Zawgyi Ver
ကားပေါ်မှာ ကျိုးယွင့်ရှန်က သူ့မျက်နှာကိုကာပြီး အသံမထွက်အောင်ထိန်းကာ တိတ်တိတ်လေး အသေရယ်နေတယ်။ သူပိုက်ဆံ သိန်း၃ထောင်လိုတယ်ပြောရုံလေးနဲ့ အကုန်ပြောင်းလဲသွားပြီး အချေမျက်နှာနဲ့ ပိုက်ဆံထုတ်တွေကို တစ်ယောက်ယောက်ကို ပေါက်ရတာက တကယ်မိုက်တယ်။ အထူးသဖြင့် ကျိဟန်ယွိရဲ့ နောင်တအပြည့်နဲ့ ပူဆွေးနေတဲ့ မျက်နှာကြီးက တကယ့်အကောင်းဆုံးပဲ။ လင်းချန်စယ်က မကောင်းတဲ့အကောင် ဖြစ်ခဲ့ရတော့ ကျိုးယွင့်ရှန်က သူ့အန္တရာယ်ကို ကူရှောင်ပေးပြီး သူ့အဆင့်အတန်းကို တချိန်တည်းမှာ စင်ကြယ်အောင် မြှင့်တင်ပေးလိုက်တယ်။ ကျိဟန်ယွိက ဖန်းယို့ရမ်နဲ့ အေးအေးဆေးဆေးနေနိုင်မှာလည်း မဟုတ်သလို သူ့ကိုလည်း တစ်သက်လုံးမေ့နိုင်မှာ မဟုတ်တော့ဘူး။ သူဒီလောကကြီးမှာ ရှောင်မရနိုင်အောင် ဒုက္ခရောက်ချိန်တိုင်း သူအတိတ်ကိုပြန်တမ်းတပြီး လင်းချန်စယ်ရဲ့ ပေးဆပ်နိုင်စွမ်းနဲ့ အချစ်တွေက သူ့ဘဝမှာရခဲ့ဖူးသမျှ ကိုယ်ကျိုးမဖက်တဲ့ တန်ဖိုးအရှိဆုံးပဲလို့ ခံစားနေရတော့မှာ။ လင်းချန်စယ်ရဲ့ နာကျင်မှုဒဏ်ရာတွေအတွက် သူဘာလုပ်ခဲ့လုပ်ခဲ့ အခုကစပြီး လင်းချန်စယ်က သူ့ရဲ့ဖြူစင်တဲ့လရိပ်အောက်က ချိုမြိန်တဲ့နှလုံးသားပိုင်ရှင်လေး ဖြစ်သွားပြီ။ ဝဋ်ကဘာလဲဆို ဒါကအကောင်းဆုံးဝဋ်လည်ခြင်းပဲ။
ချောင်းမို့ခွန်းက သူမျက်နှာကိုအုပ်ပြီး ပုခုံးတွေတုန်နေတာမြင်တော့ ငိုနေတာလို့ပဲ ထင်သွားတယ်။ သူဘယ်လိုလုပ်ပေးရမှန်းမသိတော့ သူရင်ခွင်ထဲဆွဲသွင်းပြီး
"ကလေး မငိုနဲ့တော့။ ဒီလိုလူမျိုးက ကလေးရဲ့မျက်ရည်တွေနဲ့ မတန်ဘူး"
ကျိုးယွင့်ရှန်က ခဏတောင့်သွားပင်မယ့် ဘာမှပြန်မပြောဘူး။ ချောင်းမို့ခွန်းက ဆက်ပြီး
"ကလေးက အိမ်မွေးတိရိစ္ဆာန်လေး မဟုတ်ပါဘူး။ တကယ်ပါကွာ။ ပြီးတော့ ဦးက အဖိုးကြီးမဟုတ်ပါဘူး။ အခုအသက်၃၀တောင် မပြည့်သေးဘူးလေ"
ကျိုးယွင့်ရှန်က သူ့ကိုမော့ကြည့်လိုက်တဲ့အချိန်မှာ မျက်ရည်ညှစ်ထုတ်လိုက်တော့ မျက်ရည်ရက်လေးတွေက မျက်တောင်မှာ တွဲကျနေတယ်။ ချောင်းမို့ခွန်းက နည်းနည်းလန့်သွားပြီး နောက်ဘာဆက်ပြောရမလဲတောင် မသိတော့ဘူး။ သူစီးကရက်ထုတ်သောက်ချင်ပင်မယ့် ကောင်လေးက စီးကရက်အနံ့မခံနိုင်တော့ သူဆက်ပြီး

YOU ARE READING
ထာဝရခ်စ္သူ/ထာဝရချစ်သူ(FOD Arc 4)
General FictionQuickly wear the face of the devil Author: ©®Fengliu Shudai Original translation: ©® keztranslations ကျိုးယွင်ရှန့်ဆိုတာသိပ္ပံခေတ်ကhackerတစ်ယောက်။သူက ဘဝရာထောင်ချီဗီလိန်အဖြစ်ပြန်လည်မွေးဖွားဖို့ Lord Godရဲ့ရွေးချယ်ချင်းကိုခံခဲ့ရတယ်။...