Zawgyi Ver
ကျိုးယွင်ရှန့်နဲ့ ဧကရာဇ်က တစ်ဘဝလုံး ရန်တောင်မဖြစ်ဘဲ အတူတူနေသွားကြတယ်။ ဧကရာဇ်မသေခင်မှာ အချစ်တွေပြည့်လျှံနေတဲ့ မျက်ဝန်းတွေနဲ့ သူ့ကိုအတူခေါ်သွားဖို့ ဆန္ဒရှိခဲ့တယ်။ ကျိုးယွင်ရှန့်ကလည်း သဘောတူဖို့ကို နည်းနည်းလေးမှ မတုံ့ဆိုင်းခဲ့ဘူး။ ချက်ချင်းတောက်ပသွားတဲ့ သူ့မျက်ဝန်းတွေကို မြင်လိုက်ရတဲ့အခါမှာ ဧကရာဇ်က သူ့ဆုံးဖြတ်ချက်မှန်တယ်ဆိုတာကို လှိုက်လှိုက်လှဲလှဲ ခံစားလိုက်ရတယ်။
Xinghai အာကသထဲကို ပြန်ရောက်တာနဲ့ သူကြယ်တွေကြားမှာရပ်ပြီးတော့ powerကို စုပ်ယူလိုက်တယ်။ ဒါပင်မယ့် power တစ်ဝက်လောက်က ပျောက်နေတာကို သူခံစားလိုက်ရတယ်။ ပြီးတော့ သူဒါကို ဘယ်မှာမှ စုံစမ်းလို့မရဘူး။ သူမျက်မှောင်ကြုပ်လိုက်ပြီး
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ဒါ Main God လား?"ဒါပင်မယ့် ဒီအတွေးကို ငြင်းလိုက်တယ်။ တကယ်လို့ Lord Godသာ သူ့powerတွေကို ယူထားမယ်ဆိုရင် သူ့ကိုရှာတွေ့ရမှာပေါ့။ ပြီးတော့ သူ့ကိုသတ်နိုင်မယ့်နည်းလမ်းရောပဲ။ ဒါပင်မယ့် အခုဘာလှုပ်ရှားမှုမှမရှိဘူးဆိုတော့ သူLord Godကို မမြင်ရဘူး။ ဒါဆို ဘယ်သူဖြစ်လိမ့်မလဲဆိုတာကို သူနည်းနည်းလေးမှ မှန်းမရဘူး။ မျှော်လင့်ချက်ကြီးလာလေလေ ၊ စိတ်ထိခိုက်စရာများလာလေလေ ဖြစ်မှာကိုလည်း သူကြောက်တယ်။ Powerတွေကို စုပ်ယူပြီးတဲ့နောက်မှာ သူနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့တယ်။
~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~
သူနိုးလာတဲ့အချိန်မှာတော့ အလင်းရောင်ကောင်းကောင်းရတဲ့ စာဖတ်သံတွေဆူညံနေတဲ့ စာသင်ခန်းထဲမှာ သူထိုင်နေတယ်။ သူ့လက်ထဲက englishစာအုပ်ကို တချက်ကြည့်လိုက်တာနဲ့ အခုဖတ်နေတဲ့အပိုဒ်ကို ရှာတွေ့သွားတယ်။ သူများတွေနဲ့အတူ စာလိုက်ဖတ်နေရင်းနဲ့ AIကို ကြည့်နေလိုက်တယ်။ နောက်ဆုံးတော့ BoyXGirlကမ္ဘာတွေ အများကြီးကို သွားပြီးတဲ့နောက်မှာ သူBoyXBoyကမ္ဘာကို ရောက်လာခဲ့ပြီ။
ဒီခန္တာကိုယ်ပိုင်ရှင်က လင်းချန်စယ် လို့ခေါ်တယ်။ သူ့မိဘတွေဆုံးသွားတော့ သူ့အတွက် တိုက်ခန်းတစ်ခန်းနဲ့ အမွေသန်းပေါင်းများစွာကို ချန်ထားခဲ့တယ်။ မူလပိုင်ရှင်က ဒီပိုက်ဆံတွေကို တက္ကသိုလ်တက်ဖို့နဲ့ ဘဝကိုလုံလုံခြုံခြုံရှင်သန်ဖို့ မှီခိုခဲ့တယ်။ ဒါပင်မယ့် သူက ပိုက်ဆံကို အရမ်းကြိုက်တဲ့ ငွေမက်တဲ့သူ ဖြစ်နေတယ်။ သူ့မိဘတွေရှိတုန်းက သူbrandရှိတဲ့နာရီတွေ ဝတ်ရတယ်။ ဒါပင်မယ့် သူ့မိဘတွေဆုံးသွားတော့ သူ့မာနကြီးမှုတွေက ပိုဆိုးလာတယ်။ အမွေတွေကလည်း မကြာခင်မှာ သူဖြုန်းလို့ကုန်တော့မှာမလို့ နောက်ဆုံးသူရှင်သန်ဖို့ အစီအစဉ်တစ်ခု စဉ်းစားရတော့တယ်။

YOU ARE READING
ထာဝရခ်စ္သူ/ထာဝရချစ်သူ(FOD Arc 4)
General FictionQuickly wear the face of the devil Author: ©®Fengliu Shudai Original translation: ©® keztranslations ကျိုးယွင်ရှန့်ဆိုတာသိပ္ပံခေတ်ကhackerတစ်ယောက်။သူက ဘဝရာထောင်ချီဗီလိန်အဖြစ်ပြန်လည်မွေးဖွားဖို့ Lord Godရဲ့ရွေးချယ်ချင်းကိုခံခဲ့ရတယ်။...