13
3.1K 232 26
မှောင်​မိုက်​​နေပြီး အနံ့အသက်​မ​ကောင်း​သော
အချုပ်​ခန်းတွင်း၏ အလယ်​ ..
အပြစ်​သားများစစ်​​မေးရာ ​နေရာတွင်
သွေးသံရဲရဲနဲ့ မိန်းက​လေးကို ​တွေ့ရမည်
သွေး​တွေ ကြာပွတ်​ရာ​တွေ နဲ့ မကြည့်​ရက်​စရာ..
"​ဖြေစမ်း...ဘယ်​သူခိုင်းတာလဲ ! "
ရွှမ်း ! ​ဖြန်း..!
နာကျင်​စွာ ​အော်​ညည်းသံ​တွေက စိတ်​မချမ်း​မြေ့ဖွယ်​..​နောက်​ကွယ်​က ချုပ်​ကိုင်​သူက
မည်​သည့်​အရာများပုံ​အောပြီး ဆွဲ​ဆောင်​ထား မှန်း
မသိ​သော်​လည်း ​ကောင်း​ကောင်း
ချုပ်​ကိုင်​နိုင်​ပုံရသည်
နေ့ရက်​ဆက်​ နှိပ်​စက်​ပြီး​မေး​သော်​လည်း
တင်းခံ​နေဆဲ..
အမှုကား
တော်​ဝင်​​နေ့လည်​စာ စား​တော်​ပွဲ တွင်​ မင်းကြီး၏
စား​တော်​ပွဲကို စမ်းသပ်​​တဲ့ အထိန်း​တော်​ကြီး
အဆိပ်​မိ ​သေဆုံးရာမှစ​သောအမှု
တစ်​နည်း ဘုရင်​ကို အဆိပ်​ခတ်​လုပ်​ကြံမှု..
သံသယဖြစ်​စရာအ​ကောင်းဆုံး စားဖို​ဆောင်​ကို
ရဲမက်​​တွေ ဝင်​​ရောက်​ရှာ​ဖွေချိန်​တွင်​ ထိုအပျို​တော်​၏
အခန်းတွင်းမှ အဆိပ်​ထုပ်​ကို ​တွေ့ရှိခဲ့သည်
နောက်​ကွယ်​က ချုပ်​ကိုင်​သူနဲ့ စာအ​ပေးအယူ
လုပ်​ထားသည်​ကို​ သက်​​သေအဖြစ်​ ​တွေ့ရှိခဲ့သည်
"​​ရေနဲ့ပတ်​လိုက်​"
ရေ​အေး​အေး​ကြောင့်​ ​မေ့​နေ​သော အပျို​တော်​သည်
အသိပြန်​လည်​လာသည်​..
မပွင့်​တပွင့်​မျက်​လုံးများက ရဲမက်​တစ်​ဦး ယူလာ​သော မီး​သွေးဖိုမှ သံပူပြားကိုမြင်​​သောအခါ
ထိတ်​လန့်​မှုက ဖုံးဖိမရ​အောင်​ ...
"ကပ်​လိုက်​ "
မျက်​နှာအနား တဖြည်းဖြည်းနီးကပ်​လာ​သော
သံပူပြား..
အထစ်​အထစ်​ နဲ့ ပွင့်​ထွက်​လာ​သော အပျို​တော်​ရဲ့
ခံဝန်​ချက်​..