24
2.5K 203 37
Zawgyi
"မင်းဒီလိုပဲ Jonginကိုလက်​ပိုက်​ကြည့်​​နေ​တော့မှာလား "
မင်းသားTaehunက အရှင့်​ကို​မေးသည်
ဥယျာဉ်​ ထဲ ခုံတန်း​ပေါ်မှာ ပလူး​နေတဲ့
ယောက်ျားတစ်​ဦးနဲ့မိန်းမတစ်​ဦး ကို
Sehunက ငြိမ်​ငြိမ်​​လေးကြည့်​​နေသည်
ဘုရင်​​ရှေ့မှာ ဒီလိုအမြင်​မ​တော်​တာကို လုပ်​ရဲသူက
ဘယ်​သူရှိအုန်းမလဲ
"က​လေးက စိတ်​ဆိုး​နေတာကို ​ချော့ရမှာက
ငါ့တာဝန်​​လေ"
ပေါ့​ပေါ့ပါးပါးပုံစံနဲ့ ဘာမှမခံစားရသလို
ပြောလိုက်​လည်းTaehunက​တော့
အက်​ကွဲ​နေတဲ့အသံအတိမ်​အနက်​ကို
သတိပြုမိလိုက်​ပါသည်
Sehunဆိုတဲ့ လူကို ငယ်​ငယ်​ကတည်းက
လည်း နားမလည်​ခဲ့..အခုလည်း သူ့စိတ်​ထဲ
ဘာ​တွေ​တွေးပြီး ဘာ​တွေလုပ်​လိုက်​မလဲဆိုတာ
Taehunမ​တွေးတတ်​ပါ
"ကျစ်​...ဒါ က​လေး ​ချော့​နေသလိုမှ
မဟုတ်​တာ ..ပြီး​တော့ ဒီကိစ္စက
သကြားလုံး ​ကျွေးလိုက်​တာနဲ့ မင်းနဲ့ငါ
ကျေပြီဆိုပြီး လုပ်​လို့ရမလား"
"ဟား..ဖြစ်​နိုင်​ရင်​​ကောင်းတာ​ပေါ့
မင်းတအား​ပြောတတ်​တယ်​ ငါ့အစ်​ကို "
"ဟဲ့ ပလုတ်​တုတ်​ "
ကာယယံရှင်​အစား ​ဒေါသထွက်​​နေ​ပေးရတဲ့
Taehunခင်​မျာ စွံအ သွားတယ်
ငါ​လေးနား​တွေများ​ချေးပိတ်​​နေသလားလို့
က​လော်​ထုတ်​မိတာ အခါခါ..
အစ်​ကိုတဲ့..တစ်​ခါမှ မ​ခေါ်ခဲ့ဘူးတဲ့
အ​ခေါ်အ​ဝေါ်..
ငါကမင်းထက်​ သုံးလကြီးတယ်
ငါမင်းအစ်​ကိုလို့​အာ​ပေါက်​မတတ်​​ပြောတာ​တောင်
အ​ရေးမစိုက်​တဲ့လူက​လေ
"မင်း​နေ​ကောင်းလားဟင်​..ရူးသွားတာလား"
"အ​ကောင်း​ပြော​နေရင်​ထ ထ​ဖောက်​မလားစမ်းနဲ့ကွာ..ရူးရ​အောင်​ မင်းပဲရူး "
"စကားမလွှဲနဲ့..မင်း​ကိုငါ Jonginအ​ကြောင်း
ပြော​နေတာ"
"......"
" မင်းJonginကိုရှင်းပြသင့်​တယ်​"
"ဟင့်​အင်း..​ငါမလုပ်​ချင်​ဘူး "