Ep-17(Z+U)

1.2K 111 5
                                    

Zawgyi
နံနက်​ခင်း​နေ​ရောင်​ခြည်​​လေးက Kyung Sooရဲ့ ခန္ဓာကိုယ်​သို့ ဖြန့်​ကျက်​လာ​လေ ပြီ
ထိုအခါမှ မျက်​ခုံးအစုံတွန့်​ချိုးကာ နှုတ်​ခမ်း​လေးက အနည်းငယ်​ဆူထွက်​လာသည်
ပြီးမှ မျက်​လုံးများက ​ဖြေး​ဖြေးချင်းပွင့်​လာသည်

"အင်း...​နေ​တောင်​မြင့်​​နေပြီ"

ဟုတ်​ပါသည်​ မ​နေ့က ချစ်​ရသူကို နှစ်​သိမ့်​ရင်း
ညဉ့်​နက်​သွားသည်​ပဲ

ကိုယ့်​အတွက်​ကိုပြန်​​တွေးမိ​တော့ ပိုလို့ပင်​စိတ်​ရှုပ်​သွားမိသည်
ပြသနာများက အုံလိုက်​ကျင်းလိုက်​တက်​​နေသည်​ မဟုတ်​လား
ဟင်းး

Ommaကို Chan Yeolနဲ့​ပြေလည်​​အောင်​ဘယ်​လိုလုပ်​​ပေးရမလဲ?
Appaကလည်း အခုမရှိ​ဆို​တော့
ကျွန်​​တော်​က အိမ်​​ထောင်​ဦးစီးလုပ်​ရမှာ
ကျွန်​​တော်​က ​ကျောင်း​တောင်​မပြီး​သေးဘူး

ကျောင်းပြီး​အောင်​​နေဖို့ကပြသနာမရှိပါ
ဘာလို့လဲဆို​တော့
Appaက အရမ်းအ​မြော်​မြင်​ကြီးသူဖြစ်​သည်

Appaအလုပ်​​အောင်​မြင်​​နေတုန်းကကတည်းက
ကျွန်​​တော့​ကျောင်းစရိတ်​အတွက်​ သီးသန့်​စာအုပ်​​လေးလုပ်​​ပေးထားသည်
အပိုအလျှံ မသုံးနိုင်​​ပေမယ့်​ ​လောက်​ငှ​အောင်​ စီစစ်​လို့ရနိုင့်​မည့်​ပမာဏ

ဘယ်​​လောက်​ဘဲ ခက်​ခဲခက်​ခဲ Appaက ဒီ​ကျောင်းစရိတ်​ကိုလုံးဝမထိခဲ့
Appaသည်​ ကျွန်​​တော့ ပညာ​ရေးတွင်​အရမ်း​မျှော်​လင့်​ထားသည်

အဲ့​ကြောင့်​ ရှာမ​တွေ့​သေးတဲ့ Appaကို ​​တမ်းတမိကာ ​လေးစားအားကျမိသည်

Appaကို စိတ်​မပူဘူးလို့​ပြောရင်​ကျွန်​​တော်​လိမ်​​နေတာဘဲ
Appa​ပျောက်​​နေတာ ဒီ​နေ့နဲ့ဆို 3ရက်​ရှိပြီ

Appa​ပျောက်​​နေတဲ့ကိစ္စအတွက်​ကို ဂျပန်​မှာ​နေတဲ့ Suho hyungတို့မိသားစုလိုက်​ပါ
ပြန်​လာကာ ၀ိုင်းဝန်းကြိုးပမ်း​ပေးကြသည်

ကျွန်​​တော်​တို့ခက်​ခဲချိန်​မှာ​တောင်​ ချနိပစ်​မထားခဲ့တဲ့ Kimဦး​လေး (Su Ho's Appa)
တို့ကို အရမ်း​​ကျေးဇူးတင်​ရသည်
မိတ်​​ဆွေရင်းချာဆိုသည်​မှာ ဘာမှန်း
ခုချိန်​မှသိနိုင်​​ပေသည်

Infinity[Completed](Z+U)Where stories live. Discover now