Ep-27(Z+U)

1.2K 104 2
                                    

Zawgyi
ChanYeol တစ်ယောက် Kyung Sooနဲ့ ချိန်းထားသောကြောင့် ကျောင်းကလူများနဲ့ အတူ တည်းခိုသော ကျောင်းဆောင်မှ
တစ်ယောက်ထဲ အစောကြီး ထွက်လာခဲ့ သည်

လမ်းတွေလည်း မသိသောကြောင့် Mapsကြည့်ပြီး လာရ တာတောင် ခက်ခဲ  လိုက်တာလို့မတွေးမိလူကတက်ကြွနေသည် ချစ်သူနဲ့တွေ့ရမှာကိုး
နေရာလေးက သိပ်ကိုလှပသည်

လမ်းကြားလေးမှာတောင် ထိုင်များထိုင်ရန် ချထားပေးသည် နည်းနည်းတော့ စိမ့်နေ
သည် ကိုရီးယားမှာလိုဘဲ အမိမြေလည်း လွမ်းသည် ချစ်သူနဲ့အတူ သွားစားခဲ့တဲ့
ကင်ချီကျီခယ် လေး သောက်ချင်လိုက်တာ

စိတ်စောပြီး ထွက်လာမိတာ နံနက်စာတောင်စားမလာရဘူး ဗိုက်ဆာလိုက်တာ
မြန်မြန်လာပါတော့ Kyung Soo Ya....
.
.
.
A few Minutes Later..
လှုပ်တုတ် လှုတ်တုတ်နဲ့လာနေတဲ့
ကောင်လေးတစ်ယောက် အဝေးကနေ
မြင်ရတာတောင် Chan Yeolရင်ကို
ခုန်အောင် လုပ်နိုင်စွမ်းပါသည်

အချစ်က ပြုစားနိုင်စွမ်းသည် သူ့ကို
ဘယ်ကဘယ်လို ချစ်မိသွားမှန်း ကိုယ့်
ကိုလည်း မသိတော့ပါ

သူက ကိုယ့်အတွက် မရှိမဖြစ်လိုအပ်ချက်
မှန်း နားလည်မိမှ ချစ်မိမှန်း သတိထားမိခဲ့
သည်

******************
"စောင့်ရတာကြာနေပြီလား"

"မဟုတ်ပါဘူး"

"အိမ်နဲ့ ကျောင်းက နည်းနည်းလှမ်းလို့ ကားစီးရလို့ပါ ဒါတောင်အိမ်ကအစောကြီးထွက်လာတာ သိလား"

"အွန်း"

"Yeol! ဘာဖြစ်နေတာလဲ ဒီမှာနေရတာ အသားမကျသေးတော့ နေမကောင်းလို့လား
ဘာဖြစ်နေတာလဲ စိတ်နဲ့လူ မကပ်သလိုနဲ့ "

"မဟုတ်ရပါဘူး Kyung လေးရယ်
ကိုယ်က မင်းအသံလေးနားထောင်ရင်းနဲ့ ပြောရမဲ့ စကားတွေပျောက်ပျောက်သွားလို့ပါ ဦးနှောက်က အလုပ်မလုပ်တော့ဘူး"

Kyung Soo တစ်ယောက် Yeolစနေမှန်းသိတော့ အနည်းငယ် ပြုံးမိသွားသည်
စကားတတ်လိုက်တာ

ရုတ်တရက် အတွေးတစ်ခုဝင်လာတော့ မျက်နှာက အနည်းငယ်တည်သွားပြန်သည်

"Kyung Soo ဘာဖြစ်သွားတာလဲ ဟမ်
အချစ်လေး"

"အေး အခု ဘာလုပ်ကြမလဲ ဘာလုပ်ချင်လဲ"

Infinity[Completed](Z+U)Where stories live. Discover now