Zawgyi. ...
Gyeongpo beach ကိုသွားမည့်နေ့ရောက်လာခဲ့ပါပြီ....
Third year က Chen တို့၏သူငယ်ချင်းတစ်စု...
လူသိပ်မများပေ...Chen,Chanyeol,Sehun ရယ်..သူတို့သုံးယောက်ကဦးဆောင်ပြီး...
တခြားသူငယ်ချင်းတွေလည်းပါလာကြသည်...
အိမ်ကမလွှတ်တာနဲ့ကျောင်းပိတ်ရက်မိသားစုခရီးထွက်တဲ့လူတွေကရှိနေသောကြောင့်လူကထင်သလောက်များများမပါပေ...ဒါကြောင့် ကားတစ်စီးငှါးပြီးလာကြသည်..နောက်ဆုံးတစ်ခုံသာနေရာလွတ်နေသည်...
"မရဘူး...ငါရှေ့ခုံမှာထိုင်မှာ..."
"မရဘူး..ငါထိုင်မှာ.."
"ငါထိုင်မှာဟာ.."
"မရဘူး.."
"ငါထိုင်မှာပါဆိုနေ.."
ကားပေါ်တက်လာတာနဲ့နေရာလုတဲ့ပြသနာကစပါပြီ...Chen တို့ Third year ကမိန်းကလေးသုံးယောက်ရှေ့ခုံကိုနေရာစလုနေပါပြီ...
"ကဲ....နင်တို့ကလည်းကိုက်မနေကြနဲ့...အဲ...လုမနေကြနဲ့တော့...မဲနှိုက်ထိုင်မယ်...ကျတဲ့နေရာမှာထိုင်..ဟုတ်ပြီနော်.."
Chen ရဲ့စကားကိုကြားတော့ Baek က...
"ဟင်...မဲနှိုက်ရမှာတဲ့...နင်နဲ့ငါနဲ့ကွဲသွားရင်ဘယ်လိုလုပ်မလဲ Lu.."
"ငါလည်းမသိဘူးလေ.."
"ကဲ...မဲလိပ်တစ်ယောက်တစ်လိပ်စီယူကြ..."
Chen ကမဲလိပ်လေးတွေပေးနေချိန်တွင်...
Chanyeol က Lu အနားကိုလာပြီး...
"Lu Lu..အဲ..Luhan shi..ငါတို့အတိတ်ကိုမေ့လိုက်ပြီး အသစ်ကနေပြန်စရအောင်.."
"Ok လေ..Chanyeol shi.."
"ဟဲ့...မဲနှိုက်လေ..နင်တို့ပဲကျန်တော့တယ်"
Chen ရဲ့အောင်လွန်းသောအသံကြောင့် Lu နဲ့ Yeol ပြုံးနေတာလေးရပ်သွားပြီး...
"အေးပါ..ငါက နံပါတ် 7"
Lu ရဲ့စကားအဆုံးမှာ ပြုံးပျော်ပြီးပြောနေတဲ့ Baek
"ငါက 6..နင်နဲ့ထိုင်ရမှာပေါ့.."
"ဟင်..ငါလည်း 7 ပဲ.."
Yeol ကနားမလည်တဲ့ပုံစံနဲ့ပြောလာသည်...
"ပြစမ်း...ငါနေရာချပေးမယ်..."
YOU ARE READING
Let me Love you❤Completed❤
Fanfictionညီအစ်မတစ်ဝမ်းကွဲနှစ်ယောက်...တစ်ယောက်ကရည်းစားဟောင်းဖြစ်တဲ့အချစ်ဦး...နောက်တစ်ယောက်ကလက်ရှိချစ်သူ... အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦး... မိဘတွေကကျောင်းကတည်းကရန်သူတွေဖြစ်ပြီး စီးပွားရေးပြိုင်ဘက်တွေဖြစ်တာကြောင့်သူတို့နှစ်ဦးကို သဘောမတူဘူးဆိုလျှင်... main >>> Ch...