အပြာရောင် အချစ်ညများအပိုင်း (10)

14K 1K 25
                                    


အပြာရောင် အချစ်ညများ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပြာရောင် အချစ်ညများ

အပိုင်း (10)

သီဟစောသည် မနက်စာ အတူစားပြီးနောက် ကားတစ်စီးနှင့် အပြင်ထွက်သွားခဲ့သည်။ ဝေယံအောင်သည် ဘာကြောင့်ရယ်မသိ အိမ်ထဲမှ ကျောခိုင်းထွက်ကား ကားနက်ကြီးပေါ် တက်သွားသည့် သူ့ပုံရိပ်ကို မျက်စိထဲ ထပ်တလဲလဲမြင်ယောင်ကာ စိတ်ထဲ လေးဆင်းသွားခဲ့သည်။ ပြန်မလာမည့် ခရီးကို ထွက်သွားသလို၊ အကြောင်းတစ်ခုကြောင့် မိမိကို ထားသွားသလိုခံစားရပြီး ခြံဝဘက်ကို အကြာကြီးငေးကြည့်နေမိသည်။ စိတ်ထဲတော့ လုံးဝကို မကောင်းသဖြင့် လူလည်း ငြိမ်ကျသွားမိသည်။ သာမန် အပြင်လေး ထွက်သွားသည်ကိုပင် မိမိက ဘာကြောင့်ဒီလောက်ခံစားနေရသည် မသိတော့ပေ။ သူ ဒီရက်ပိုင်း ခရီးသွားဦးမည် ပြောသော်လည်း ချက်ချင်းထွက်သွားမည်မှန်း မထင်ထားမိပေ။

"ကိုသီဟစော ဘယ်ကို သွားတာလဲ ကိုမင်း.."

"အကိုကြီး ကုန်သည်တွေနဲ့တွေ့ဖို့ သွားတာပါ အကိုဝေယံ...။ "

ကိုမင်း ပြောသည်ကို ဝေယံတကယ်ထင်ခဲ့သည်။ ဒါကြောင့် ဆက်မမေးတော့ပဲ ညီမလေးနှင့် အတူခြံထဲကို ဆင်းလာခဲ့သည်။ ကိုမင်းက ကျင်းကို ဖုန်းဆက်ကာ မန်နေဂျာကို သေချာမှာနေသည်။ အကိုကြီးခိုင်းထားသည့် အလုပ်များကိုလည်း ဖုန်းဆက်ပြီး ညွှန်ကြားနေရသဖြင့် မိုးဖြူတို့ မောင်နှမကို လွှတ်ထားမိသည်။ ကိုသစ်က အကိုကြီး မသွားခင်ကို ကျင်းကို သွားခဲ့လေပြီ။ မခိုင်ကလည်း ကားတစ်စီးနှင့် အပြင်ထွက်သွားသဖြင့် အိမ်မှာ လူရှင်းနေသည်။ ဒါကြောင့် ကိုမင်းက စာကြည့်ခန်းထဲတွင် အလုပ်အားလုံးကို ဖြတ်နေသည်။

အပြာရောင် အချစ်ညများWhere stories live. Discover now