Ep-15(Z+U)

1.2K 100 2
                                    

Zawgyi
Mr.Doတစ်​​ယောက်​ GongWonနယ်​​မြေကို ​မွေးရပ်​​မြေဖြစ်​သဖြင့်​ မခွဲချင်​မခွာချင်​​ပေ

အထည်​လုပ်​ငန်းဆက်​လုပ်​လိုခြင်းလည်းမရှိ​တော့သဖြင့်​ ဖျက်​သိမ်းခဲ့သည်
အခုသူက အလုပ်​လက်​မဲ့သာ
ထို့​ကြောင့်​ မိသားစုအ​ပေါ် တာဝန်​မ​ကြေ
သလို ခံစားမိသဖြင့်​ အိမ်​သိပ်​မပြန်​​ပေ
မိန်းမဖြစ်​သူကိုလည်း အရမ်းချစ်​သဖြင့်
သူ့အပူအားမမျှ​ဝေချင်​ပါ
စိတ်​ချမ်းသာစွာသာ​နေ​စေလိုသည်
ဒါချစ်​တတ်​သူတိုင်းဆန္ဒပါ...

ထို့​ကြောင့်​ သူ့ခံစားချက်​များကိုရင်​ဖွင့်​ရာက ဒီဒိုင်​ယာရီစာအုပ်​​လေးသာ

သူ့လုပ်​ကိုင်​သမျှ ​နေ့စဉ်​မှတ်​တမ်းများ​နေ့စဉ်​​ရေးကာ အပန်း​ဖြေရင်​ ပြန်​လည်
သုံးသပ်​သည့်​အကျင့်​ရှိသူအတွက်​ ​ကောင်း​သောအကျင့်​ပါ​ပေ

နောက်​သူစီးပွား​ရေးကွက်​သစ်​ရှာ​ဖွေ​တော့သည်

ဒါ​ကြောင့်​ ပင်​လယ်​နှင့်​နီး​သောမြို့စွန်​ဘက်​၌ ပင်​လယ်​​ရေညှိလုပ်​ငန်းလုပ်​ကိုင်​ရန်​ စုံစမ်း​နေခဲ့သည်

ဒါကို သားနှင့်​ဇနီးသည်​အား​ပြောပြထား ခြင်း မရှိ​သေး​ပေ
နောက်​ပိုင်း ဒီ​ရေညှိလုပ်​ငန်း​အောင်​မြင်​လာမှ ရှင်းပြရန်​​တေးထားခဲ့သည်

သူကလည်း လုပ်​ငန်းသစ်​အတွက်​မအားမလပ်​ဖြစ်​​နေ၍ အိမ်​သိပ်​မကပ်​ဖြစ်

ဒါကို Mrs.Doက စီးပွား​ရေးအ​ကြောင်းသိပ်​နားမလည်​သူလည်းဖြစ်​​တော့
Mr.Doစီးပွားပျက်​၍ စိတ်​ညစ်​သည်​ပဲထင်​မှတ်​ကာ

အရင်​က အထည်​အလိပ်​လုပ်​ငန်း ဖျက်​သိမ်းသည်​ကိုလည်း Park Group​ကြောင့်​အရှုံး​ပေါ်သည်​သာ ထင်​မှတ်​ကာ
Park Groupအ​ပေါ် အငြိုးအ​တေးထားမိသည်

ဒါကလည်း Mr.Doရဲ့ ရှင်းရှင်းလင်းလင်း
ဆွေး​နွေးတိုင်​ပင်​ခဲ့ခြင်းမရှိမှုနှင့်​ ဇနီးသည်
အားအပူအပင်​ကင်းကင်းနှင့်​ ချမ်းချမ်းသာသာ​နေ​စေ​သော စိတ်​​ကြောင့်​သာပင်

Infinity[Completed](Z+U)Where stories live. Discover now