Part 6

5.1K 466 44
                                    

'ဟာဗျာ .. Bro အဲ့ဒါ ဘာလုပ်တာလဲ? မရိုက်နဲ့လေဗျာ ..  ကျွန်တော် ရှက်တယ် .. မနေတတ်ဘူး ..'

IC-Heaven မှာ ကျွန်တော့်ရှေ့တွင်ထိုင်ပြီးရေခဲမုန့်စားနေသောသူ့ကို ကျွန်တော် ကြည့်ပြီး အူယားသဖြင့် Ph သုံးနေသလိုပုံစံလုပ်ကာ ဓာတ်ပုံခိုးရိုက်နေသည်ကို သူသိသွားတော့ ရှက်ရမ်းရမ်းပြီး ကျွန်တော့်ဆီက Ph ကို လှမ်းလုသည် ..

ကျွန်တော်ကလည်း လက်ထဲက Ph ကို မပါမခံ ..

'ဆေးထိုးဖို့အတွက် ပုံတွေကတော့ ရိုက်ထားရမှာပဲ ဟောင့်' ဟုပြောပြီး ကျွန်တော်က အောင်နိုင်သူအပြုံးနှင့် သူ့ကို ခနဲ့လိုက်သည် ..

သူက ကျွန်တော့်ကို မျက်စောင်းထိုးကြည့်ပြီး ..

'Bro ရိုက်ချင်ရင် ကျွန်တော် Pose အသေအချာပေးမယ် .. ကောင်းကောင်းတော့ ရိုက်ပေးနော် .. မကောင်းရင် အသေပဲ ..' ဟုပြောပြီး ကျွန်တော့်ရှေ့တွင် အကျအန Pose ပေးနေသောသူ့ကိုကြည့်ကာ ကျွန်တော်ရယ်ချင်မိသွားသည် ..

ဒီကလေးနဲ့အတူရှိနေတဲ့အချိန်တွေဆိုရင်ကို လူက အလိုလိုစိတ်ချမ်းသာနေမိတတ်သည် .. သူနဲ့ကျွန်တော်က အသက် 4 နှစ်ကွာသဖြင့် ကျွန်တော့်အပေါ်ကို သူက သူဆိုးချင်တိုင်းဆိုးလို့ရသောအစ်ကိုတစ်ယောက်သဖွယ် သဘောထားပြီး နှိပ်စက်နေသည် .. ကျွန်တော်ကလည်း နဂိုကတည်းကညီလေးတစ်ယောက်လိုချင်နေတဲ့သူပီပီ သူဆိုးတာတွေကို ဗွေမယူရက် ..

ခင်တာသိပ်မကြာသေးပေမယ့် သူနဲ့စကားပြောနေရတဲ့အချိန်တွေဆိုရင် စိတ်ချမ်းသာမိနေတတ်သည်ကို သတိထားမိသည် .. သူနဲ့အတူရှိနေတဲ့အချိန်တွေဆိုရင် ပတ်ဝန်းကျင်ကပါ ပိုပြီးသာယာလာကာ ကိုယ့်ဘေးမှာသူရှိနေတဲ့အချိန်တွေဟာ တစ်နေတာလုံးရဲ့စိတ်အချမ်းသာရဆုံးအချိန်များ ဖြစ်လာလေသည် ..

သို့ပေသော်ငြား ကိုယ်က ခဲမှန်ဖူးတဲ့စာသူငယ်ဖြစ်နေသောကြောင့် သူ့ကိုလည်း ချက်ချင်းကြီးလည်း မယုံရဲသေး ..

ကိုယ့်ဘက်ကသာ မယုံရဲသေးပေမယ့် သူကတော့ ကိုယ့်ဆီကို ခဏခဏရောက်လာသည် .. အခုပဲ ကြည့် .. Dark Chocolate Ice-Cream စားချင်တယ်ဆိုလို့ IC-Heaven ကို လိုက်ပို့ပေးရတာ ဒါနဲ့ဆို 5 ခေါက်လောက်တောင်ရှိနေပြီ ..

Junior and Me [Completed]Where stories live. Discover now