✨제 4 장✨

8.5K 1.2K 120
                                    

🌟MY SPECIAL MAN(나의 특별한 남자)🌟
제 4 장
ChanBaek BaekYeol
Yaoi

Zawgyi

Byun BaekHyun's pov :


ကလေးငယ်၏ မိခင်ဖြစ်သူအမျိုးသမီးမှာ အခြားကလေးအမေအဒေါ်ကြီးများလို ခပ်ဝဝခန္ဓာကိုယ်မရှိ။
သူမ၏ ခန္ဓာကိုယ်ပိန်ပိန်ဟာ ChanYeol ၏ တွန်းထုတ်မှုအားကို ခံနိုင်ရည်ရှိပုံမရ။
အနောက်သို့ ယိုင်ကျသွားသည်မှာ အနီးအနားက ထိုင်ခုံတစ်ခုံကို အမှီပြုလိုက်လို့သာ သူမ ပုံပျက်ပန်းပျက် လဲကျမသွားတာ ဖြစ်သည်။

ဆိုင်ထဲရှိနေသည့် စားသုံးသူအားလုံးဟာလည်း ပွဲကြည့်နေရသလို စိတ်ပါဝင်စားစွာ ကြည့်နေ၏။
အမျိုးသမီးက သူမကို တွန်းထုတ်လိုက်သော ChanYeol ကို ဒေါသမျက်လုံးများဖြင့် စူးတောက်နေအောင် ကြည့်၍ တစ်ခုခုပြန်ပြောမည် ပြင်လိုက်ပေမယ့်

"လူလား မျောက်လားမသဲကွဲတဲ့ ခင်ဗျားကလေးက စောက်ကမြင်းကြောထလို့ ဖြစ်တာ ဘယ်သူ့ကိုလာပြီး အပြစ်တင်နေတာလဲ.."

ChanYeol က ကလေးအမေ အမျိုးသမီး သူ့ကို ဘာမှမပြောနိုင်သေးခင်မှာပင် ဦးအောင်ပြောဆိုသည်။

ခုနလေးတင်က မြေကြီးထဲ တိုးဝင်သွားတာပဲဖြစ်ဖြစ်၊ အငွေ့ပျံပျောက်ကွယ်သွားတာပဲဖြစ်ဖြစ် ဒီဆိုင်ထဲက ထွက်ပြေးသွားဖို့ စဉ်းစားမိခဲ့ပေမယ့် အခုတော့ ချက်ချင်းကို လဲသေပစ်လိုက်ချင်သွား၏။

"ဒါ.. ဒါ ဘယ်က မိမဆုံးမဖမဆုံးမ ကလေးလဲ? အံ့သြပါရဲ့တော်! အံ့သြပါရဲ့.. ဒီလိုအဆင့်အတန်းမရှိတဲ့ဟာမျိုး တစ်ခါမှ မတွေ့ဖူးဘူး"

ChanYeol ကို သုံးနှုန်းလိုက်တဲ့ အသုံးအနှုန်းများက ရင့်သီးလှသည်မို့ ကျွန်တော် စိတ်တိုသွားရကာ လက်သီးပင်ဆုပ်လိုက်မိသည်။
တစ်ခုခု ပြန်ပြောပစ်လိုက်ချင်ပေမယ့် ဆိုင်ပိုင်ရှင်အစ်ကို YeSung ၏ မျက်နှာကို ထောက်ရသေးသည်မို့ ကြိတ်မှိတ်သည်းခံ၏။

ကြိတ်မှိတ်သည်းမခံနိုင်တာကတော့ ChanYeol။

"လူလို မသိတတ်တဲ့ ခပ်တုံးတုံး မိန်းမကများ ငါ့ကို အဆင့်အတန်းမရှိဘူးတဲ့။ ဟက်!"

🌟MY SPECIAL MAN{나의 특별한 남자}🌟 Место, где живут истории. Откройте их для себя