Part 12

4.5K 399 13
                                    

အိမ်ကိုသာပြန်ရောက်သွားပေမယ့် မင်းသက်ကိုစိတ်ပူတဲ့စိတ်နဲ့ ထမင်းလည်း မစားနိုင်, စာလည်း မလုပ်နိုင်, Facebook သုံးနေရတာတောင် စိတ်မပါ .. Messenger မှာလည်း သူ့အကောင့်လေးက Offline ဖြစ်နေတော့ သူနဲ့ပတ်သက်ပြီး တခြားဘယ်သူ့ဆီသွားအကူအညီတောင်းလို့တောင်းရမှန်းလည်း မသိ .. ကျွန်တော့်ထဲမှာ သူ့အမေရဲ့ Ph Number ရှိပေမယ့် ကျွန်တော်ဆက်လိုက်မှ ပိုဆိုးသွားမှာကိုလည်း ကြောက်ရသည် .. ကြံရာမရသည့်အဆုံး ကျွန်တော်စိတ်ညစ်တိုင်းကြည့်နေကျ ဟာသ Series 'Modern Family' သာ ထိုင်ကြည့်နေလိုက်တော့သည် .. ရယ်စရာအခန်းလေးတွေမှာ ခဏတာ ထရယ်လိုက်ရပေမယ့် ရင်ထဲမှာပူနေတာကတော့ လျော့မသွား 😞

ည 11 လောက်မှသာ သူ့ဆီက Ph ဝင်လာခဲ့သည် ..

'မင်းသက် .. အဆင်ပြေရဲ့လား?'

'Online တက်ခဲ့ပါ့လား အစ်ကို? Video Call ပြောချင်တယ်'

သူ့လေသံလေးက အားမပါရှာ .. သူနဲ့ Video Call ပြောရမှာမို့ လူက ပျော်သွားသော်လည်း သူ့အသံလေးကိုကြားပြီး ကျွန်တော့်စိတ်က ချက်ချင်းဝမ်းနည်းသွားရသည် ..

Messenger ကနေ Video Call ခေါ်လိုက်တော့ Ph Screen မှာပေါ်လာတဲ့ သူ့မျက်နှာလေးက နွမ်းနေရှာသည် ..

'Are you ok?'

'အစ်ကိုရယ် .. ညီလေး တအားစိတ်ညစ်တာပဲဗျာ... '

သူစိတ်ညစ်နေတာကိုမြင်ပြီး ကျွန်တော်က ငိုချင်လာသည် ..

'စိတ်မညစ်ပါနဲ့ မင်းသက်ရာ .. အစ်ကိုတစ်ယောက်လုံးရှိတာပဲကို .. အခုက ဘာဖြစ်တာလဲ? အစ်ကို ဘာကူညီပေးရမလဲ? ဖြစ်ချင်တာကို အစ်ကိုကို့ ပြောပြကြည့်'

'ညနေက မာမားနဲ့ ပါပါး အကြီးအကျယ်စကားများကြတယ်..'

'ဟုတ်လား? ဘယ်လိုဖြစ်ကြတာလဲ? အစ်ကို့ကို ပြောပြချင်လား?'

'ကျွန်တော်က ခါတိုင်းဆို ညနေ 5 နာရီတိုင်း မာမားကိုခေါ်ပြီး ဖိုးဖိုးအိမ်ကို လိုက်ပို့ပေးနေကျဗျာ .. ပါပါးလိုက်ပို့ပေးတဲ့အလှည့်တွေလည်း ရှိတော့ရှိပါတယ် .. ပါပါးက ခရီးခဏခဏထွက်ရတော့ မားမားကို ကျွန်တော်ပဲ အမြဲလိုလို လိုက်ပို့ပေးနေရတာ ..'

သူက ကျွန်တော့်ကိုမကြည့်ပဲ မျက်နှာလွှဲပြီး ဆက်ပြောသည် ..

Junior and Me [Completed]Where stories live. Discover now