Zawgyi. .....
"ဟင်...ဒါဆို ကိုယ်တို့ကျောင်းမှာပဲတွေ့လို့ရမှာပေါ့"
"အွန်း"
"စိတ်ညစ်လိုက်တာ...baek..ကိုယ်တို့လက်ထပ်ဖို့ကိစ္စဘယ်လိုလုပ်မလဲ"
"လက်ထပ်ဖို့မှ သဘောမတူကြတာ😞"
"စိတ်ညစ်ပါတယ်...😞"
"Baek စိတ်ညစ်ဖို့လည်းထားပါဦး..baek အိမ်ထဲကနေအိမ်ပြင်ထွက်ခွင့်တောင်ပိတ်ခံထားရတာ..အခုတောင် သူ့လူတွေကိုနောက်ယောင်ခံလိုက်ခိုင်းထားလားမသိဘူး"
Yeol ကဟိုကြည့်ဒီကြည့်လုပ်လိုက်ပြီး...
"မရှိလောက်ပါဘူး..."
ထိုစဉ်...
"ငါထင်တာကတော့ နင်တို့တကယ်ချစ်တယ်ဆိုရင်တူတူထွက်ပြေးသင့်တယ်"
Lu ရဲ့ရုတ်တရက်စကားကြောင့်...
"ဟင်...lu ah"
"ငါတို့ကိုခိုးပြေးခိုင်းနေတာလား"
"ဟုတ်တယ်"
Yeol ရဲ့အမေးနောက်၌ ခပ်ပြတ်ပြတ်ဖြေလာသော Lu ရဲ့အဖြေ...
Yeol အတန်ကြာစဉ်းစားပြီးမှ....
"ဟုတ်တယ်..baek..lu ပြောတာမှန်တယ်...ကိုယ်တို့ထွက်ပြေးရအောင်"
Baek ခဏတွေဝေသွားပြီး...
"ကိုရယ်..ဒါပေမယ့် baek ကငယ်သေးတယ်လေ"
"Baek ကလည်း အသက် 20 ပြည့်ပြီးပြီပဲ..ငယ်တော့တာမှမဟုတ်တာ.."
"ဟင့်အင်း...baek လက်မခံနိုင်ဘူး..baek ခိုးပြေးတာကိုမုန်းတယ်..appa သဘောတူလာအောင်ကြိုးစားမယ်"
"Baek နင်ကလည်း မဖြစ်နိုင်တာကိုပြောမနေနဲ့...နင်တို့နှစ်ယောက်ပေါင်းစည်းဖို့လမ်းကဒီလမ်းအပြင်မရှိဘူး.."
"ဟုတ်တယ် baek"
Lu နဲ့ yeol ကထောက်ခံပြောနေသော်လည်း baek ကခေါင်းကိုခါယမ်းပြီး...
"တခြားနည်းလမ်းရှိမှာပါ..ငါသွားတော့မယ်"
Baek ကထွက်သွားသည်...
"သူကဘာလဲဟ..တခြားနည်းလမ်းဘာရှိလို့လဲ..ဘာလို့ဒီလောက်ခေါင်းမာရတာလဲ.."
Lu က အလိုမကျစွာပြောနေတော့...
"ထားလိုက်ပါ..ငါသူ့စိတ်တိုင်းကျအတိုင်းလုပ်ပေးလိုက်ပါ့မယ်.."
YOU ARE READING
Let me Love you❤Completed❤
Fanfictionညီအစ်မတစ်ဝမ်းကွဲနှစ်ယောက်...တစ်ယောက်ကရည်းစားဟောင်းဖြစ်တဲ့အချစ်ဦး...နောက်တစ်ယောက်ကလက်ရှိချစ်သူ... အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦး... မိဘတွေကကျောင်းကတည်းကရန်သူတွေဖြစ်ပြီး စီးပွားရေးပြိုင်ဘက်တွေဖြစ်တာကြောင့်သူတို့နှစ်ဦးကို သဘောမတူဘူးဆိုလျှင်... main >>> Ch...