21
1.9K 178 10
Zawgyi
သားက မီးထဲ ပါပြီး...မရှိ​တော့ဘူးတဲ့​လေ..
ဟင့်​အင်း !
သူတို့လိမ်​တာ သားက jonginလက်​​ပေါ်မှာ
အိပ်​​နေခဲ့တာပါ..jongin​တောင်
ချော့သိပ်​​ခဲ့​သေးတယ်
သား​ရော..
Hun​ခေါ်သွားတာ​နေမှာ..Hunကို​မေးရမယ်
"သားကို​ခေါ်​ပေး သားကို "
"Nini "
"သား​လေ...သားက မအိပ်​ချင်​​သေးဘူးရယ်
ကျ​​နော်​က အတင်းအိပ်​ခိုင်းလို့ ဂျီကျ​နေတာ
မအိပ်​ခိုင်း​တော့ပါဘူး..သားနဲ့အတူ
ဆော့​ပေးပါ့မယ်​လို့​နော်​ ..​နော်​"
"သားက.."
"​ခေါ်​ပေးပါ..သားကို..ဆူလည်းမဆူပါဘူး
ရိုက်​မယ်​လို့လည်း မ​ပြော​တော့ပါဘူးလို့​နော်​"
အရှင်​sehunကိုမြင်​မြင်​ချင်း ​ထောင့်​​လေးနား
ကပ်​​နေတဲ့Jonginက အတင်း​မေးသည်​ ။
ပြောသည်​..သားရဲ့အ​ကြောင်း
မီးထဲပါသွားတဲ့သားနဲ့အတူ Jonginကိုပါ
ဆုံးရှုံးရမလို ဖြစ်​​နေပါပြီ..
ချောင်​ကျသွားတဲ့ မျက်​နှာ​လေးရယ်
ပိန်​ကျသွားတဲ့ကိုယ်​​လေးက ကြည့်​ရက်​စရာ
တောင်​မရှိ​တော့တဲ့အထိ..
အစာမသုံး​ဆောင်​တဲ့အကျိုးက ​ခြေ​ထောက်​​တောင်
ကောင်း​ကောင်းမရပ်​နိုင်​​တာကြောင့်
လဲ​တော့မလိုကိုယ်​​လေးကို Sehunအမြန်
ထိန်း​ပေးရသည်​ ။
သူက ​မေးတယ်
သား​ရောတဲ့..
"သား ​ပျော်​​နေမှာပါ ကွယ်​"
"....."
"သား​ပျော်​​နေတယ်​လို့ ကိုယ်​တို့ မှတ်​လိုက်​ကြရ​အောင်​​နော်​ "
"သားက သူအိပ်​​နေရင်​​နှောင့်​ယှက်​တာ
မကြိုက်​ဘူးရယ်​ "
ဟင်
ရှိုက်​ကြီးတငင်​ငိုပစ်​လိုက်​ရင်​​တောင်​Sehun
မလန့်​ ။အခုက တုန်​ခိုက်​​နေတဲ့ နှုတ်​ခမ်း​လေးက
တစ်​လုံးချင်း ​​ပြော​နေတာ သားအ​ကြောင်း..