Parallel Universe ♡6♡

348 69 2
                                    


DreamLand Cafe

ဆိုင်းဘုတ်ကြီးကြီး ချိတ်ဆွဲထားတဲ့ ကော်ဖီဆိုင် ရှေ့ အရောက်မှာ Kyung Soo သက်ပြင်းကို ခပ်လေးလေး ချလိုက်မိသည်...

မနက်စောစော ဖုန်းထဲ ရောက်နေတဲ့ Message ထဲက တည်နေရာကို ထွက်လာခဲ့ပြီးသည့်နောက် ရင်တွေက တလှပ်လှပ် တုန်နေရသည်.....

ကြည်လဲ့လဲ့ မှန်ချပ်တွေ ကာရံထားတဲ့ ဆိုင်ရဲ့ အတွင်းမှာတော့ Mira ဆိုသည့် မိန်းကလေးရှိနေသည်.....

ဆိုင်ပြင်မှာ ရပ်နေသည့် သူ့ကို မြင်တော့ ကော်ဖီခွက်ကို အသာချရင်း လက်လှမ်းပြတာမို့ ဒုတိယမ္ပိ သက်ပြင်းကို မှုတ်ထုတ်ရင်း ခြေလှမ်းတွေကို ဆိုင်ထဲ ရွှေ့လိုက်ရသည်....

~• ထိုင်ပါ.... Kyung Soo sshi...... ဘာသောက်မလဲ တစ်ခုခုမှာလေ..•~

~• Latte တစ်ခွက်ပဲ ပေးပါ.... •~

ဘေးနား ရပ်နေတဲ့ Waiter လေးကို ပြောလိုက်တော့ ခေါင်းတငြိမ့်ငြိမ့် လုပ်တဲ့ သူမ...

~• Mira sshi ကျွန်တော်ကို တွေ့ဖို့ခေါ်တာက?...•~

~• Kyung Soo ရဲ့ ကိစ္စ...အင်း... Kyung Soo လို့ပဲ ခေါ်လို့ရတယ်ဟုတ်?..... နောက်ကနေ sshi ဆိုတာကြီး ထည့်ခေါ်ရတာက သိပ် အဆင်မပြေလို့•~

~• ရပါတယ်... ပြောပါ...•~

~• တွေ့ဖို့ပြောရတဲ့ ကိစ္စက Kyung Soo ရဲ့ မူလနေရာကို ပြန်ဖို့ နဲ့ ပက်သက်တာမို့လို့ပါ.. •~

~• နည်းလမ်း တွေ့တာလား Mira sshi.... ကျွန်တော် တကယ်ပဲ ပြန်နိုင်တော့မှာလား... •~

~• အဲ့လို အလောတကြီးတော့ မဖြစ်သေးဘူး Kyung Soo ... အခုက လမ်းစတွေ့ရုံပဲ ရှိသေးတာပါ.... ဒါပေမယ့် မကြာပါဘူး ... ရှင် အိမ်ပြန်နိုင်မှာပါ.... •~

~• ကျေးဇူးတင်ပါတယ် Mira sshi... •~

~• ရပါတယ်.... ကျွန်မ သတိပေးချင်တာတော့ ရှိတယ်.... မပြန်ရခင် အတောအတွင်း ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ... အကယ်၍ ရှင် ဒီကမ္ဘာမှာများ အသက်အန္တရာယ် နဲ့ တွေ့ခဲ့ရင် အိမ်ပြန်နိုင်ဖို့ ခက်ခဲသွားနိုင်တာမို့... •~

~• နားလည်ပါပြီ ကျွန်တော် ဂရုစိုက်လိုက်ပါ့မယ်.... ဒါဆို ကျွန်တော့်ကို သွားခွင့်ပြုပါဦး.. •~

You've reached the end of published parts.

⏰ Last updated: Jun 30, 2019 ⏰

Add this story to your Library to get notified about new parts!

Parallel Universe // ♡ Where stories live. Discover now