🌼8🌼

7.5K 708 16
                                    

Unicode [Zawgyi Version Below]

ʜᴇʀ ɢᴏᴅғᴀᴛʜᴇʀ [✔]

🌼8🌼
Published (414 Words)

🌼8🌼

အပန်းရောင် ချယ်ရီပန်းများနှင့်ပြည့်နေသော ပန်းခင်းလမ်းတစ်ခုအား မြင်နေရသည်။

သူမ တစ်လှမ်းချင်းလျှောက်လိုက်တော့ တိုက်ခတ်လာသော လေနဲ့အတူ လိုက်ပါလာသော ပွင့်ဖတ်လေးတွေ။ ပျံသန်းနေတဲ့ ချယ်ရီပွင့်လေးတစ်ချပ်အား သူမ ဖမ်းယူလိုက်ကာ လက်ဖဝါးထဲတွင် သိမ်းဆည်းထားလိုက်သည်။

ပုခုံးပေါ် လာသက်ရောက်သော အထိအတွေ့တစ်ခုကြောင့် အနောက်ဘက်ကို လှည့်ကြည့်မိတော့ အပြုံးတစ်ခုက အလိုလို ဖန်တီးပြီးသား။

သူမရှေ့ရပ်နေသူက ဆံပင်အနီရောင်။ ချောမွတ်သော အသားအရေနှင့် လုံးထွေးနေသော နှုတ်ခမ်းထူထူ။( ဘယ်သူလဲ သိရင် မန့်သွားနော်💚) လေညင်းကြောင့် လှုပ်ခတ်နေသော သူ၏ ဆံပင်နုနု တို့နှင့်အပြိုင် လှုပ်ခတ်နေသော သူမရဲ့ နှလုံးသားအစုံ။

နူးအိကာ ပြည့်ဖောင်းသော လက်ဖဝါးအစုံက သူမရဲ့ ဆံနွယ်အား ထိတွေ့ ပွတ်လိုက်တေ့ာ နီရဲသွားသော ပါးများကြောင့် သူမ ခေါင်းငုံ့နေမိသည်။

သူ၏ အပြုံးများက မကြွေဆင်းဘဲမနေနိုင်နိုင်လောက်အောင် လှလွန်းတယ်။ သူရဲ့ အထိအတွေ့တွေအောက်မှာဘဲ တစ်သက်လုံး နေသွားချင်တော့တယ်။ ဒါ အိပ်မက်တစ်ခုမဟုတ်ဘူးဆိုရင် သိပ်ကောင်းမှာဘဲ။

ဒါပေမယ့်....

ကံဆိုးစွာနဲ့ အိပ်မက်တစ်ခုဖြစ်နေခဲ့ပါတယ်။

" Mihi!!"

" Mihi !!"

အိမ်အကူအဒေါ်ကြီးရဲ့ လှုပ်နှိုးမှုကြောင့် သူမ မနိုးချင်နိုးချင်နိုးထလာတော့သည်။

" Ah! ဘာလို့လဲ? အိပ်မက်ကောင်းနေတာကို.."

မျက်လုံးပွတ်ရင်း ဇောတက တက်နေသော Mihi အား အဒေါ်ကြီးမှ ကျောင်းဝတ်စုံထုတ်ပေးလိုက်သည်။

" ကျောင်းနောက်ကျတော့မယ် Mihi လေးရဲ့ ။ ပြီးတော့ သခင်လေးကလည်း ပြောစရာရှိလို့ ရုံးမသွားသေးဘဲ စောင့်နေတာ.."

ʜᴇʀ ɢᴏᴅғᴀᴛʜᴇʀ [✔]Where stories live. Discover now