❤2❤

3.4K 221 2
                                    

Unicode. ....

Lu ကဘာမှမပြောဘဲထွက်ပြေးသွားလို့ baek ကနောက်ကပြေးလိုက်သွားသည်...

"ဟဲ့.. Lu နေပါဦး"

တစ်နေရာရောက်တော့ ခုံတန်းလေးပေါ်မှာငိုနေတဲ့ Lu ကိုတွေ့လိုက်ရတယ်..

"Lu ဘာဖြစ်သွားတာလဲ"

Lu ကခေါင်းသာခါပြတယ်

"ဟင်.. Lu နင်ငိုနေတယ်"

"မငိုပါဘူး.. ဘယ်မှာ ငိုလို့လဲ"

Lu ကမျက်ရည်များကိုသုတ်ရင်းပြောလိုက်တယ်

"Lu... နင်ကလေ.. မင်းသမီးလုပ်စားရင် ထမင်းငတ်မှာသိလား...
သရုပ်ဆောင်လည်း ပီပြင်အောင်သရုပ်ဆောင်ပေါ့.. မငိုဘူးဆိုပြီး မျက်ရည်တွေသုတ်နေတယ်
ဘာလို့ငိုတာလဲ... ဘာဖြစ်လို့လဲ.. သူကဘယ်သူလဲ"

"Baek. . ငါနင့်ကိုပြောဖူးတယ်လေ..
ငါ့ရည်းစားဟောင်း chanyeol ဆိုတာ..
အဲဒါ သူပဲ"

"ဟင်.. ဘယ်လို..
သူက chanyeol. ..
နင်ကလည်းလမ်းခွဲပြီးပြီပဲ.. မေ့လိုက်တော့ပေါ့
ဘာလို့ငိုနေတာလဲ"

Lu က chanyeol နဲ့လမ်းခွဲရတဲ့အကြောင်းကိုပြန်တွေးမိတယ်...

Lu ပထမနှစ်
ကော်ရစ်တာမှာ တစ်ယောက်တည်းလမ်းလျှောက်နေတဲ့ချိန် ကောင်လေးတစ်ယောက်နဲ့ဝင်တိုက်မိတယ်..

"အားး"

"Aww... တောင်းပန်ပါတယ်
စာအုပ်တွေပြုတ်ကျကုန်ပြီ
ပြန်ကောက်ပေးမယ်နော်"

"Nae. . Gomawor"

ဒါကို chanyeol ကမြင်တော့..

"Lu. ..
လာ.. လိုက်ခဲ့"

Chanyeol က Luhan လက်ကိုဆောင့်ဆွဲခေါ်သွားတယ်..

"နာတယ်.. yeol. . လွှတ်ပါ...
လူတွေကြည့်နေတယ်"

"လူတွေကြည့်တာကျရှက်တယ်ပေါ့
ဟိုကောင်နဲ့လူမြင်ကွင်းမှာ ဇာတ်လမ်းဖြစ်နေတာကျ မရှက်ဖူးပေါ့"

"ဘာပြောလိုက်တယ်"

"မင်းဇာတ်လမ်းလုပ်နေတာလေ..
အဲဒါဘယ်ကကောင်လဲ"

"Yeol ဘာတွေပြောနေတာလဲ
မရစ်ပါနဲ့"

"ရစ်နေတာမဟုတ်ဘူး..
မင်းနဲ့အဲကောင်ကဘာတွေလဲ"

Let me Love you❤Completed❤Where stories live. Discover now