✨제 11 장✨

8.2K 1K 74
                                    

🌟MY SPECIAL MAN(나의 특별한 남자)🌟
제 11 장
ChanBaek BaekYeol
Yaoi

Zawgyi

Byun BaekHyun's pov :

ကုတင်ပေါ်၌ ဟိုဘက်လှိမ့်၊ ဒီဘက်လှိမ့်လုပ်နေရာကနေ မှောက်လျက်နေလိုက်ပြီး မေးစေ့ကို လက်နှင့်ထောက်ကာ စားပွဲပေါ်က နာရီကို လှမ်းကြည့်လိုက်သည်။

နေ့လည်နှစ်နာရီခွဲ...

တရွေ့ရွေ့သွားနေသည့် စက္ကန့်လက်တံလေးကို ကြည့်ရင်း အားမလိုအားမရဖြစ်နေမိတာလည်း အကြိမ်ကြိမ်။

ဘာလို့ ဒီလောက် အချိန်ကုန်တာ နှေးကွေးနေတာလဲ??
နာရီလက်တံတွေကလည်း ရွေ့တာ နှေးလိုက်တာ..

မွေ့ယာပေါ် ဟိုဘက်သည်ဘက် လှိမ့်နေရင်း နှုတ်ကနေ စိတ်ညစ်ညစ်နဲ့ လျှောက်အော်နေမိသည်။

Park ChanYeol.. 😤
ကျွန်တော့်ရဲ့အေးချမ်းလှတဲ့ ဘဝလေးကို မွှေချင်သလို မွှေနေတဲ့ လဒလေး! 😬

သူ့ကို သဘောကျနေမိသည်မှန်း ကိုယ့်ကိုကိုယ် သတိထားမိသည့်အချိန်မှပဲ ကနေဒါကို ပြန်ထွက်သွားပြန်သည်။
လူကို အမျိုးမျိုး ပြုစားနေသလိုပင်..

တစ်ယောက်တည်းအသားကျနေသည့် ဘဝထဲကို ဘာမပြောညာမပြောနဲ့ ဝင်ရောက်လာ၊ ညီအရင်းလေးလို သံယောဇဉ်တွယ်မိပြီးတော့မှ ပြန်ထွက်သွား...
ငယ်ငယ်ကနှင့် တစ်စက်မှ မတူတော့သည့် ပုံစံမျိုးဖြင့် ပြန်ရောက်လာ၊ သူ့ကို သဘောကျလာအောင် လုပ်ပြီးတော့မှ ပြန်ထွက်သွားပြန်ပြီ။

တစ်ပတ်နှစ်ပတ်လောက်သာ ကြာမည်ဟု ပြောသွားခဲ့သော်လည်း ကျွန်တော့်အတွက် တစ်ရက်တစ်ရက်က အချိန်ကုန်တာ သိပ်ကိုနှေးလွန်းလှသည်။

Park ChanYeol ဟာ ကျွန်တော့်ဘဝထဲ မွှေချင်သလို မွှေနေတော့တာ..။
အရင်က တစ်ယောက်တည်း အေးအေးဆေးဆေး အချိန်ကုန်ခဲ့သမျှ ခုတော့ စာလည်းမရေးနိုင်၊ ဘာမှလည်းမလုပ်ချင် ဘယ်မှလည်း မသွားချင်ဖြစ်နေကာ ပျင်းရိငြီးငွေ့နေ၏။

ခေါင်းအုံးကို ခေါင်းအောက်က ဆွဲထုတ်ကာ မျက်နှာပေါ် အုပ်ထားမိသည်။
မျက်ရည်မထွက်ပေမယ့် ငိုချင်သလိုကြီး..

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now