Ep-9(Z+U)

1.6K 146 0
                                    

Zawgyi
Kyung Sooတစ်​​ယောက်​ ​ကျောင်းကိုအ​စော​ရောက်​ကာ တစ်​​ယောက်​တည်း ​ငေါင်​စင်းစင်းဖြစ်​​နေမိသည်

Park Chan Yeolဆိုတာက သူ့အတွက်​ အတန်းထဲမှ ပထမဆုံး​သော သူငယ်​ချင်းလို့​ပြောရမယ်

သူက ဇီဇာ​ကြောင်​တဲ့အကျင့်​​ကြောင့်​ ဘယ်​သူ့မှအ​ပေါင်းအသင်းမလုပ်​ဖြစ်​ပါ.....

ဒါ​ပေမယ့်​ သူအခုအရင်​ကနဲ့မတူ​တော့ သူသံ​ယောဇဉ်​ထားတတ်​ပြီ
ခင်​တတ်​မင်​တတ်​​နေပြီ တစ်​​ယောက်​တည်း ​နေ​နေရတာမျိုး သ​ဘောမကျ​တော့ဘူး အဲ့တာ
တစ်​စုံတစ်​​ယောက်​ပြုလုပ်​​ပေးတဲ့အကျင့်​​တွေ​ကြောင့်

သူအဲ့​နေ့ က ​ပြောတာများလွန်​သွားလား​တွေးမိသည်
အဲ့က​စ​နောက်​​နေ့​တွေ မှာ Chan Yeol,
သူ့ကို အမှန်​တကယ်​ကို​မ​တွေ့​အောင်​ ​ရှောင်​သည်​ အရမ်းသိသိသာသာပင်​ဖြစ်​သည်

အခု သူစိတ်​အ​ခြေအ​နေက ဘယ်​လိုဖြစ်​​နေတာ မခန့်​မှန်းတတ်

ပြောရရင်​ အဲ့​နေ့က ဘယ်​အ​ဖြေကမှ သူ့ကိုစိတ်​​ပြေ​စေမှာမဟုတ်

ပြောရရင်​ သူ့အားအမှန်​တကယ်​ချစ်​ပါသည်​​ပြောလာလျင်​ ​ယောကျာ်းတစ်​​ယောက်​ရဲ့ ဖွင့်​​ပြောချင်းကို ​ယောကျာ်းတန်​မဲ့ ခံရသည်​ဆိုပြီး
ဒေါသထွက်​မိမည်

စ​နောက်ပြီး​ပြောမိလို့​တောင်းပန်​ပါတယ်​ အမှန်​တကယ်​ မဟုတ်​ပါဘူးဆိုလျင်​ သူဝမ်းနည်းမိမည်
ဟာဘာလဲကွာ ပြန်​​တွေးမိ​တော့ ဘာမှအဓိပ္ပါယ်​မရှိ

အမှန်​က ရုတ်​တရက်​မို့ ရှက်​သွားတာ
(.=_=)

ဒါ​ပေမယ့်​ ရှက်​သွားတာဖြစ်​​ကြောင်းဝန်​မခံချင်
ဒီအတိုင်းး....သူ့ဟာသူသိသွား​စေချင်​သည်

နောက်​ထပ်​တစ်​​ခေါက်​ သူဖွင့်​​ပြောလာမယ်​ဆို
ကျ​နော်​လည်း ကျ​နော်​ခံစားချက်​အမှန်​အတိုင်းဝန်​ခံကာ သူနဲ့ relationship တစ်​ခုတည်​​ဆောက်​မည်

စိတ်​ကူးနဲ့ပင်​​ပျော်​ရပါသည်​ ကျ​နော်​နဲ့ Chanyeolနဲ့က စရိုက်​လုံးဝမတူ

Infinity[Completed](Z+U)Where stories live. Discover now