Parallel Universe♡3♡

658 106 17
                                    


   ~•  Kyung Soo ရေ.... ပြီးပြီလား... သွားကြမယ်လေ..... •~

အခန်းဝကနေ ပျံ့လွင့်လာတဲ့ Baekhyun  ရဲ့ အသံဆာဆာကြောင့် အပေါ်ဝတ် တစ်ထည်နဲ့ ဖုန်းကို ယူပြီး ထွက်လာခဲ့သည်။

ဒီအိမ်ကို ရောက်တာ တစ်ပတ်ကျော်ပြီမို့ Baekhyun နဲ့လည်း ရင်းနှီးသင့် သလောက် ရင်းနှီးနေပြီ ဖြစ်သည်။

အခုလည်း Baekhyun က ပစ္စည်းတွေ ဝယ်စရာ ရှိတယ်ဟုဆိုတာ အဖော်ခေါ်တာကြောင့် လိုက်ပေးဖြစ်ခြင်း....

Kyung Soo ဒီကို ရောက်လာရတဲ့ အကြောင်း တစ်ပတ်အတွင်း  ကို တတ်နိုင်သလောက် စုံစမ်း ပြီးပေမယ့် အစတောင် ရှာမရ ...

ဒါ့ကြောင့် အိမ်မပြန်ရပဲ သောင်တင်နေတာ တစ်ပတ်ကျော်ပြီပေါ့လေ.... .
.
.
.
.
.

~• Kyung Soo ... ဒါလေး နဲ့ ငါနဲ့ လိုက်တယ် မဟုတ်လား.... •~

~• အင်း.....•~

~• ဒါလေးရော... လိုက်လား..•~

~• အင်း...•~

~• ဒါပေမယ့် အရောင်မှိန် သလိုပဲနော်.... •~

~• အင်း....•~

အင်္ကျီတွေ တစ်ထည်ပြီး တစ်ထည် သူ့ကိုယ် နဲ့ ကပ်ကြည့်ကာ လိုက်မေးနေတဲ့ Baekhyun ကို စိတ်ကျေနပ်အောင် တအင်းအင်း လုပ်ပေးနေရသည်။

~• ဟာ!.... Kyung Soo ကလည်း ..... သေသေချာချာ ကြည့်ပေးပါဟ...တအင်းအင်းနဲ့ .. စိတ်မပါ လက်မပါ... အရင်က Fashion King Do Kyung Soo ဘယ်ရောက်သွားတာလဲ.... ဟွန်း!...•~

ပြောရင်း ဆိုရင်း စိတ်ကောက်သွားပြီ ဖြစ်တဲ့ Baekhyun ကို ကြည့်ကာ ရယ်မိလိုက်သည်။

Fashion King Do Kyung Soo ဆိုပဲ....
ဒီ Do Kyung Soo ကတော့ဖြင့် ဖက်ရှင်ကင်း မပြောနှင့်...
ဖွတ်ရှင်ကင်းတောင်မဟုတ်...

ဒါပေမယ့် လောလာလတ်လတ် စိတ်ကောက်နေတဲ့ Baekhyun ကို ချော့ရမှာက အဓိက ဖြစ်သည်။

ဘာလို့ဆို Baekhyun ရဲ့ စိတ်ကောက်မှု ဒဏ်ကို တစ်ပတ်ကျော်အတွင်း နှစ်ခါတိတိ ခံဖူးသွားပြီ..

သူ ပြုတ်ပေးတဲ့ ဆန်ပြုတ်ကို ငန်တယ်လို့ ပြောမိတုန်းက တစ်ခါ
သူ game တူတူဆော့ဖို့ ခေါ်တုန်းက ငြင်းလိုက်မိလို့ တစ်ခါ.... စိတ်ကောက်တာကို အာပေါက်အောင် ပြန်ချော့ခဲ့ရဖူးသည်။

Parallel Universe // ♡ Where stories live. Discover now