အပိုင်း - ၎

2K 201 0
                                    

စမ်းရေကြည်ပေါက်
..... အပိုင်း - ၄ .....

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

သားကြီး မင်္ဂလာဆောင်သည့် မနက်အစောကြီး အိမ်ဘေးမှ ဖုန်းခေါ်သည်ဟုပြော၍ လှလှဖုန်းရှိသည့် အိမ်သို့ ထွက်လာခဲ့သည်။ မနက်အစောကြီး မည်သူကခေါ်သည်ကိုတော့ လှလှမစဉ်းစားတတ်ခဲ့ပါ

“ဟယ်လို”
“ဟယ်လို ကြီးမေလာ”
“ဟင် သားမိုးယံထက်”
“ကြီးမေ ခုချိန်ထိ ရွှေဘိုမှာပဲလာ ဘာဖြစ်လို့မလာတာလဲ”
“ဘယ်လို”
“ဟုတ်တယ်လေ ကြီးမေကလဲ သားမင်္ဂလာဆောင်ကို အုပ်ထိမ်းသူ ကြီးမေ မလာဘူးလာ၊ သားကိုစိတ်မကောင်းအောင်မလုပ်ပါနဲ့လာ၊ သားမင်္ဂလာဆောင်တော့ ကြီးမေလာသင့်တာပေါ့”
“ဟင်”
“မေမေလာခေါ်သေးတယ်ဆို”
“မေမေ…..”
“ချိုချိုမေမေလေ၊ တစ်ပတ်ကြိုတင်လာခေါ်တာတဲ့ ကြီးမေ ကရွာပြန်နေလို့ မတွေ့ခဲ့ဘူးပြောတယ်၊ ပြီးတော့ ဖိတ်စာမှာ ဘာဖြစ်လို့ ကြီးမေနာမည် မထည့်တာလဲ၊ ကြီးမေကို သားကမိဘနေရာမှာပဲ ထားတာပါ၊ ကြီးမေဘာဖြစ်ဖြစ်ပေါ့ သားက ကြီးမေသားပါပဲ ကြီးမေရယ်”
“အို”
“ပြီးတော့ သားရေးလိုက်တဲ့ ဖိတ်စာအကြမ်းကို ကြီးမေက ပြန်ပြင်လိုက်တာဆို၊ ညီလေးနာမည်လဲ မပါဘူး၊ ညီလေးကော မန်းကိုလာမှာလာ၊ သားသိပ်အားငယ်တာပဲ ခုလို နှစ်ဘက်မိဘတွေဆုံတဲ့ရက်မှာ သားကို ကြီးမေစိမ်းကားတာပဲ၊ သားစိတ်မကောင်းဘူး”
“အို……..”
ဘာအဆက် ဆက်မှမရှိပဲ သားကြီးက သူပြောချင်ရာတွေ ဇွတ်ပြောနေတော့သည်။

“ခုတော့ သားက မိဘမရှိတဲ့တကောင်ကြွက်လိုပဲ ကြီးမေတကယ်စိမ်းကားတယ်ဗျာ၊ သားကိုပြောပါတော့လာ၊ သဘောမတူရင်လဲ၊ သားကြိုစားပြီးညှိနှိုင်းမှာပေါ့၊ ခုတော့ ကြီးမေကသားကို ကပ်ပြီးမှဖြုတ်လိုက်တယ်၊ ကြီးမေရယ် သားတောင်းပန်ပါတယ် ကြီးမေကို သားစိတ်ညစ်အောင်လုပ်ခဲ့ရင်လေ”
“အို…မဟုတ်ဘူး…မဟုတ်ဘူး…သားကကြီးမေကို ဘာမှမလုပ်ခဲ့ပါဘူးသားရယ်၊ သားကြီး…ရယ်…ကြီးမေထင်တာကလေ…..”
“မောင်မိုးယံ လာတော့လေ မင်္ဂလာကားက လာပြီးကွယ့် ဖုန်းနောက်မှပြောတော့ လာလာ အချိန်မရတော့ဘူး နောက်ကျနေပြီးကွယ်ံ”
တစ်ဘက်မှ အတင်းဆွဲခေါ်သွားသံကို လှလှကြားလိုက်သည်။ လှလှ ဖုန်းကိုကိုင်ကာ ကြောင်ပြီးရပ်နေမိတော့သည်။ အို…………………………….

စမ်း​ရေကြည်​​ပေါက်​Where stories live. Discover now