Part 3

6.1K 523 40
                                    

တစ်မနက်ခင်းလုံး ကျွန်တော့်စိတ်တွေရှုပ်နေသည် ..

မနေ့ညက တစ်ညလုံးမင်းသက်နောင်အကြောင်း ထိုင်တွေးနေသဖြင့် မနက် 5 နာရီလောက်မှ လူက အိပ်ပျော်သွားသည် .. ပြန်နိုးလာသည့်အချိန်တွင် မနက် 8 နာရီခွဲ .. အိပ်ရာထဲမှ အသည်းအသန်ထကာ မျက်နှာသစ် သွားတိုက် ရေချိူးပြီး ကျောင်းကိုရောက်သည့်အချိန်တွင် 9:25 .. အတန်းထဲရောက်တော့ ဆရာက ကျောင်းနောက်ကျသဖြင့် ဆူသည် .. စာသင်ချိန် နာရီဝက်လောက်လွတ်သွားသဖြင့် သင်နေသော Java ကို ဘာတစ်ခုမှ နားမလည်လိုက် .. ဒုတိယအချိန်ရောက်တော့လည်း အိမ်စာပေးလိုက်တာတွေကို မနေ့ညက မလုပ်ခဲ့လိုက်ရသဖြင့် ထပ်အဆူခံရသည် ..

တစ်မနက်ခင်းလုံးက $ တလွဲ ..

12 ထိုး Lunch Break တွင် Canteen သွားရန် သူငယ်ချင်းများက ခေါ်ပေမယ့် ထမင်းစားဖို့စိတ်မပါသဖြင့် မလိုက်တော့ဘူးဟု ငြင်းလိုက်သည် .. စိတ်ညစ်တိုင်းကြည့်နေကျဖြစ်သော ဟာသကား Modern Family ကို ဖွင့်ပြီး အခန်းထဲတွင် တစ်ယောက်ထဲ ဇာတ်ကားကြည့်နေချိန်တွင် အခန်းတံခါးခေါက်သံကြားသဖြင့် ခေါင်းထောင်ကြည့်မိလိုက်သည် ..

'မင်းသက်နောင် 😍'

တစ်မနက်ခင်းလုံး အလုပ်တွေရှုပ်နေသဖြင့် သူ Supernatural လာယူမည်ဟုပြောထားသည်ကို မေ့နေမိသည် ..

'Supernatural လာယူတာ Bro ..'

အခန်းပေါက်ဝမှာ ဒီအတိုင်းရပ်နေသောသူ့ကို ကျွန်တော်က အထဲဝင်လာခဲ့ဖို့ လှမ်းခေါ်လိုက်ရသည် ..

'အင်း .. လာလေကွာ .. ဒီမှာ လာ ထိုင် .. ငါက တစ်မနက်ခင်းလုံး အလုပ်ရှုပ်နေတာနဲ့တင် မင်းလာမယ်ဆိုတာကိုတောင် မေ့နေတာ ..'

ကိုယ့်ဘေးဝင်ထိုင်လိုက်သည့်အချိန်တွင် သူ့ဆီမှရေမွှေးနံ့က ကိုယ့်ဆီရောက်လာသည် .. သစ်သီးရနံမွှေးနေသော ရေမွှေးနံ့လေး .. အနီးကပ်ရနေသောရေမွှေးနံ့လေးကြောင့် အသည်းတွေယားပြီး ရင်ထဲမှာပါ ကျလိကျလိဖြစ်လာကာ လူက မနေတတ်မထိုင်တတ်တွေ ဖြစ်လာချိန်တွင် သူ့ဘက်မှ စကားစပြောလာသည် ..

'အစက မနက်ကတည်းကလာမလို့ပဲ Bro .. ကျွန်တော် အိပ်ရာထနောက်ကျပြီး ကျောင်းနောက်ကျလို့ အခု 12 Lunch Break မှ လာဖြစ်တာ ..'

Junior and Me [Completed]Where stories live. Discover now