Parallel Universe♡5♡

749 118 3
                                    


~• ထည့်စားလေ Kyung ရဲ့.... ဘာလို့လဲ စားမကောင်းဘူးလား... •~

လှီးထားတဲ့ အသားတွေကို ခက်ရင်းနဲ့ ဟိုထိုး ဒီထိုး လုပ်မိနေတုန်း ရှေ့ထွက်လာတဲ့ အသံ ခပ်ဩဩကို ကြားမှ သူရှိနေမှန်း သတိရသည်။

သူဆိုတာ Kyung Soo နဲ့စေ့စပ်ထားတဲ့ သူ ....

သူရဲ့ နာမည်က Kim Jongin တဲ့ ...

အိမ်ကို ရုတ်တရက် ရောက်ချလာတဲ့ သူဟာ အိမ်နဲ့ မနီးမဝေးဆိုင် တစ်ဆိုင်မှာ ညစာ တူတူစားရန်ဟုဆိုကာ ခေါ်ထုတ်လာခဲ့ခြင်း ...

မလှုပ်မယှက်ဖြစ်နေတဲ့
Kyung Soo မျက်နှာရိပ် မျက်နှာကဲ ကို သေချာ  ကြည့်ကာ လိုက်မေးနေတာမို့ အသားစ တစ်ခုကို ပါးစပ်ထဲ မြန်မြန်းထိုးထည့်လိုက်ရသည်။

~• စားမကောင်းရင် ပြောလေ Kyung .... ကိုယ်တို့ တခြားဆိုင် သွားကြမလား....•~

~• ဟင့်အင်း...ရပါတယ် ... စားလို့ ကောင်းပါတယ်... •~

လည်ပင်းမှာ တစ်နေတဲ့ အစာတွေကို ရေနဲ့ မျှောချရင်း ခပ်သွက်သွက် ဖြေတော့မှ ခေါင်း တငြိမ့်ငြိမ့် နဲ့ ဆက်စားနေပြန်သည်။

~• တော်သေးတာပေါ့....Kyung များ စားလို့ မကောင်းဘူးလားလို့.... အရင်က Kyung ဒီဆိုင်က အသားဆို သိပ်ကြိုက်တာလေ... •~

~• ဟိုလေ..... Jongin sshi....ကျွန်တော်ကလေ accident တစ်ခု ဖြစ်ထား....•~

~• ကိုယ် သိပါတယ် Kyung..... accident ကြောင့် ဘာမှ မမှတ်မိဘူး ဆိုတာလည်း သိတယ်... ဒါပေမယ့် ကိုယ့်ကို အရင်လို Jongin လို့ပဲ ခေါ်ပေးနိုင်မလား.... Jongin sshi ဆိုတာကြီးကို ကိုယ်သဘောမကျဘူး... •~

အမိန့်မဆိုသာတဲ့ ခပ်ပြတ်ပြတ် လေသံကြောင့် ခေါင်းသာ အသာငြိမ့်ပြမိလိုက်သည်။

သူကတော့ စိတ်ခုသွားသည်ထင်ရဲ့ ...
စားလက်စတွေကို ရပ်ပစ်လိုက်ကာ Kyung Soo ကို ကြည့်နေပြန်တဲ့သူ....။

ပန်းကန်ထဲက အသားတွေကို ကုန်သွားတဲ့အထိ သူ Kyung Soo  ကို ငေးစိုက်ကြည့်နေတုန်း.....

~• ဟို  ..   ကျွန်တော် စားလို့ ပြီးပြီ Jongin.... •~

Kyung Soo စကားစတော့မှ အင်းဟုဆိုကာ အကြည့်လွှဲသွားပြီး ကောင်တာမှာ ဘေလ် သွားရှင်းနေတဲ့ သူ့ကို ကြည့်ကာ သက်ပြင်းကို ဟူးခနဲ မှုတ်ထုတ်လိုက်မိသည်။

Parallel Universe // ♡ Where stories live. Discover now