်သွားတော့သည်။ မိမှုန်သည် အိမ်တွင်ခေါ်ထားသော မေမေဆွေမျိုးမှ အကူကောင်မလေး ဖြစ်သည်။

“မေမေကလဲ လိုက်မလား မလိုက်ဘူးလား လို့မေးတာကို ပြက္ခဒိန်တွေကြည့်နေသေးတယ်”
“ထူးဆန်းလို့ဟေ့….ထူးဆန်းလို့…အမေလုပ်သူကို ဒီလိုတစ်ခါမှ မမေးဖူးဘူး ပြီးတော့လဲ၊ လိုက်ပို့ခိုင်းရင်လေ ကျားမှီဆွဲရသလို ဘယ်တော့မှ လိုက်ရောပေးတာမဟုတ်ဘူး ဒီနေ့မှ အထူးတဆန်းလုပ်လို့၊ ပြောစမ်း ဘာမကောင်းတာတွေ ကြံစည်းထားလဲ”
“ဟာ မေမေကလဲ ဘာမှဟုတ်တော့ဘူး သွားတော့မယ်၊ သားကလိမ္မာလာတော့လဲ လက်မခံချင်ဘူး”
“အမလေးတော် …သာဓုပါတော် သာဓုပါတော်..နှစ်ခါပဲခေါ်အုံးမယ် မြန်မြန်လဲ ကြွတော်မူပါ၊ ကျနော်မျိုးမကြီး ကိုယ့်ပါသာ ကိုသွားပါမယ်တဲ့”
“ပြီးရော”
“မေမေကြီး…ဒီနေ့ပြသဒါးတော့”
“အေး နင့်ကို လေလံပစ်မလို့ဟေ”
ဘုမသိ ဘမသိ မိမှုန်ကတော့ ခံလိုက်ရပါတော့သည်။

စမ်း​ရေကြည်​​ပေါက်​Where stories live. Discover now