✨Bonus Chapter✨

11.6K 1.1K 97
                                    

🌟MY SPECIAL MAN(나의 특별한 남자)🌟
Bonus Chapter
ChanBaek BaekYeol
Yaoi

Zawgyi


*dii... dii... dii*

"အာ.. tsk!"

ညခုနစ်နာရီ tvn လိုင်းက ထုတ်လွှင့်ပြသနေသော ဒရာမာတစ်ကားကို BaekHyun နစ်နစ်မြောမြော ထိုင်ကြည့်နေစဉ်မှာ ရှေ့က စားပွဲပေါ်တွင် တစ်ချိန်လုံး တုန်ခါနေသော ChanYeol ဖုန်းကြောင့် အာရုံပျက်လာသဖြင့် စိတ်ပျက်ပျက်နှင့် စုပ်သပ်မိသည်။

ဘယ်သူမို့ ChanYeol ဖုန်းကို ဆက်တိုက်ခေါ်နေသလဲမသိ...။
အီစီကလီကောင်မလေးတွေများလား?

ရုတ်တရက် ခေါင်းထဲ ဝင်လာသော အတွေးကြောင့် ကြည့်လက်စ ဇာတ်ကားထဲ အာရုံမရောက်တော့ပဲ ChanYeol ဖုန်းကို ကောက်ကိုင်လိုက်သည်။

ကိုယ်တော်လေးက ခုနကမှ ရေချိုးခန်းထဲ ဝင်သွားတာမို့ ထွက်လာဦးမှာမဟုတ်သေး...။

ဖုန်း screen ပေါ်တွင် contact မှတ်ထားခြင်းမရှိသော ဖုန်းနံပါတ်တစ်ခုမှ ငါးခါလောက် ဆက်တိုက်ခေါ်ဆိုထားပြီး message အချို့လည်း ဝင်နေသေးသည်။

BaekHyun လည်း စပ်စပ်စုစုနှင့်ပင် lock ချထားလေ့မရှိသည့် ChanYeol ဖုန်းကို ဝင်ကြည့်တော့၏။

ခုနလေးက ခေါ်ဆိုထားသော ဖုန်းနံပါတ်၏ miss call သည် ငါးခါမကပေ..။
ဘယ်နေ့ကတည်းက ခေါ်ဆိုနေခဲ့သည်မသိသော်ငြား ChanYeol သည် တစ်ခါမှ ဖုန်းကိုင်ထားခြင်းမရှိ။

သစ္စာရှိသော ချစ်သူလေး ChanYeol ကြောင့် BaekHyun အကျေနပ်ကြီး ကျေနပ်သွားသော်ငြား ထိုဖုန်းနံပါတ်ပိုင်ရှင် ဘယ်သူလဲ သိချင်သည်။

message များလည်း ပို့ထားသည်မို့ ဝင်ဖတ်ကြည့်သောအခါမှပင် ဖုန်းနံပါတ်ပိုင်ရှင် မည်သူဖြစ်သည်ကို ခန့်မှန်းမိသွား၏။

ChanYeol ကို 'မောင်' ချင်း ထပ်နေအောင် ခေါ်ဆိုမည့်သူမှာ HyeJung ကလွဲလျှင် အခြားသူမရှိလောက်။

သူ HyeJung နဲ့ ခုချိန်ထိ လမ်းမခွဲရသေးဘူးလား??

BaekHyun အနည်းငယ် စိတ်တိုသွားသည်။
ChanYeol သည် သူ့ကြောင့် HyeJung ကို မချစ်ပဲ တွဲခဲ့ပြီး သူ ChanYeol ကို ပြန်ကြိုက်သည်နှင့် HyeJung ကို အဆက်အသွယ်မလုပ်ပဲ ပစ်ထားလိုက်သည် မဟုတ်လား...

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now