❤5❤

2.8K 204 0
                                    

Zawgyi. ...

Gyeongpo beach ကိုသွားနေသောကားလေးပေါ်၌....

Yeol က Baek ကိုကြည့်နေရင်း...Baek ကိုဖက်မလို့ပြင်လိုက်၍..baek သတိထားမိသွားကာလန့်သွားပြီး Yeol ကိုကြည့်လိုက်မိသောအခါ Yeol က ပြတင်းပေါက်လေးကိုကိုင်ကာ...

"တံခါးဖွင့်လိုက်မယ်နော်..."

"ဟုတ်.."

ထို့နောက်...Yeol ကနားကြပ်ဖြင့်သီချင်းနားထောင်နေသည်..Yeol ကလည်း Baek ကိုခိုးခိုးကြည့်ရာတွင် Baek နဲ့အကြည့်ချင်းဆုံသွားချိန်တွင်...

'ငါဘာဖြစ်နေတာလဲ...သူ့ကိုကြိုက်နေတာလား..' Baek က Yeol ကိုတစ်ချက်ခိုးကြည့်လိုက်ပြီးစိတ်ထဲမှပြောလိုက်မိသည်...

Yeol ကတော့ Baek ကိုခဏခဏခိုးခိုးကြည့်နေသည်...Baek ကသတိထားမိလို့ပြန်ကြည့်လိုက်လျှင် မသိချင်ယောင်ဆောင်ပြီး..အဝေးကိုမျှော်ကြည့်နေသည်...

နှစ်ယောက်သားအတွေးကိုယ်စီရှိနေချိန်တွင်..Chen ရဲ့အသံကြောင့် အတွေးတွေပျက်သွားသည်...

"ယောက်ဖတို့ရေ...ခေါ်နေတာလေးလည်းလှည့်ကြည့်ကြပါဦး.."

"ဘယ်သူ့ကိုခေါ်နေတာလဲ"

Sehun ရဲ့နားမလည်သလိုမေးလာတဲ့အမေးရဲ့နောက်...

"မင်းနဲ့ Yeol လေ...နှစ်ယောက်လုံးကငါ့ညီမနှစ်ယောက်ကိုချိန်နေတာငါမသိဘူးဆိုတော့..."

###Sehun နဲ့ Luhan ဇာတ်လမ်းလေးကိုတော့သက်သက်ရေးဖို့စိတ်ကူးထားပါတယ်...ဒါကြောင့်ဒီ fic က main-Chanbaek ကိုပဲဦးစားပေးရေးသွားမှာပါ...###

"Chen oppa ပါးစပ်ကတစ်ခုခုစားပါလား..".

Lu ရဲ့စကားနောက်...Chen အသံပိုကျယ်လာသည်...

"ကြည့်စမ်း...သူ့ထက်အကြီးကို..."

"ရှူး.."

Lu ကသူ့နှုတ်ခမ်းလေးပေါ် လက်ညိုးလေးတင်ကာတိုးတိုးနေဖို့လုပ်ပြသည်...

"ဘာဖြစ်လို့လဲ.. "

"ဟိုမှာ Yeol နဲ့ Baek ကြည်နူးမှုတွေပျက်ပြားသွားဦးမယ်.."

Lu ရဲ့စကားကြောင့်အားလုံးရဲ့အကြည့်တွေက Yeol နဲ့ Baek ဆီကိုရောက်သွားကြသည်...

Let me Love you❤Completed❤Where stories live. Discover now