အပြာရောင် အချစ်ညများအပိုင်း (13)

4.8K 278 1
                                    


အပြာရောင် အချစ်ညများ

အပြာရောင် အချစ်ညများ

အပိုင်း (13)

ကိုသစ်ကို မြတ်လေးခိုင်စွဲလမ်းရခြင်းကလည်း ဒီလိုအပြုအစုကောင်းလို့လည်းပါသည်။ အခြားမနူးမနပ်ကောင်တွေလို မိမိရင်သားထွားထွားကိုမြင်တိုင်း အငမ်းမရ ဆုပ်နယ်ဖျစ်ညစ်တာမျိုးဘယ်တော့မှမလုပ်ပဲ ယခုလို မိန်းကလေးတွေ ဖီးလ်တက်မည့်နေရာကိုမှ ရွေးပြီးပြုစုတတ်လွန်းသည်။

"အင်း.. မောင်ရယ်..အား..ကောင်းလိုက်တာ..."

ခိုင်၏နူတ်မှ ထိုသို့ညည်းသံကိုကြားရလေ ကိုသစ်အားရပြီး လျှာစွမ်းပိုပြလေဖြစ်သည်။ မိန်းကလေးတစ်ယောက် ကိုယ့်ကို စွဲစေချင်လျှင် ကိုယ့်လိုဘကို ဘယ်တော့မှရှေ့တန်းမတင်ရပေ။ သူတို့မိမိကိုလိုချင်လာအောင် တကိုယ်လုံးရွစိတက်လာအောင် စိတ်ရှည်လက်ရှည်ဆွပေးဖို့ပဲလိုသည်။ ကိုသစ်သည် ခိုင့်ရင်သားများကို လျှာနှင့်လျက်လိုက်၊ နမ်းစုပ်လိုက်လုပ်နေရင်း ထူူးထူးခြားခြား မိမိ၏စိတ်တို့အချိန်မတိုင်ခင် ထလာခဲ့သည်။ ကိုသစ် အရမ်းကိုလိုချင်လာခဲ့သည်။ ဒါကြောင့် သူမ၏ ပေါင်ကိုချဲကားလိုက်ပြီး သူမရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။

မြတ်လေးခိုင်သည် ကိုသစ်ကို တောင့်တစွာဖြင့် ငုံ့ကြည့်ကာ နူတ်ခမ်းကို လျှာနှင့်သပ်ပြလိုက်သည်။ သီဟသစ်လွင်သည် မြတ်လေးခိုင်၏ အမူယာကြောင့် သွေးလှည့်ပတ်မှုနှုန်းမြန်လာခဲ့သည်။ သို့သော် မြတ်လေးခိုင်က သူ့ခေါင်းကိုဆွဲယူကာ သူမလိုချင်သည့်နေရာကိုကပ်ပေးလိုက်သည်။ သီဟသစ်လွင်သည် မငြင်းဆန်ပဲ သူမ အကောင်းဆုံးခံစားနိုင်အောင် ပြုစုပေးလိုက်သည်။

"အ.. အင်း... ဟင်း... "

မြတ်လေးခိုင်က မျက်နှာကိုမော့ကာ ကျေနပ်စွာညည်းလိုက်သည်။ သီဟသစ်လွင်သည်ထိုညည်းသံကိုကြားတော့ အားတက်ပြီး ထပ်တလဲလဲ သူမကို နူးဆွပေးနေတော့သည်။ မြတ်လေးခိုင် တကယ့်ကို ခံစားချက်မြင့်တက်လာပြီး မိမိရင်သားများကိုလက်နှင့် ဆုပ်နယ်နေမိသည်။ အတွေ့၊ ကိုသစ်၏ ထိုအတွေ့က မြတ်လေးခိုင်၏ အသိစိတ်ကိုလွတ်ထွက်အောင်ကိုပြုစားနိုင်သည်။

"ကို...သစ်.. ကုတင်ပေါ်သွားကြစို့..ခိုင်မရတော့ဘူး..."

မြတ်လေးခိုင် တုန်တခိုက်ခိုက်နှင့်ပြောလိုက်သည်။ သီဟသစ်လွင်က ချင်ချင်းသူမကိုပွေ့ချီကာ အကိုကြီး၏ ကုတင်ပေါ်တင်လိုက်သည်။ မြတ်လေးခိုင်သည် ကုတင်ပေါ်တွင် ပက်လက်အနေထားဖြင့် ညှို့ငင်ကာ ပြုံးလိုက်သည်။ ကိုသစ်က အဝတ်အားလုံးကို အမြန်ချွတ်လိုက်သည်။ မြတ်လေးခိုင်သည် ကိုသစ်၏ ကိုယ်ကာယကို စိုက်ကြည့်ကာ အောက်နူတ်ခမ်းကို သွားနှင့် မချင့်မရဲကိုက်နေမိသည်။ ကိုသစ်၏ မိမွေးဖမွေးကိုယ်ကိုကြည့်ပြီး မြတ်လေးခိုင်ချက်ချင်းဖိတ်ခေါ်လိုက်သည်။

"လာတော့...ခိုင့်ကို သောကအားလုံးမေ့သွားအောင် လုပ်ပေးတော့..."

သားကောင်ကိုတွေ့သည့် ကျားသစ်မမျက်လုံးလို ဝင်းဝင်းတောက်နေသည့် အကြည့်ကိုတွေ့သော် မာထန်နေပြီးဖြစ်သည့် ကိုသစ်က ချက်ချင်းကုတင်ပေါ်ခုန်တက်လိုက်သည်။ မြတ်လေးခိုင်၏ ကိုယ်ပေါ်အုပ်မိုးကာ နူတ်ခမ်းကို စုပ်နမ်းရင်း လျှာချင်းစုပ်ယူကာ ကလိနေလိုက်သည်။ သို့သော် မိမိက မြတ်လေးခိုင်၏ ခြေထောက်ကြားနေရာယူပြီး

အသင့်ဖြစ်အောင်ပြင်ဆင်လိုက်သည်။

"အ...ဟင့်..ဟင့်.. မောင်ရယ်.."

မြတ်လေးခိုင်က ကိုသစ်၏ ကလိလိုက်သည့်အပြုမူကြောင့် မချင့်မရဲဖြစ်ကာ ညည်းလိုက်သည်။ ကိုသစ်က မြတ်လေးခိုင်၏ အနူးညံ့ဆုံးနေရာကို ချက်ချင်းတွင်းမအောင်းပဲ ကလိလိုက်သောကြောင့်ဖြစ်သည်။ မြတ်လေးခိုင်ကဆေးဖြင့်လမ်းကျံထားသည့်တိုင် ကိုသစ် နွာသိုးကြိုးပြတ်မဖြစ်သဖြင့် စိတ်မရှည်ဖြစ်လာသည်။ တကယ်တော့ ကိုသစ်က အခြားဆေးဝါးများသုံးလေ့ရှိသဖြင့် မြတ်လေးခိုင် လိမ်းထားသည့်ဆေးက ချက်ချင်းအစွမ်းမပြနိုင်တာကို သူမမသိပေ။ ယခုတော့ ကိုသစ်က အရူးမူးဖြစ်ရမည့်အစား သူမက အရူးမူးဖြစ်ချင်လာသည်။ မိမိ၏ အသွေးအသားများ ပွက်ပွက်ဆူလာလေပြီ

"မောင်.. လုပ်တော့ကွာ.. ခိုင် မနေနိုင်တော့ဘူး။"

မြတ်လေးခိုင် လူးလွန်းကော့ပျံကာပြောတော့သည်။ ကိုသစ်က နောက်တချီ မသွင်းပဲပွတ်ဆွဲလိုက်သဖြင့် မြတ်လေးခိုင် မခံနိုင်တော့ပဲ ကိုသစ်ကို ချက်ချင်းကုတင်ပေါ်ဆွဲကာ ပက်လက်လှန်အိပ်စေပြီး သူမက သူ့ကိုယ်ပေါ် ခွထိုင်လိုက်သည်။

"နေတော့... ခိုင့် စိတ်ကြိုက်ပဲလုပ်တော့မယ်။ "

မြတ်လေးခိုင်က သူ့လည်ပင်းကို ငုံ့ကာ ကိုက်လိုက်ပြီးပြောလိုက်သည်။ သီဟသစ်လွင်က သဘောကျစွာရယ်လိုက်ပြီး ပြောလိုက်သည်။

"မောင့် တကိုယ်လုံးကို ခိုင့်ကို အပိုင်ပေးလိုက်ပြီ။ ခိုင်ကြိုက်သလိုလုပ်တော့..."

မြတ်လေးခိုင်သည် ကိုသစ်၏ ရင်ဘတ်ကို လက်သည်းနှင့်ကုတ်ခြစ်လိုက်သည်။ သီဟသစ်လွင်၏ ရင်ဘတ်တွင် လက်သည်းရာ အစင်းကြီးထင်သွားပြီး သွေးစို့လာခဲ့သည်။

"အ.."

သို့သော် မြတ်လေးခိုင်က ချက်ချင်းပင် သွေးများကိုလျှာနှင့် လျက်ပေးလိုက်သဖြင့် အနာသက်သာသွားသည်။ ထို့နောက် မြတ်လေးခိုင်က ကိုသစ်၏ မျက်နှာကိုစေ့စေ့ကြည့်ကာ တဖြည်းဖြည်းဖိထိုင်ချလိုက်သည်။ သီဟသစ်လွင်သည် ကောင်းလွန်းသည့် ခံစားချက်ကြောင့် သက်ပြင်းရှိုက်လိုက်သည်။ မြတ်လေးခိုင်က တဆုံးထိုင်ပြီး ခပ်ရိုင်းရိုင်းပြုံးကာပြောလိုက်သည်။

"ကောင်းဘွိုင်မ တစ်ယောက်အစွမ်းကိုတွေ့ရစေမယ် မောင်.. ရှင့်ကို ခိုင်အလွတ်မပေးနိုင်ဘူး။"

တကယ်လည်း မြတ်လေးခိုင်သည် မြင်းစီးကျွမ်းသည့် ကောင်းဘွိုင်မလေးအဖြစ် သီဟသစ်လွင်ကို စိတ်တိုင်းကျ နှိပ်စက်နေတော့သည်။ သီဟသစ်လွင်သည် မြတ်လေးခိုင်၏ ဦးဆောင်မှုနောက်ကိုကောက်ကောက်ပါအောင် လိုက်သွားမိတော့သည်။

"အကိုကြီး ဗိုလ်မှုးဂျဝါရောက်လာပါပြီ.."

ထိုအခါမှ သီဟစော မျက်လုံးမှိတ်ပြီးနားနေရာမှ မျက်လုံးဖွင့်ကြည့်လိုက်သည်။ အခန်းထဲကိုဝင်လာသည့် ကချင်ဗိုလ်မှုးဂျဝါက သီဟစောဆီ ဝမ်းပမ်းတသာပြုံးကာ လာခဲ့သည်။ မိတ်ဆွေကောင်း၏ အပြုံးကိုတွေ့လိုက်သဖြင့် သီဟစော ချက်ချင်းထရပ်ကာ ဖက်ကာနူတ်ဆက်လိုက်သည်။
"ကိုစော..မတွေ့တာကြာပြီ။ ဒါပေမယ့် ခင်ဗျား အရင်လို ဘာမှမပြောင်းလဲသေးဘူး.."

"ခင်ဗျားရောပဲ ကိုဂျဝါ။ အရင်ကထက်ကြည့်ကောင်းလာတယ်။ ကောင်မလေးတွေ ခါချနေရရောပေါ့.."

နှစ်ယောက်သား ပြိုင်တူပြောလိုက်မိသဖြင့် ရယ်မောလိုက်ပြီးလူချင်းခွာလိုက်သည်။ ထို့နောက် ဆိုဖာပေါ်တွင် မျက်နှာချင်းဆိုင်ထိုင်ကာ လာရင်းအကြောင်းကို တန်းပြောလိုက်သည်။

"ကျွန်တော့်ကြွက်ကို ကိုဂျဝါတို့ စစ်ဆေးထားတယ်ဆို...."

"ဟုတ်တယ်။ သူက ကျွန်တော်တို့အလိုရှိတဲ့ သက်ပိုင်နဲ့လည်း အစပ်ဆက်ရှိတယ်လို့ သံသယရှိလို့ နည်းနည်းစစ်ထားတယ်။ "

"သက်ပိုင်နဲ့ ပတ်သတ်နေလား ကိုဂျဝါ "

သီဟစော စိုးရိမ်စွာမေးလိုက်သည်။ တကယ်လို့ သူတို့အဖွဲ့စည်းကို တိုက်ခိုက်သွားသည့် အခြားအဖွဲ့မှ သက်ပိုင်ဆိုသည့် တစ်ယောက်၏ လူသာဖြစ်လျှင် မိမိနောက်ကို ဘယ်နည်းနှင့်မှပြန်ထည့်နိုင်မည်မဟုတ်ပေ။

"မပတ်သတ်ဘူးဗျ။ ခင်ဗျား ပြန်ခေါ်သွားလို့ရပါပြီ။ ကျွန်တော်တို့ ဆေးပြန်ကုပေးခိုင်းထားတယ်။ မသေနိုင်သေးပါဘူး"

ဗိုလ်မှုး ဂျဝါဆီက ဒီစကားကို ကြားတော့မှ သီဟစော သက်ပြင်းချမိသည်။ သို့သော် နည်းပရိယာရယ်သုံးရမည်ဖြစ်လို့ ကိုဂျဝါကို ခွင့်တောင်းလိုက်သည်။ ကိုဂျဝါကလည်း သူ့လုပ်ပိုင်ခွင့်ထဲကဖြစ်လို့ ကူညီပေးသည်။ သီဟစောသည် ကိုဂျဝါထံမှ ခွင့်ပြုချက်ရသည်နှင့် မိမိတို့လုပ်ငန်းမှ ကြွက်ကို စစ်ဆေးရန် စစ်ကြောရေးအခန်းကို လာခဲ့သည်။ ထိုအခန်းထဲကိုဝင်လိုက်သည်နှင့် အနောက်ဘက်မှ တခါးကပိတ်သွားခဲ့သည်။ ညှင်းပမ်းနှိပ်စက်ခြင်း၊ကြောက်ရွံ့ခြင်းနှင့် နာကျင်အော်ဟစ်ခြင်းတို့ဖြင့် တန်ဆာဆင်ထားသည့် စစ်ကြောရေးခန်းသည် ဘယ်သူဝင်ဝင် ဝင်လာသည့်သူ၏စိတ်ကို တခါတည်းစီးသွားတော့သည်။

"ရန်လင်း.."

သီဟစော၏ ခေါ်သံကြောင့် ရန်လင်းဆိုသည့် အသားထဲက လောက်က ခေါင်းထောင်ကြည့်ခဲ့သည်။ မျက်နှာတစ်ပြင်လုံး ဖူးယောင်ကာ မျက်လုံးတစ်ဖက်က ပိတ်နေသည်။ တကိုယ်လုံးဒဏ်ရာဗရပွနှင့် ရန်လင်းသည် သီဟစောကိုတွေ့သည်နှင့် အားကိုးတကြီးဖြင့်တောင်းပန်သည်။

"အကိုကြီး...ကျွန်တော့်ကို ကယ်ပါဦး။ ကျွန်တော် သက်ပိုင်တို့အကြောင်းကို ဘာမှမသိပါဘူး။ ကျွန်တော်က သီးသန့်သမားပါ။ ဘာအဖွဲ့စည်းနဲ့မှ မပတ်သတ်ဘူးဆိုတာ အကိုကြီးအသိဆုံးပါ။ကျွန်တော့်အသက်ကိုကယ်ပါဦးဗျာ။ ကျွန်တော်မသေပါရစေနဲ့။ဟီး...အီး...အီး..ကျွန်တော့်မိန်းမက မွေးခါနီးနေပြီဗျ... အကိုကြီး ကျွန်တော့်အသက်ကိုကယ်ပေးပါဗျာ။ေ ကျေးဇူးမမေ့ပါဘူး။"

သီဟစောသည် တရားခံနေရာက ချူပ်နှောင်ထားသည့်ရန်လင်းကို အေးစက်စက်ကြည့်ကာမေးလိုက်သည်။

"မင်းကို ငါ ဘာကြောင့်ကယ်သင့်တယ်ဆိုတာ အကြောင်းပြချက်တစ်ခုပေးစမ်း.."

ရန်လင်း ငိုယိုနေရာမှ တိတ်သွားခဲ့သည်။ အကိုကြီး၏လုပ်ငန်းတွင် သုံးနှစ်ကျော်နေလာသည့် သက်တမ်းအတွင်း မပိုင်လျှင် ဘာမှမလုပ်တတ်သည့် အကိုကြီးအကြောင်းကိုသိသူပီပီ မိမိလုပ်ထားသည်ကို အားလုံးသိထားပြီးဖြစ်ကြောင်းရိပ်မိသွားသည်။ ဒါကြောင့် ရန်လင်း တွက်ချက်နေသည်။ အကိုကြီးကျေနပ်လောက်သည့် အချက်ကိုမပေးနိုင်လျှင် ဒီလွိုင်ဆာမှာပဲ မိမိဘဝအဆုံးသတ်သွားပေလိမ့်မည်။ ရန်လင်းမသေချင်သေးပါ။ ငယ်သေးသည်။ ပွေရှုပ်လို့မဝသေးပါ။ ဖြတ်လမ်းနည်းကို လိုက်ခဲ့မိပြီးခေါင်းဆောင်ရွေးမှားခဲ့သည့် ကိုယ့်အဖြစ်ကိုကျိန်ဆဲရင်း ရန်လင်း အကိုကြီးကို မေးလိုက်သည်။

"အကိုကြီးကို နောက်ကျောကနေရွယ်ထားတဲ့ ဓါးကို ကျွန်တော်သိတယ်။ အကိုကြီးကျွန်တော့်အသက်ကိုကယ်ပေးပါ။ အကိုကြီးရဲ့ နောက်လိုက်ကောင်းအဖြစ် တသက်လုံးတာဝန်ထမ်းဆောင်ပါ့မယ်.."

သီဟစော အေးစက်စက်ဖြင့်ကြည့်ကာ မေးလိုက်သည်။

"မင်းသိတာ အားလုံးပြောစမ်း။ မင်းရဲ့ အချက်လက် ဘယ်လောက်တန်ဖိုးရှိသလဲဆိုတာ ကြည့်ပြီး မင်းကို ခေါ်သွားသင့် မခေါ်သွားသင့် ငါဆုံးဖြတ်မယ်။"

ရန်လင်း စိတ်အားထက်သန်စွာဖြင့် သိသမျှကို တရစပ်ပြောပြတော့သည်။ သီဟစောသည် ရန်လင်းပြောသမျှကို တိတ်ဆိတ်စွာ နားထောင်ပြီးနောက်ထရပ်လိုက်သည်။ ရန်လင်းက အားကိုးတကြီးမေးလိုက်သည်။

"အကိုကြီး...ကျွန်တော့်ကို ကယ်ပါ..ကျွန်တော့်ကို မထားခဲ့ပါနဲ့."

သီဟစော ဘာစကားမှမပြောပဲ အခန်းထဲမှထွက်လာခဲ့သည်။ ကြိုတင်မျှော်လင့်ထားသော်လည်း ဒီလောက်မဆိုးဝါးဟု ထင်ထားခဲ့သည်။ သို့သော် မဘက်လိုက်လို့ မိုက်ဘက်ပါသည့် သဘာဝကို သိထားလို့ ထူးပြီးတော့ကြေကွဲမနေပါ။

"အကိုကြီး...အကိုကြီး..ကျွန်တော့်ကို ကယ်ပါဦး..."

အခန်းပြင်သို့ရောက်သည်အထိ အထဲမှအကောင်ကကြောက်လန့်ကာအော်ဟစ်တောင်းပန်နေသည်။ သီဟစောသည် အပေါက်ဝမှ မိမိသက်တော်စောင့်ကိုပြောလိုက်သည်။

"အထဲကကောင်ကို ပြန်ခေါ်လာခဲ့...မြစ်ကြီးနားမှာ သတ်သတ်ချုပ်ထား။ ဘယ်သူနဲ့မှ အဆက်သွယ်မလုပ်စေနဲ့.."

သီဟစောသည် လုပ်ရမည့် အစီစဉ်ကိုစဉ်းစားပြီးသည်နှင့် ကိုဂျဝါစောင့်နေသည့် အရက်ဝိုင်းကိုလာခဲ့သည်။ မိမိလာတိုင်း မပျက်မကွက်လုပ်လေ့ရှိသည့် ဧည့်ခံမှုအစီအစဉ်ကလည်းစောင့်ကြိုနေမှာသေချာသည်။ဒါကတော့ ကောင်မလေးချောချောတွေနဲ့ ဧည့်ခံခိုင်းခြင်းပင်။ ယခင်ကတော့ သီဟစော ထိုမိန်းကလေးများနှင့် တင်းကြပ်မှုကို လျော့ချနေကျဖြစ်သော်လည်း ယခုအခါ မိမိခေါင်းထဲ မြတ်နိုးရသူကရှိနေပြိဖြစ်လို့ အရင်လို လျှော့ဖို့မလိုတော့ပေ။

"ကိုစော..လာ..ခင်ဗျားကိုစောင့်နေတာ.."

"ဒီကောင်ကို ကျွန်တော် တစ်ခါတည်းပြန်ခေါ်သွားတော့မယ် ကိုဂျဝါ.."

"ခေါ်သွားလို့ ရတယ်။ ခင်ဗျားလူက ကျွန်တော်တို့နဲ့မငြိဘူး။ ကဲ...ဒါတွေ မေ့လိုက်စမ်းပါဗျာ။ အတူတူပျော်ကြစို့။ ကျွန်တော့် အချစ်နတ်သမီးလေးအကြောင်း ခင်ဗျားကို ရင်ဖွင့်ချင်လို့။"

သီဟစော ဝိုင်းတွင်ဝင်ထိုင်လိုက်သည်နှင့် ချက်ချင်းနံဘေးတွင် အရက်ဌဲ့ အမြည်းခွံရန် အလှဆုံး မိန်းကလေးတွေ ရောက်လာခဲ့သည်။

"အားဂျာ အကြောင်းဆို ကျွန်တော် သိတယ် ကိုဂျဝါ ... အလှနတ်သမီးလို့တင်စားရအောင်တော့ မလှပေမယ့် တပ်မက်ဖို့ကောင်းတဲ့မိန်းကလေးပဲ"

"ဖွတ်....ဘယ်က အားဂျာလဲ။ ကျုပ်တွေ့ထားတာ ခင်ဗျားတို့မှော်မြေက တကောင်းရာဇာ company က ဦးအောင်ပွားရဲ့ သမီးအကြီးဆုံးဗျ။ ဧကရီတဲ့။ နာမည်နဲ့လိုက်တယ်။ ကျုပ်ရင်ကို တခါတည်းသိမ်းပိုက်သွားတယ်။ ကျုပ်နှလုံးသားရဲ့ ဧကရီလေး။ သူကလွဲရင် ဘယ်မိန်းမမှ ကျွန်တော် လက်မထပ်ဘူး။"

အင်မတန်ကိုပွေရှုပ်ပြီး အတည်တကျလက်ထပ်ရန်ငြင်းဆိုသည့် ဗိုလ်မှုးဂျဝါ၏ စကားကြောင့် သီဟစော အံံ့အားသင့်သွားသည်။

"ဘယ်လို။ ခင်ဗျား ဧကရီကို အတည်လက်ထပ်တော့မယ်ပေါ့.. ဟုတ်လား။"

"ဟုတ်တယ်ဗျ။ အဲ့ဒါကိုပြောပြချင်လို့ ခင်ဗျားကို ခေါ်လိုက်တာ။"

သီဟစောသည် ဗိုလ်မှုးဂျဝါပြောပြသည့် ဧကရီဆိုသည့် မိန်းကလေးကို မသိပါ။ သို့သော်မိမိယောက္ခမ ဦးရာကျော်နှင့် တစ်ခေတ်တည်းသော ကျောက်စိမ်းသူဌေးကြီး ဦးအောင်ပွားကိုတော့သိသည်။ ရောက်လေရာတွင် မျိုးကျဲတတ်သည့်အလေ့ထရှိပြီး သားသမီးများစွာရှိသည်ကတော့ကြားဖူးသည်။ ဧကရီဆိုသည့် မိန်းကလေးက မြို့ပေါ်တွင်နေသည့် အနေအေးသည့် မယားကြီး၏သမီးဖြစ်ပြီး ခေတ်ပညာတတ်မိန်းကလေးတစ်ဦးဖြစ်ကြောင်း၊ လှပသလောက် မိမိ၏ညှို့အားကိုတွန်းလှန်နိုင်သည့် မိန်းကလေးကို မိမိကိုစွဲလမ်းလာစေရန်အမျိုးမျိုးကြိုးစားသော်လည်း ကျောက်ဆစ်ရုပ်နှလုံးသားနှင့် မိန်းကလေးက မတုန်လှုပ်သည့်အကြောင်းကိုပြောပြနေသည်။

သီဟစောသည် အင်မတန်ကိုပွေရှုပ်သည့် လူချောလူကြမ်း ဗိုလ်မှုးဂျဝါကိုကြည့်ကာ သူလည်း နောက်ဆုံးတော့ အချစ်စစ်ကိုတွေ့သွားပြီဆိုတာ သိလိုက်သည်။ ထိုမိန်းကလေးကိုအရယူရန် ဦးအောင်ပွားက မိမိတို့အပေါ်တင်နေသည့်အကြွေးများနှင့် အကြပ်ကိုင်လိုက်သဖြင့် ဧကရီကိုသာမက နောက်ဆုံးမယားမွေးထားသည့် ကလေးမလေးကိုလည်း မိမိညီ အင်ကြင်းနှင့် လက်ထပ်ပေးရန် သဘောတူညီချက်ရထားပြီးဖြစ်ကြောင်း စိတ်အားထက်သန်စွာဖြင့် သီဟစောကို ရင်ဖွင့်ကာ ဂုဏ်ယူစွာပြောနေသည်။

"နောက်ဆုံးတော့ ဘုရားသခင်က ကျွန်တော့်ကို ထိန်းချုပ်ဖို့ အိန်ဂျယ်လေး တစ်ယောက်ကို လွှတ်ပေးခဲ့ပြီ ကိုစော။ ဒီမိန်းကလေးကို ကျွန်တော်က လှလို့ချစ်တာထက် သူ့ပုံစံလေးကို ချစ်တာ။ သူ့အဖေရဲ့လောင်းရိပ်ကြောင့် ယောကျာ်းတွေကို အထင်သေးမုန်းတီးနေတဲ့ မိန်းကလေးကို ကျွန်တေ်ာ ချစ်မိသွားတယ်။"

"ခင်ဗျား ဝဋ်လည်ပြီထင်တယ် ကိုဂျဝါ။ မိန်းမလှလေးတကာကို အသည်းခွဲခဲ့တဲ့ခင်ဗျားက ယောကျာ်းတွေကို မုန်းတီးနေတဲ့ မိန်းကလေးကို ချစ်မိသွားတယ်ဆိုတော့...အင်း.."

သီဟစောက မိတ်ဆွေကြီးကို ကျီစယ်လိုက်သည်။ ဗိုလ်မှုးဂျဝါက ရယ်မောကာ ဝန်ခံခဲ့သည်။

"ဖြစ်နိုင်တယ်။ ဒါပေမယ့် ဧကရီက ကျွန်တော့်ရဲ့ လှပတဲ့ ဝဋ်လေးတစ်ခုဖြစ်မှာပါ။ ကဲ...သောက်ပါဦး။ ခင်ဗျား ဘာမှလည်းမသောက်ဘူး။"

သီဟစောသည် ဗိုလ်မှုးဂျဝါပြောသည်ကို ကြားသော် အတွေးပွားနေမိသည်။ ဝေယံအောင်ကရော မိမိရဲ့ ဘာလေးဖြစ်နေမလဲ။ သေချာတာကတော့ ဝဋ်ကြွေးမဟုတ်ပါ။ ဘဝတစ်လျှောက်လုံး မိမိအတွက် ချီးမြှင့်လိုက်တဲ့ ဆုလာဘ်တစ်ပါးသာဖြစ်သည်။ ဝေယံအောင်သည် မိမိဘဝတွင် တစ်ဦးတည်းသော စစ်မှန်သည့်အချစ်ဖြင့်ချစ်ပေးခဲ့သူ။ ထိုအတွေးကြောင်း သီဟစော၏ နောက်ကျိနေသည် စိတ်တို့ကြည်လင်သွားခဲ့သည်။

"ခင်ဗျား အချစ်စစ်ကို တွေ့ခဲ့ပြီပဲ ကိုစော.."

ရုတ်တရက် ဗိုလ်မှုးဂျဝါက သီဟစောကို ကြည့်ကာမှတ်ချက်ချလိုက်သည်။ သီဟစောက ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်တယ်။ နောက်ဆုံးတော့ ဘယ်တော့မှ မပေါ်လာနိုင်တော့ဘူးထင်ခဲ့တဲ့ အချစ်စစ်က ပေါ်လာခဲ့ပြီ ကိုဂျဝါ။ "

"ဟုတ်လား။ ဘယ်က မိန်းကလေးလဲ။ ခင်ဗျားရအောင်ယူမလား။"

"ကျွန်တော်နဲ့ အလှမ်းဝေးတဲ့ လောကထဲက တစ်ယောက်ပါ။ သူ့ကို အရယူဖို့က မသေချာဘူး။ "

"ခင်ဗျားဗျာ။ ချစ်တယ်ဆိုရင် ရအောင်ယူစမ်းပါ။ ဘာလဲ။ ခင်ဗျားကို ဟိုက ပြန်မချစ်လို့လား။ ဒါဆို အရယူပြီး ကလေးမွေးလိုက်။ မိန်းကလေးတွေဆိုတာ သားသမီးရလာရင် ကလေးတွေရဲ့ အဖေကို အလိုလိုချစ်သွားတတ်တယ်ဗျ... လုပ်စမ်းပါ။ ချ... ခင်ဗျား အကူညီလိုရင်ပြော။ အဲ့မိန်းကလေးကို ကျွန်တော်ကိုယ်တိုင် သွားဆွဲလာခဲ့ပေးမယ်။"

"ကျေးဇူးပါဗျာ။ လိုအပ်ရင် အကူညီတောင်းပါ့မယ်။ ကဲ...လောလောဆည် ခင်ဗျားရဲ့ အချစ်နတ်သမီးလေးအတွက် ချီးယား..."

ဖန်ခွက်ချင်းတိုက်ကာ ဂျဝါကို ဂုဏ်ပြုပြီး စကားလမ်းကြောင်းကိုလွှဲလိုက်သည်။ မိမိချစ်နေသူက မိန်းကလေးတစ်ယောက်မဟုတ်သည်ကို ပြောပြလည်း နားမလည်နိုင်မည့်အတူတူ သီဟစော ပြောမနေတော့ပါ။ ပြီးတော့ ချစ်ခြင်းမေတ္တာဆိုတာ ကုတင်ပေါ် အတူအိပ်ဖို့နှင့် သားသမီးလုပ်ဖို့ဆိုသည့်အရာထက် ပိုပြီးနားမလည်သည့်လူများကြား မိမိတို့အကြောင်းကို ချပြရန်စိတ်ကူးမရှိပါ။ ဒါကြောင့် ဗိုလ်မှုးဂျဝါကို သူ့အကြောင်း၊ သူ့အချစ်ကိုဖွဲ့နွဲ့ရန် စကားထောက်ပေးလိုက်သည်။

အိပ်ယာထက်တွင် မြင်းစီးပြိုင်ပွဲကို ဆင်နွဲပြီးနောက် မြတ်လေးခိုင် ကျေနပ်စွာဖြင့် သီဟသစ်လွင်၏ ရင်ခွင်တွင် ခေါင်းတင်ကာ ရင်ဘတ်ကို လက်သည်းများနှင့် ဖွဖွကုတ်ခြစ်နေလိုက်သည်။သီဟသစ်လွင်သည် အင်မတန်ကို ရိုင်းပြီး အလိုကြီးလှသည့် မြတ်လေးခိုင်၏ လိုအင်ကိုဖြည့်ဆည်းပြီးနောက်ခြေကုန်လက်ပန်းကျသွားတော့သည်။ မြတ်လေးခိုင်၏ ပုခုံးသားနုနုကို ဆုပ်နယ်ရင်းမေးလိုက်သည်။

"အကိုကြီးရဲ့အိပ်ယာပေါ်ကိုယ်တို့ချစ်ဗြူဟာကျင်းပြီးပြီ ..ခိုင်..မောင့်အချစ်ကို ယုံပြီလားဟင်.."

"အင်း နည်းနည်းတော့ယုံပြီ။"

"နည်းနည်းလေးပဲလား။"

"ဟုတ်တယ်။ ရှင့်အသက်ဘေးနဲ့ကြုံလာရင် ခိုင့်ကို မစွန့်ပစ်ဘူးလို့ မပြောနိုင်ဘူးလေ။"

"ကိုယ်ဘယ်လိုအကြောင်းနဲ့မှ ခိုင့်ကိုမစွန့်ပစ်ဘူး။"

"ရှင့်အကိုကြီးက အားလုံးသိနေလောက်ပြီ မောင်.."

"ဘာ... အကိုကြီးက ခိုင့်ကို ပြောတာလား။"

"အဲ့လိုတော့မပြောဘူးပေါ့။ ဒါပေမယ့် ခိုင်ခံစားမိနေတယ်။ သူ အားလုံးကိုသိနေပြီ။ ဒါပေမယ့် ဘာကြောင့်ကျွန်မတို့ကို လွှတ်ထားတာလဲ။"

"မဖြစ်နိုင်ဘူး။ အကိုကြီးသိရင် မောင့်ကို သတ်မှာပေါ့။ မသိလောက်ပါဘူးကွာ။ ခိုင်စိတ်အေးအေးထားပါ။"

"ဘယ်လိုလုပ်အေးနိုင်မှာလဲရှင့်။ ရှင်က ညီအရင်းဆိုတော့ သူက သတ်ပစ်တဲ့အထိ မလုပ်လောက်ဘူး။ကျွန်မကိုသာ သတ်ပစ်လောက်တယ်။ အဲ့ချိန် ရှင်က အခြားကောင်မတွေနဲ့ ပျော်နေပြိး ကျွန်မကိုမျက်နှာလွဲထားမှာပါ။"

မြတ်လေးခိုင်က ပြောပြီးဒေါသတကြီးနှင့် အိပ်ယာထက်မှထကာ ကြိတ်မနိင်ခဲမရ ပေါက်ကွဲတော့သည်။ သီဟသစ်လွင်သည် သောကနှင့် ပူလောင်နေသော မိန်းကလေးကို ရင်ခွင်အောက်ဆွဲဖက်ကာ နှစ်သိမ့်လိုက်သည်။

"ရှုး..တိုး..တိုး။ တဖက်ခန်းက ဝေယံအောင်ကြားသွားမယ်။ "

"ကြားပါစေ။ ကြားလည်းကောင်းတာပဲ။ ဘာမဟုတ်တဲ့ ယောက်ျားလေးတစ်ယောက်ကိုတောင် ကျွန်မထက် အရေးတယူလုပ်ခံရတယ်။"

ထိုစကားကိုကြားသော် သီဟသစ်လွင် တစ်စုံတစ်ခုကို ဆက်စပ်မိသွားပြီး ပျော်ရွင်စွာရယ်မောလိုက်သည်။

"ခိုင်က အကိုကြီး တခုခုလုပ်မှာစိုးနေတာ မလား။"

"ဟုတ်တယ်။"

"မပုူနဲ့တော့။ အကိုကြီး တန်ဖိုးအထားရဆုံးအရာကို ခိုင့်လက်ထဲ ထည့်ပေးမယ်။ အဲ့ဟာကို ကိုင်ထားသရွေ့ အကိုကြီး ခိုင့်ကို မထိနိုင်စေရဘူး။ ဟုတ်ပြီလား။"

ထိုစကားကိုကြားသော် မြတ်လေးခိုင် ဒေါသထွက်နေရာမှ ငြိမ်သက်သွားပြီး မယုံသင်္ကာဖြင့်မေးလိုက်သည်။

"ရှင့် အကိုကြီးရဲ့ ပျော့ကွက်ကို ရှင်သိထားပြီလား။"

သီဟသစ်လွင်က မြတ်လေးခိုင်၏ နူတ်ခမ်းကို ဖိစုပ်ကာ ပြောလိုက်သည်။

"သိပြီလို့ မောင်ထင်တယ်။ ဒါပေမယ့် ကိုယ်အားလုံးသေချာရင် ချက်ချင်း ခိုင့်လက်ထဲ အားလုံးထည့်ပေးမယ် ဟုတ်ပြီလား။"

"မယုံဘူး။ ရှင့်အကိုရဲ့ ပျော့ကွက်က ဘာလဲပြော။ "

"ကိုယ့်စကားကိုနားထောင်ပါ။ အချိန်တန်ရင် ခိုင့်ပိုင်ဆိုင်မှုအားလုံး ခိုင့်လက်ထဲကိုရောက်လာစေရမယ်။ "

ထိုစကားကိုကြားသော် မြတ်လေးခိုင် ချက်ချင်း သီဟသစ်လွင်ကို ဆွဲယူကာ မွတ်သိပ်စွာနမ်းလိုက်ပြီး ပြောလိုက်သည်။

"ဒါကြောင့် မောင့်ကို ခိုင်က အားကိုးတာ။ ကဲ မောင် အမောပြေပြီလား။ အမောပြေရင် နောက်တပွဲစကြမယ်။"

အခန်းလေးထဲ ရမ္မက်နတ်သမီး၏ ညှို့ချက်အောက်မှာ မိနေသည့် သားကောင်နှစ်ကောင်၏ တေးညည်းသံတို့ တဖန်လွင့်ပျံလာခဲ့တော့သည်။

ဝေယံအောင်သည် ညနေထမင်းဝိုင်းက အဖြစ်ပျက်ကြောင့် သီဟစောတို့အိမ်တွင်းရေးကို အားလုံးနီးပါးရိပ်စားမိသွားသည်။ ယောက်ဖဖြစ်သူ သီဟမင်းထင်က စာကြည့်ခန်းထဲ ပထုတ်ပြီး မိမိကို သူတို့လက်ထပ်ပြီးနောက်ပိုင်းလုပ်ချင်သည့် စီးပွားရေးလုပ်ငန်းအကြောင်းကို ပြောပြပြီး အကြံတောင်းသည်။ ထိုအခန်းထဲ ညီမလေး မိုးဖြူတို့လင်မယားနှင့် အတော်ကြာအောင် စကားပြောပြီးနောက် ည ၈ နာရီလောက်ရောက်သော် မိမိအိပ်ခန်းရှိရာကို တက်လာခဲ့သည်။

သို့သော် သီဟစော မရှိသည့် အိမ်ကြီးသည် ကြောက်မက်ဖွယ်ရာ တိတ်ဆိတ်နေသဖြင့် ဝေယံအောင် အခန်းထဲတွင် မနေချင်သဖြင့် ဝရန်တာဘက်ကို အသာထွက်လာခဲ့သည်။ ကျယ်ပြောသည့် ခြံကြီးကိုစီးမြင်ရသည့် ဝရန်တာထောင့်လေးရှိ ခုံတွင် အသာထိုင်ရင်း တိတ်ဆိတ်ခြင်း၏ တေးသံကို နားဆင်နေမိစဉ် မည်မျှကြာသည် မသိတော့ပေ။ အေးလာတော့မှ အခန်းကိုပြန်မည်ဆိုပြီး ထလိုက်စဉ် မိမိနှင့် ကပ်လျက် သီဟစော၏ အခန်းကိုသော့ဖွင့်ကာ ဝင်သွားသည့် သီဟသစ်လွင်ကိုတွေ့လိုက်သည်။

ပထမ သဘောရိုးဖြင့်ပင် အကိုဖြစ်သူ၏ အခန်းထဲ တစ်စုံတစ်ခု ဝင်ယူသည်ထင်ခဲ့သည်။ ဝေယံအောင်က ဘာကြောင့်မှန်းမသိ မိမိအခန်းကို မသွားသေးပဲ သူတို့ညီအစ်ကိုအကြောင်းကိုစဉ်းစားနေစဉ် အပေါ်ထပ်မှ ညအိပ်ဝတ်ရုံလွှာနှင့် ဆင်းလာသည့် မိန်းမလေးကြောင့် ဝရန်တာတံခါး အကွယ်လေးမှ မထွက်ပဲနေလိုက်မိသည်။ ထိုမိန်းကလေးက သီဟစော၏ အခန်းတံခါးကို အသာခေါက်လိုက်စဉ် သီဟသစ်လွင်၏ လက်တစ်ဖက် ထွက်လာပြီး သူမကို အမြန်ဆွဲသွင်းကာ တံခါးပိတ်လိုက်သည်ကို တွေ့လိုက်သည်။

တံခါးအကွယ်လေးနောက်မှ ဝေယံအောင်ရင်ခုန်သံ မြန်လို့လာခဲ့သည်။ မထင်မှတ်ထားသည့် သီဟစော၏ အိမ်ထောင်ရေး မြင်ကွင်းတချို့ကို သိလိုက်ရသဖြင့် ဝေယံအောင် ဘာဆက်လုပ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။

------------------------------------------



အပြာရောင် အချစ်ညများWhere stories live. Discover now