12
3.2K 248 9
Zawgyi
"ကြင်​ယာ​တော်​jong ..​ဆေးကျမ်းစာအုပ်​​တွေ
ပြုစု​နေပြီး ​ဆေးပင်​​တွေ ​လေ့လာ​နေတာပါ
နေ့လည်​ကတည်းက အခုထိ ထွက်​မလာ​သေးတာပါဘုရား..မယ်​မယ်​ကြီးက မနက်​ဖြန်​ အပြီးလုပ်​ရမယ်​ဆိုလို့ ပါ "
ကျစ်​..ညစာ​ရော စားပြီးရဲ့လား..
အဲ့တာ​တွေ သိလို့ တားတာကို မနာခံတဲ့က​လေး..
ရိုက်​ပစ်​ဖို့​ကောင်းတယ်​...
သူက​တော့ ကျ​နော့်​ကို မထိခိုက်​​စေချင်​လို့
လုပ်​လိုက်​တာ​ပေမယ့်​ သူတစ်​ခုခုဖြစ်​​နေမှ​တော့
ကျ​နော်​မနာကျင်တာ ဖြစ်​သင့်​ပါ့မလား ?
အဲ့ကိစ္စနဲ့ပတ်​သက်​ပြီး ကျ​နော်​ niniကို
စကားမ​ပြောတာ အ​နောက်​​ဆောင်​မှာ စလုပ်​တဲ့​နေ့ကတည်းကပဲ..
စောင်​က​လေး..
နေနိုင်​လွန်းတယ်​...စိတ်​ဆိုး​နေတဲ့ သူကို ပြန်​မ​ချော့တဲ့အပြင်​ စကား​တောင်​လာမ​ပြောဘူး..
အ​ဆောင်​တွင်းထဲ​ရောက်​​တော့ စားပွဲ​ပေါ်မှာ
ခေါင်း​လေးတစ်​​စောင်းတင်​ပြီး အိပ်​​ပျော်​​နေတဲ့nini..
ခြေလှမ်းခပ်​ဖွဖွနင်းပြီး အနားသွားလိုက်​သည်
ပါး​လေး​တွေ​တောင်​ ပိန်​သွားသလား..
ပါး​လေးတစ်​​ဖက်​ကို ဖိမိထား​တော့
နှုတ်​ခမ်း​လေးက ဖူးထွက်​​နေတယ်​..
နဖူး​ပေါ်ကျ​နေတဲ့ ဆံပင်​​လေး​တွေကအစ
တော်​ဝင်​နန်းဆန်​သည်​..
နှာ​ခေါင်းလုံးလုံး​လေးထိပ်​ကို လက်​ညိုး​လေးနဲ့
ထိထားမိသည်​..အဲ့လိုလုပ်​ချင်​​နေတာ
အဲ့ဝက်​ဝံပုံစံနှာ​ခေါင်းထိပ်​​လေးကို
အူယား​နေတာကြာပြီ..
"အင်း...အဲ.."
နိုးလာ​တော့မယ်​...
လက်​ညိုး​လေးကို ဖယ်​လိုက်​ပြီး ပါးအိအိ​လေးကို
ဆတ်​ခနဲ့ နမ်းလိုက်​မိ​တော့
နှာဖျားမှာ နှင်းဆီရနံ့​လေး စွဲကျန်​ခဲ့သည်​...
မျက်​နှာကိုတည်​ထားလိုက်​တယ်​.
စိတ်​ဆိုး​နေတယ်​ဆိုပြီး ​ချော့​အောင်​လို့...
ကျ​နော်​လည်း အ​ချော့ကြိုက်​တယ် :-/