အပြာရောင် အချစ်ညများအပိုင်း (7)

14.5K 989 24
                                    


အပြာရောင် အချစ်ညများ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပြာရောင် အချစ်ညများ

အပိုင်း (7)

မုန်းသည်။ အားလုံးကို မုန်းသည်။ မိမိချစ်လို့ ရအောင် သိမ်းပိုက်ခဲ့သည် ယောက်ျား၏ အချစ်ကို ပိုင်ဆိုင်သည့် လူအားလုံးကို မုန်းသည်။ အချိန်ကြာလာတော့ သူ့ကို ချစ်သည့် အချစ်လိုပဲ သူ့ကို မုန်းသည့် အမုန်းကလည်း ရင့်သန် လာခဲ့သည်။ တပြိုင်တည်း အချစ်နှင့် အမုန်းကို ခံစားရသည့် ဖီးလ်ကို မြတ်လေးခိုင် မက်မောသည်။

"ကိုကို ဒီရောက်နေတာကိုး။ ချိန်းပြီးလာရင်တောင် လွဲဦးမယ်နော်။"

"မင်း ဒီကို ဘာလာလုပ်တာလဲ ခိုင်..."

"ပျင်းလို့လာခဲ့တာပါ။ ကိုကိုကရော... ကိုဝေယံအောင်ကို ကိုယ်တိုင် လိုက်ပြီးပြနေတာလား။ ပြောတာ မဟုတ်ဘူး။ ဒီလိုမှန်းသိရင် ခိုင် အလှူပွဲကို မသွားပါဘူး။ အတူဒီကိုလာမှာပေါ့..."

သီဟစောသည် မြတ်လေးခိုင် ခနဲ့ပြောပြောသည်ကို အရေးမစိုက်ပဲ အဆောက်ဦိးထဲ ၀င်သွားလိုက်သည်။ မြတ်လေးခိုင်သည် သီဟစောက မိမိကို လျစ်လျူရှုလိုက်သဖြင့်ပါးရိုက်တာထက်ပင် နာကျင်သွားပြီး ဝေယံအောင်ပေါ်ကို ပုံချရန်ကြိုးစားလိုက်သည်။

"ကျွန်မ ခင်ပွန်းက သူစိတ်ပါရင် ရှင်းပြတာ သိပ်ကို ကောင်းတယ်ဆိုတာတော့ ကိုဝေယံအောင်... ဘာတွေများ ဗဟုသုတရသွားသေးလဲ။"


"ကျွန်တော်မသိတာ အတော်များများကို သိလိုက်ရပါတယ် မမြတ်လေးခိုင်...."

ဝေယံအောင်သည် မြတ်လေးခိုင်၏ မလိုတမာ လေသံကို သည်းခံကာ ပုံမှန်ပြန်ဖြေလိုက်သည်။ ဒီအမျိုးသမီး မိမိကို မြင်တိုင်း ဘာကြောင့် ဒီလို ခါးသီးစွာ ခံစားနေရသည်ကို နားမလည်နို်င်ဖြစ်နေမိသည်။ ဒါပေမယ့် မိမိက ညီမလေး မင်္ဂလာပြီးလျှင် ဆက်လက်ပတ်သတ်စရာ မလိုတော့ပြီဖြစ်လို့ မြတ်လေးခိုင် ဘာပြောပြော သည်းခံရန် ဆုံးဖြတ်ထားလိုက်သည်။

အပြာရောင် အချစ်ညများWhere stories live. Discover now