Zawgyi Ver
သူတို့dateပြီးသွားတာနဲ့ လင်းချန်စယ်က အိမ်ကို စောစောပြန်ဖို့လုပ်တယ်။ ချောင်းမို့ခွန်းက စီးကရက်မီးညှိရင်း တိတ်ဆိတ်စွာ အဝတ်ပြန်ဝတ်နေတဲ့ ကောင်လေးကို ကြည့်နေတယ်။ သူ့အတွက်ပဲ ဒီကောင်လေးကို သိမ်းထားချင်တယ် ဒါပင်မယ့်လည်း ကစားစရာလေးက ဒီလိုမတန်ဘူးလို့လည်း ခံစားရတော့ စိတ်တွေရှုပ်လာပြီး မျက်မှာက မည်းသည်းလာတယ်။ ကျိုးယွင့်ရှန်က ထုံးစံအတိုင်း ပြန်သွားတော့ သူချက်ချင်းပဲ စီးကရက်မီးငြိမ်းကာ သူ့တူကိုခေါ်လိုက်တယ်။
ဦးလေးက ဟန်ယွိရဲ့ အကြီးဆုံးပါတနာပဲ။ ဦးလေးရဲ့ ထောက်ပံ့မှုမရှိဘဲ သူစက်ရုံကိုမြန်မြန်မထောင်နိုင်ဘူး။ ဒါကြောင့် သူ့ဦးလေးကို စိတ်အနှောင့်အယှက်မဖြစ်ဖို့က သူ့အတွက် အရေးကြီးတယ်။ မနက် ၁နာရီ ၂နာရီလောက်မှာ အိပ်တနက်နိုးတဝက် ဖြစ်နေပင်မယ့်လည်း သူ့ဦးလေးနဲ့အတူစားဖို့ ထရတော့တယ်။
သူတို့အတော်လေးသန့်တဲ့ BBQဆိုင်တွေ့တော့ BBQနဲ့ ဘီယာတချို့မှာလိုက်တယ်။ ချောင်းမို့ခွန်းက မစားမသောက်ဘဲ ဆေးလိပ်တစ်လိပ်ပြီး တစ်လိပ်သောက်နေရင်း
"အခုမင်းအတန်းဖော်နဲ့အတူနေနေတာမလား?
ကျိဟန်ယွိက သီတံတစ်ခုယူရင်း
"ဟုတ်ကဲ့"
ချောင်းမို့ခွန်းရဲ့ အကြည့်တွေစူးရဲစွာ
"မင်းနဲ့ မင်းအတန်းဖော်နဲ့က ဘာတွေလဲ? အတည်တွဲနေကြတာလား?"
ကျိဟန်ယွိက နှာခေါင်းရှုံလိုက်ကာ
"အတည်တွဲတယ်? ကျွန်တော်နဲ့ သူနဲ့? ငွေလိုချင်လို့ သူကျွန်တော့်အနားကပ်လာတာ။ အရင်တုန်းက ဘယ်လောက်ချစ်ကြောင်းပြောပြီး စိတ်အနှောင့်အယှက် အရမ်းပေးတာ။ ကျွန်တော် မွဲသွားတယ်ဆိုတာနဲ့ ကျွန်တော့်ကို အဖက်မတန်သလိုမျိုးနဲ့ ကျွန်တော်သူငယ်ချင်းတွေတောင် မြူစွယ်နေတာ"
ချောင်းမို့ခွန်းက ကရုဏာမရှိတဲ့အကြည့်နဲ့အတူ အပြုံးတစ်ခုနဲ့
"ဘာ? မင်းသူငယ်ချင်းတွေနဲ့ အိပ်တယ်လား?"
ကျိဟန်ယွိက ခေါင်းခါရင်း

YOU ARE READING
ထာဝရခ်စ္သူ/ထာဝရချစ်သူ(FOD Arc 4)
General FictionQuickly wear the face of the devil Author: ©®Fengliu Shudai Original translation: ©® keztranslations ကျိုးယွင်ရှန့်ဆိုတာသိပ္ပံခေတ်ကhackerတစ်ယောက်။သူက ဘဝရာထောင်ချီဗီလိန်အဖြစ်ပြန်လည်မွေးဖွားဖို့ Lord Godရဲ့ရွေးချယ်ချင်းကိုခံခဲ့ရတယ်။...