Part 15 (Final Episode)

7.2K 444 77
                                    

ကျွန်တော်စင်ပေါ်ကဆင်းတော့ ကျွန်တော့်သူငယ်ချင်းများက စင်နောက်ကနေ ဆီးကြိုနေကြသည် .. သူတို့နောက်တွင် မင်းသမီးရဲ့သူငယ်ချင်းများ .. အကုန်လုံးက လူရွှင်တော်အဖွဲ့နဲ့ဓာတ်ပုံရိုက်လိုက် မင်းသမီးနဲ့ဓာတ်ပုံရိုက်လိုက်လုပ်နေကြချိန်တွင် စင်နောက်ထဲသို့ မင်းသက်နောင် ဝင်လာသည် .. ကျွန်တော် သူ့ကို လှမ်းမြင်ပေမယ့် ဘေးနားမှာ သူငယ်ချင်းတွေနဲ့ပြည့်နေတာမို့ လှမ်းခေါ်လို့မရ .. သူကလည်း ကျွန်တော့်ကို လှမ်းမြင်ပေမယ့် သူနဲ့ကျွန်တော့်ကြားမှာ လူတွေရှိနေသေးသဖြင့် ဝင်လာလို့မရသေး ..

ကျွန်တော်တို့နှစ်ယောက်ရဲ့အဖြစ်ကိုမြင်သောမင်းသမီးက မင်းသက်ကို အဲ့နားမှာပဲနေဆိုပြီး လက်ဟန်ခြေဟန်ပြကာ ကျွန်တော့်ကို လူအုပ်ကြီးကြားထဲမှ ဆရာခေါ်နေတယ်လို့ပြောပြီး ခေါ်ထုတ်သွားသည် .. မင်းသက်ရှေ့ရောက်တော့ မင်းသက်ကိုပါဆွဲခေါ်ပြီး အဝတ်လဲခန်းဘက်ကိုသွားကာ ..

'ကဲ .. မောင်လေး .. ရော့ ဒီမှာ မင်းအစ်ကို ...

ကိုဇွဲထက် .. သမီး သွားပြီနော် .. ဟီး 😬'

Fujoshi ပီသသောမင်းသမီးကို ဒီတစ်ခါတော့ ကျွန်တော် ကြိတ်ပြီး ကျေးဇူးတင်မိသွားသည် .. အခုမှပဲ မင်းသက်နဲ့ နှစ်ယောက်ထဲ အေးအေးဆေးဆေးတွေ့ခွင့်ရသွားခြင်း ..

'အစ်ကို့ Ph ရော့ .. ညီလေး ပုံတွေရော Videos တွေရော အများကြီးရိုက်ပေးထားတယ်'

'ကျေးဇူးပါကွာ .. အခုလို ဓာတ်ပုံရိုက်ပေးမယ့်သူရှိမှပဲ ပုံကောင်းတွေ ရမှာပဲ .. အရင်နှစ်တွေကဆို Selfie တွေလောက်ပဲ အစ်ကို့လက်ထဲ အဖက်တင်တယ်..'

'ဟုတ် .. ရပါတယ်ဗျ .. ညီလေး အာ့ဆို ပြန်တော့မယ်နော် .. ဟိုကောင်တွေက ညီလေးကို အတင်းခေါ်နေပြီ'

'ခဏလေး မင်းသက် .. ပြောစရာရှိသေးလို့ .. '

ပြောသင့်မပြောသင့်အရင်စဉ်းစားနေပေမယ့် အခုအချိန်ထပ် ပိုကောင်းတဲ့အချိန် မရှိတော့ဘူးဆိုတာကို တွေးလိုက်ပြီး ..

'ညီလေးကို အစ်ကို.. ချစ် တယ်... '

MtN - 'I love you too, Bro .. I'll talk to you later, ok? ဟိုကောင်တွေက ညီလေးကို Ph ဆက်ခေါ်နေပြီမို့လို့ .. '

Junior and Me [Completed]Where stories live. Discover now