✨제 14 장✨

11.6K 1K 205
                                    

🌟MY SPECIAL MAN(나의 특별한 남자)🌟
제 14 장
Final Chapter
ChanBaek BaekYeol
Yaoi

Zawgyi

[Warning : This chapter contains age-limited content.]

"ကျွန်တော် ခင်ဗျားကို လုပ်ချင်တယ်.."

"ဘာ?"

ပြောလိုက်သည်မှာ တနင့်တပိုး။
BaekHyun ခုနက အနမ်းရှိန်ကြောင့် တက်ပြီးသား feel လေးတွေ ဘယ်ဆီလွင့်ပျောက်သွားလဲမသိ...

ခုမှ ချစ်ကြောင်း ဖွင့်ပြောပြီး ချစ်သူဖြစ်စရှိသေးသည်ကို having sex အဆင့်ထိ တက်ဖို့ စောလွန်းသည်ဟု BaekHyun ထင်မြင်မိသော်လည်း...

ခုနက အနမ်းရှိန်ဖြင့်သာ ChanYeol အလိုက်သင့်လေး ဆွဲခေါ်သွားလျှင် သူ ငြင်းဆန်မိမည်မထင်။
ခုတော့ ...

သူက အဲ့လိုကြီး ပြောချပစ်လိုက်တော့ BaekHyun က "အေး... လုပ်လေ" ဟု ပြန်ပြောရမှာလား။

ရှိနေပြီးသား feel လေးတွေ ငုပ်သွားအောင် လုပ်ပစ်လိုက်သော Park ChanYeol ပါပဲ။

"ခုအခြေအနေက လုပ်ဖို့ သင့်တော်နေပြီလေ.. ဟုတ်တယ်မလား"

"ဒါပေမယ့်..."

BaekHyun က 'ဒါပေမယ့်'ပဲ ပြောရသေးသော်ငြား Park ChanYeol တို့ စိတ်အလိုမကျသည့် အရိပ်အယောင်ဖြင့် မျက်ခုံးများတွန့်ချိုးနေပြီ။

BaekHyun လည်း တက်နေသည့် အရှိန်လေးတွေ ပျောက်သွားပြီမို့ ထိုကိစ္စကို ခွင့်မပြုချင်တော့။

"ငါတို့ခုမှ ရည်းစားတွေ ဖြစ်သွားတာလေ.. အဲ့ဒါလုပ်ဖို့က အရမ်းစောလွန်းနေတယ်"

"ဟာ! BaekHyun.. ခင်ဗျား BL manga တွေ မဖတ်ဖူးဘူးလား?? အဲ့မှာဆို နှစ်ယောက် ကြိုက်သွားပြီဆိုတာနဲ့ လုပ်တော့တာပဲ"

ChanYeol ပြောလိုက်သည့် စကားကြောင့် BaekHyun ဆွံ့အသွားကာ ရယ်ရမလား ငိုရမလားမသိတော့။
အဲ့ဒီ manga တွေ ရေးတဲ့ author များကိုသာ အပြစ်တင်ရမလို။

"အဲ့ဒါက... မဟုတ်သေးပါဘူး ChanYeol ရာ"

"hyung~"

စတွေ့ကတည်းကနေ ခင်မင်ရင်းနှီးလာသည့်တလျှောက်လုံး၌ ပထမဆုံးအနေနဲ့ hyung ဟု ခေါ်လိုက်သည်မို့ BaekHyun အံ့သြမှုကြောင့် မျက်ခုံးလေးတွေ ပင့်တက်သွားခဲ့သည်။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now