~• ဟာ... ဒီမှာ... ကောင်လေး သတိရလာပြီ... •~
နားထဲ ကျယ်ကျယ်လောင်လောင် ဝင်လာတဲ့ အသံတွေကြောင့် Kyung Soo အိပ်နေရာကနေ ထထိုင်လိုက်မိတယ်...
ကျစ်!... ရက်ကွက်ထဲ အော်ကျယ် အော်ကျယ် နဲ့ ဘယ်က လူတွေ ရောက်နေတာလဲ....
အလိုက်ကန်းဆိုး ကို မသိကြဘူး...
~• ကောင်လေး မင်းဘယ်သူလဲ... •~
~• ဟင်!.... ဘာကို ... •~
ယောင်ယမ်းပြီး မေးလိုက်မိပြီးမှ ပတ်ဝန်းကျင် ကို လှည့်ကြည့်မိတော့ Kyung Soo ကို ပတ်ပတ်လည် ဝိုင်းနေကြတဲ့ လူတွေ...
နေရာကလည်း Kyung Soo နေတဲ့ အခန်း မဟုတ်...
ကွင်းပြင်ကျယ်ကြီး တစ်ခုလိုပဲ....
~• ကျွန်တော် ဘယ်ကို ရောက်နေတာလဲ..•~
Kyung Soo ထိတ်ထိတ် ပျာပျာ နဲ့ မေးကြည့်မိတော့ ဦးလေးကြီး တစ်ယောက်က
~• မင်း တံငါရွာ လေး တစ်ခုကို ရောက်နေတာ..... •~
~• ဗျာ!... တံငါရွာ.... မဟုတ်သေးပါဘူး ... ဘယ်လိုဖြစ်ပြီး... အား...ကျွတ်...ကျွတ်... နာလိုက်တာ..... •~
ပြောရင်း ဆိုရင်း ဆစ်ခနဲ ထိုးကိုက်လာတဲ့ ခေါင်း ကို ကိုင်လိုက်တော့ လက်မှာ ကပ်ပါလာတဲ့ ညှီစို့စို့ သွေးတွေ.....။
~• ရဲတွေ ရောက်လာပြီ.... ရဲတွေ လာပြီ.. •~
ခပ်လှမ်းလှမ်း ကနေ လှမ်းအော်တဲ့ အသံတွေကြောင့် Kyung Soo ကို ဝိုင်းကြည့်နေတဲ့ လူအုပ်ကြီးက ဘေးကို ရှဲသွားကြလေရဲ့....။
~• ခင်ဗျား ကျွန်တော်တို့နဲ့ လိုက်ခဲ့ရပါလိမ့်မယ်... •~
*ချလောက်*
ပြောလည်း ပြော လက်ထိပ်လည်း ခတ်ခံလိုက်ရတာကြောင့် ကြောင်သွားရသည်။
~• နေပါဦး...... ခင်ဗျားတို့ ဒါ ဘာလုပ်ကြတာလဲ..... ဟေ့လူတွေ...ဟာ.. •~
အော်ဟစ်ပြောဆိုနေရင်း Kyung Soo ရဲကားထဲ ရုန်းရင်းဆန်ခတ် နဲ့ ပါသွားခဲ့ရတယ်....
ဘာတွေ ဖြစ်နေခဲ့တာလဲ?..
ငါဘာလို့ ဒီကို ရောက်နေရတာလဲ? ...
YOU ARE READING
Parallel Universe // ♡
Fanfiction~~ကမ္ဘာတွေခြားနေပေမယ့်... ရင်ဘက်ချင်းနီးနေရင်လည်း ဖြစ်ပါတယ်... ကိုယ်တို့တွေဘယ်လောက်ဝေးဝေး ရင်ခုန်သံတွေမဟောင်းကြေးနော်..~~ KAISOO BOY×BOY