✨제 8 장✨

9.5K 1K 73
                                    

🌟MY SPECIAL MAN{나의 특별한 남자}🌟
제 8 장
ChanBaek BaekYeol
Yaoi

Zawgyi

Byun BaekHyun's pov :

-- လမ်းကလေး၏ တစ်ဖက်တစ်ချက်စီတွင် အမျိုးအစားစုံလင်သော သစ်ပင်များ စီတန်းပေါက်ရောက်နေပြီး လမ်းတလျှောက်လုံး ရော်ရွက်ဝါများနှင့် မျက်စိပဒေသာဖြစ်လှသည်။

ထိုလမ်းကလေးပေါ် သူမနှင့် ယှဉ်တွဲလျှောက်လှမ်းနေရသည်မို့ JiYong စိတ်ထဲ တိမ်စိုင်များပေါ် လျှောက်လှမ်းနေရသကဲ့သို့ပင် ပေါ့ပါးမြူးထူးလျက်။

နေသူရိန်ကလည်း သူမတစ်ဦးတည်းပေါ်တွင်သာ ရောင်ခြည်လင်းတန်းများ ဖြာကျနေသလား။
JiYong စိတ်ထဲ ဘေးပတ်ဝန်းကျင်ရှိ လူများအားလုံး ပျောက်ကွယ်ကာ သူမသာလျှင် လင်းလက်တောက်ပနေသည်။

ရောက်ရှိနေသော နေရာဒေသဟာ ရိုမန့်တစ်ဖြစ်ကာ လှပနေသည့်ပြင် သူတို့နှစ်ဦး၏ အနေအထားသည်လည်း အချစ်တစ်ခုကို ဖွင့်ဟဝန်ခံဖို့အတွက် အလွန်သင့်တော်သော အနေအထားပင်ဖြစ်၏။ ထို့အပြင် ရာသီဥတုသည်လည်း ကြည်လင်သာယာနေသည်မို့ အခြေအနေအရပ်ရပ်က JiYong ကို အားပေးနေသလိုပင်..။

သူမကို သူ့ရင်ထဲ အချိန်အတော်ကြာအောင် သိမ်းဆည်းထားခဲ့သော အချစ်များကို ဖွင့်ဟပြောပြတော့မည်။ --

*Byun BaekHyun.. ကျွန်တော် ခင်ဗျားကို ချစ်တယ်*

"အာ.. Byun BaekHyun! ရူးနေလား?"

စိတ်ကို မနည်းစုစည်း၍ notebook လေးကိုဖွင့်ကာ ရေးလက်စဇာတ်လမ်းလေးအား ဆက်ရေးမည်ပြင်ပါသော်လည်း ဘယ်လောက်မှဖြင့် မရေးရသေး.. ChanYeol အသံက လာနှောင့်ယှက်သည်။

စားပွဲပေါ် ခေါင်းကို မှောက်ချကာ စိတ်ပျက်လက်ပျက် အော်ပစ်လိုက်၏။
ထို့နောက် ကိုယ့်ပါးကိုယ် တစ်ဖက်ကိုတစ်ချက်စီ ခပ်ဆတ်ဆတ်လေး ရိုက်ပစ်ကာ ခေါင်းကို ခါရမ်းပစ်ရသေးသည်.. ဦးနှောက်ထဲ ခဏခဏ ဝင်,ဝင်လာသော စကားသံများ ပျောက်လိုပျောက်ငြား။

ChanYeol ဖွင့်ပြောလာသည့်နေ့ကစလို့ သူနှင့်မျက်နှာချင်းမဆိုင်ဖြစ်တာ ဒီနေ့နှင့်ဆို တစ်ရက်ကျော်ပြီ။
ရည်းစားစကားအပြောခံလိုက်ရတာကြောင့် ရှက်လို့တော့မဟုတ်။
ရှက်ရအောင်လည်း ကျွန်တော်က အပျိုဖြန်းလေးမှ မဟုတ်ပဲရယ်..။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now