Parallel Universe♡4♡

629 113 5
                                    


     ~• ဝှား.... နိုးတောင် နိုးနေပြီလား.....Kyung Soo .... •~

    မနက်စာ အတွက် ပြင်ဆင်နေတုန်း နောက်ကျောဘက်က ထွက်လာတဲ့ အသံကြောင့် လှည့်ကြည့်မိတော့ ထမင်းစားခန်း အဝ မှာ မှီပြီး ရပ်နေတဲ့ Baekhyun....

အိပ်ရာနိုးခါစ ဆံပင် စုတ်ဖွားနဲ့ ရှုံ့မဲ့နေတဲ့ မျက်နှာပေး အရ ညက အကျိုးဆက်ကြောင့် အရက်နာကျသွားပုံပင်...

နားထင်ကြောကို ဖိနှိပ်နေသေးတာ.......

ခုံပေါ်က ပျားရည် ခွက်ကို မေးငေါ့ပြတော့ ကျေးဇူး ဟု ဆိုကာ တစ်ကျိုက်တည်း မော့သောက်လေရဲ့....

~• ဩော်.... ဒါနဲ့ Baekhyun.... •~

ညက ပုံတွေ အကြောင်း မေးဖို့ သတိရတာကြောင့် စကားစမိတော့ ပျားရည် သောက်နေရင်း တန်းလန်း နဲ့ လှည့်ကြည့်လာသည်။

~• ညက မင်း ငါ့ကို ပေးတဲ့ ပုံထဲက လူက ဘယ်သူလဲ.... အခန်းထဲက ပုံတွေကလည်း သူ့ပုံတွေပဲ မဟုတ်လား...•~

~• ဟင်!.....Kyung Soo ya!... မင်း တကယ် မမှတ်မိတာလား... သူ့ကိုလေ... •~

Baekhyun ဒီလောက် ပြူးတူး ကြောင်တောင် ဖြစ်နေပုံအရ တော်တော် အရေးကြီးသည့် သူ ထင်သည်။

~• အင်း!.... ငါ တကယ် မမှတ်မိဘူး Baekhyun •~

~• သူက .... မင်းနဲ့.... စေ့စပ်ထားတဲ့ လူလေ...မင်းရဲ့ ချစ်သူလေ..•~

~• ဘာ..........•~

.
.
.
.
.
.
.
.
.
.

  အခန်းထဲ ချိတ်ထားတဲ့ ဓာတ်ပုံတွေကို ကြည့်ရင်း ကြည့်ရင်း စိတ်တွေ ရှုပ်လာရသည်။

မယုံနိုင်စရာတွေ ဆက်တိုက် ဆိုသလို ဖြစ်လာနေတာမို့ ဘယ်လို ဖြေရှင်းရမယ် မှန်းလည်း မသိ.....

အခုလည်း သူဟာ ယောကျာ်း တစ်ယောက်နဲ့  ချစ်ကြိုက်ပြီး  စေ့စပ်ထားပြန်သည် တဲ့.....

ဘာတွေ မှား နေမှန်း မသဲကွဲ ပေမယ့် တစ်ခုခု တော့ မှား နေတာ သေချာသည်။

စိတ်ရှုပ်ရှုပ်နှင့် နံရံက ဓာတ်ပုံတွေကို မျက်စောင်းတွေ လှိမ့်ထိုးကာ ဝရန်တာ ကို ထွက်လာ လိုက်မိသည်။

Parallel Universe // ♡ Where stories live. Discover now