Chapter 5

9.8K 1.1K 61
                                    

Zawgyi Ver

ကျိုးယွင့်ရှန်က Orlandoရဲ့ တောင်အော်မြောက်အော် အော်ဟစ်နေသံကြောင့် နားတောင်အူသွားတယ်။ သူရေမွှေးနံတွေ လေမှာမျောနေတာကို မြင်လိုက်တော့ လက်နဲ့လှမ်းဖမ်းယူလိုက်ပြီး ရှုလိုက်တယ်။ သူဒီအနံ့ကို သဘောကျတဲ့ပုံနဲ့ အပြုံးတစ်ခုပေါ်လာတယ်။ ပြီးတော့ သူပွင့်ဖတ်နုနုလေးတွေ လက်တဆုပ်စာလောက်ယူကာ ညှစ်လိုက်တယ်။ သူပါးစပ်ဟပြီး သူ့လက်ချောင်းတွေက နီနီရဲရဲအရည်တွေကို စုပ်လိုက် လျှာဖျားလေးနဲ့ လျက်လိုက် လုပ်လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမူးသွားတိုင်း အမြဲရေငတ်သလို ဖြစ်တက်တာကြောင့်မလို့။ မူးနေတဲ့နတ်သားလေးနဲ့ ရေမွှေးနံ့တို့က အတူတူရောစပ်သွားတယ်။ သူ့ခန္တာကိုယ်မှာ ပွင့်ဖတ်ရဲရဲလေးတွေ လွှမ်းနေတယ်။ ဒါကသူ့ကို လှပစေပင်မယ့်လည်း ချိုမြိန်ပြီး ဆွဲဆောင်မှုရှိတဲ့ပုံလေး ဖြစ်နေစေတယ်။

Cameramanက ဇောချွေးတွေပြန်လာပြီး မျက်နှာတွေရဲတက်လာတယ်။ ဒါရိုက်တာနဲ့ ဝန်ထမ်းတွေက သူတို့လုပ်ရမယ့် တာဝန်တွေ မေ့သွားကာ လူငယ်လေးကို တငေးတမော ကြည့်နေကြတယ်။ ဒါပင်မယ့် Orlandoပါးစပ်ကတော့ အော်နေဆဲပဲ။

"အဲ့အခန်းကျန်ခဲ့လို့မရဘူး အား!!! ပန်းရောင်လျှာလေးက ချစ်စရာလေး!!! . . . အား!!! သူလျက်လိုက်တဲ့ ပန်းရည်တွေကိုရိုက် . . . မျက်နှာလည်းပါအောင် အနီးကပ်ရိုက်ဦး . . .ပြီးတော့ ခြေဖျား. . . ခြေဖျားလေးတွေလည်းပြမှ"

ချောင်းမို့ခွန်းက ဆေးလိပ်မီးကိုသတ်လိုက်ပြီး သည်းမခံနိုင်တော့စွာ အသံအက်ရှရှဩဩကြီးနဲ့ အော်တော့တယ်။

"Orlando ပါးစပ်ပိတ်ထားစမ်း!"

Orlandoက ချက်ချင်းပဲ သူ့ပါးစပ်ကို ဇစ်နဲ့ပိတ်လိုက်သလိုမျိုးလုပ်လိုက်ရတယ်။ကျိုးယွင့်ရှန်က ပွင့်ဖတ်တွေပေါ်မှာ ဒါရိုက်တာက ကတ်လို့မပြောမချင်း ဆက်လိမ့်နေရတာ ခေါင်းတောင်မူးနောက်နောက်ဖြစ်ချင်သွားသလိုပဲ။ နောက်ဆုံး ဒါရိုက်တာက

"နားလိုက်ပါဦး ငါတို့တွေ ပစ္စည်းတွေပြန်ညှိလိုက်ဦးမယ်"

သူသက်ပြင်းချလိုက်ကာ ရဲနေတဲ့မျက်လုံးပေါ်က ဆံပင်စလေးတွေကို သပ်တင်လိုက်တယ်။

ထာဝရခ်စ္သူ/ထာဝရချစ်သူ(FOD Arc 4)Where stories live. Discover now