အပိုင်း - ၁၃

2K 173 0
                                    

စမ်းရေကြည်ပေါက်
.... အပိုင်း - ၁၃ .....

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

ဝသုန်စိတ်ညစ်စွာ အိမ်အောက်ရှိခြံလေးထဲက ကွပ်ပစ်လေးတွင်ထိုင်နေသည်။ ထိုအချိန် ၀သုန်အနားသို့ မမချိုရောက်လာသည်။ ကိုကိုကတော့ ကြီးမေကို ဆေးစစ်မှု့များပြုလုပ်ပေးနေသည်။ လေးပိုင်နှင့်လေးခိုင်ကတော့ မောပန်းစွာအိမ်မှပြန်သွားတော့သည်။ ညအချိန်ခါက ၉နာရီကျော်နေပြီးဖြစ်သည်။
“မောင်လေး”
“အော်မမချိုလာလေ”
ဝသုန်ဘေးတွင် မမချိုဝင်ထိုင်လိုက်သည်။
“ဒီနေ့မမချိုတို့ဆေးခန်းမထိုင်ဖြစ်ကြဘူးပေါ့”
“အော်ဟုတ်သား မောင်လေးပြောမှသတိရတယ်၊ တစ်ရက်တစ်လေပေါ့လေ၊ မနက်ကျရင်တော့ ဆေးခန်းသွားမယ်လေ၊ ညကျရင်တော့ အိမ်ပြန်လာမယ်”
“ဒီအိမ်ကိုလား”
“ဟုတ်တယ်မောင်လေး”
“အော်”
“ဘာဖြစ်လို့လဲ မမတို့လာတာမကြိုက်လို့လား”
“မဟုတ်ပါဘူး မမချိုရယ် ခုလိုလေးနေကြတော့လေ၊ ကျနော်ရင်ထဲမှာကြည်နူးနေတာပါ၊ တကယ်ဆိုကျနော်တို့ကြီးမေကလေ တစ်ယောက်တည်းခြောက်သွေ့စွာနေထိုင်နေရတာပါ၊ သူမှာလဲကျနော်တို့ကြောင့် အပျော်ကမ္ဘာထဲက ပျောက်နေရှာတာ”
“မမလဲ ကြီးမေကိုသနားတယ်၊ မမတို့မိသားစုကြောင့် ကြီးမေကိုအပယ်ခံဘ၀အဖြစ်​ကို ပေးထားကြတယ်လို့မမစိတ်ထဲမှာ တကယ်ဝမ်းနည်းမိတယ်”
“…..”
“မမလေ ကြီးမေကိုအရင်လိုပစ်မထားတော့ဘူး ကြီးမေကိုတသက်လုံးစောင့်ရှောက်သွားမယ်”
“ကျေးဇူးတင်ပါတယ်မမချို”
“မောင်လေး”
“ဗျာ”
“မောင်လေးကိုတစ်ခုမေးလို့ရလား”
“ဟုတ်…မင်းခအကြောင်းလား”
“အင်းဆိုပါတော့”
“ကျနော်တို့က သန့်သန့်လေးပဲနေခဲ့ကြတာပါ၊ ကျနော်သူ့ကိုငါးစားအဖြစ်​အသုံးပြုခဲ့ပေမယ့် သူ့ဘ၀ကိုတော့ ဖျက်စီးလောက်သည့်အထိ မရည်ရွယ်ပါဘူး၊ ဒါကြောင့်လဲ ကျနော်သူ့ကို မှဲ့တစ်ပေါက်မစွန်းအထင်မခံပဲ သူနဲ့ပက်သက်ခဲ့တာပါ၊ ကျနော်ဝန်ခံပါတယ် ကျနော်နဲ့မင်းခကြားမှာ ဘာမှမရှိပါဘူး၊ မင်းခကတော့ ကျနော်ကိုသံယောဇဉ်ပိုတွယ်တာလာခဲ့တာကတော့ ကျနော်လုပ်ယူထားတာပါ၊ တမင်လုပ်ဇာတ်လေးတွေ ပြုလုပ်ထားတာပါ”
“မမမေးမှာက မောင်လေးက မင်းခကိုခုလိုလုပ်လိုက်တာ မမရဲ့မောင်လေး သိလားလို့”
“သူမသိသေးဘူး၊ သူသိအောင်တော့ ကျနော်ကိုယ်တိုင်ပဲပြောမှာပါ၊ တခြားလူကနေတဆင့် သိရရင်တော့ သူလက်ခံမှာမဟုတ်လောက်ဘူးလေ၊ ဒါကြောင့်ကျနော်ကိုယ်တိုင် သူနဲ့ဖြေရှင်းမှာပါ”
“နေ့လည်က ကိုမိုးထွက်သွားတော့ မောင်လေးမင်းခလဲဖုန်းဆက်တယ်”
“ဗျာ”
“ဟုတ်တယ် မမကိုအားလုံးရင်ဖွင့်သွားတယ်၊ မေမေကိုလည်းကြည့်ထိန်းပေးပါတဲ့လေ၊ မမမှာတော့ ခေါင်းတွေရှုပ်ကုန်တော့တာပေါ့၊ မမမောင်လေး အကြောင်းမမသိတာပေါ့ သူကတော့မဟုတ်ပဲ ဘာမှပြောတာမဟုတ်ဘူးလေ၊ သူ့စိတ်ထဲမှာမောင်လေး ၀သုန်ကိုတော်တော်စွဲလမ်းနေတယ်”
“ဒါတွေက ကျနော်အမှားတွေပါ၊ တကယ်တော့ ကျနော်က နုနယ်သေးတဲ့ မင်းခရဲ့အသဲတံခါးကိုမှ သွားစောင့်ပြီးဖွင့်ခဲ့တာကိုး၊ သူအတွက်တော့ ကျနော်စိတ်မကောင်းဘူး၊ မမလဲကျနော်ကို စိတ်ဆိုးသင့်ပါတယ်”
“မမကတော့ လူကြီးတစ်ယောက်အနေနဲ့ပဲပြောချင်တာပေါ့၊ မောင်လေးတို့နှစ်ယောက်လုံးက မမရဲ့မောင်လေးတွေပါပဲ၊ မမ ၀သုန်ကိုတော့တစ်ခုမှာချင်တယ်၊ မောင်လေးမင်းခကိုလေ တက်နိုင်သလောက် ဖေးမပေးပါကွယ်၊ သူကအချစ်ဆိုတဲ့အကြောင်းကို အရူးမူးဖြစ်နေပြီး”
ဝသုန်ခေါင်းငိုက်စိုက်သွားပါတော့သည်။
မိမိပြုသည့်အမှု့မိမိဆီ တန်းတန်းကြီးပြန်ရောက်လာပါတော့မည်။ မိမိမည်သို့လုပ်ကိုင်ရမည်နည်း၊ မင်းခကိုသူမမုန်းပါ၊ ထိုကြောင့်မင်းခ ခံစားရမည့်အကြောင်းများလဲ သူမလိုလားပါ၊ ထိုအတွက်ကြောင့် သူအကောင်းဆုံးလုပ်ဆောင်ရတော့မည်ဟုသာ တွက်ထားလိုက်ပါတော့သည်။

စမ်း​ရေကြည်​​ပေါက်​Where stories live. Discover now