🌼44🌼

5.3K 457 12
                                    

[Unicode] (Zawgyi Version Below)

" ဘာလို့ ငါ့နာမည်က ဒီထဲ ပါနေရတာလဲ "

စာရွက်ထဲရှိ အကြောင်းအရာများအား သူမသေချာ လိုက်ဖတ်ကြည့်လိုက်တော့ တွေ့လိုက်ရသော စစ်ဆေးချက်၏အဖြေ။

Kim Namjoon နှင့် Yeon Mihi။
99.99%။

ဒါဆို...အဖြေက..
Namjoon Oppa နဲ့ ငါနဲ့က ?
ငါ့ရဲ့ အဖေ?

အဖေ...မဖြစ်နိုင်တာ...။
ငါ့အဖေက သေသွားပြီလေ။
အဖေရော အမေရော သေသွားလို့ Jungkook Oppa က ငါ့ကို ခေါ်လာခဲ့တာလေ..။

" Oppa ငါ့ကို ဖုန်းကွယ်ထားတာများရှိနေလား?"

ကလေး မိဘတွေကို ပြန်ရှာချင်လား?

သေသွားပြီးသားလူကို ပြန်ရှာချင်လားလို့မေးပုံအရ..

သူတို့တွေ အသက်ရှင်နေသေးတာများလား။
တစ်ကယ်ဘဲ Namjoon Oppa ကငါ့ရဲ့ အဖေလား..။

Mihi Jungkook ၏စာကြည့်ခန်းထဲ တစ်ခုခုအား လိုက်ရှာတော့သည်။ စားပွဲအောက်က အံဆွဲတွေ..စာအုပ်စင် အနောက်ဘက်တွေ။ အခန်းထဲရှိ ဗီရိုတွေ အကုန်လုံး ရှာကြည့်သော်လည်း ထူးဆန်းသည့်အရာ တစ်ခုမှမတွေ့။

သူမ သက်ပြင်းချကာ ကြမ်းပြင်ပေါ်ထိုင်ချလိုက်ကာ ဒူးလေးပိုက်၍ ခေါင်းငုံ့ထားလိုက်သည်။

ထိုစဉ်ဘဲ ကြမ်းပြင်၏ မညီညာမှုအား သတိထားမိသွားသည်။

သိပ် မချောမွေ့သော ကြမ်းပြင်ပေါ် သူမ လက်စမ်းရင်း ရှာသည်။ တစ်ခုခုအားရှာတွေ့ရန် ရည်ရွယ်ချက်ဖြင့်...။

စမ်းနေရင်း လက်သည်းခွံလောက် ဝင်နိုင်သော အက်ကွဲကြောင်းလေးအား ရှာတွေ့သွားသည်။ သူမထိုနေရာမှ အားစိုက်ထုတ်ကာ ဆွဲလိုက်သော စတုရန်းပုံ ကြမ်းပြင်တစ်ချပ်က ကွာ၍ပါလာသည်။

တစ်ကယ်တော့ အောက်တွင် သေတ္တာပုံစံ အခန်းငယ်လေးတစ်ခုရှိနေသည်။ ၎င်း၏ အတွင်းတွင် စာအုပ်လေးတစ်အုပ်က ငြိမ်သက်စွာ တည်ရှိနေသည်။

ထို စာအုပ်အား Mihi ယူကြည့်လိုက်သည်။ ပတမဦးဆုံး တစ်ရွက်အားလှန်ကြည့်လိုက်တော့ တွေ့လိုက်ရသည်က ခေါင်းစဉ်တစ်ခု။


" My Diary" - J.JK

Jungkook ၏ ဒိုင်ယာရီစာအုပ်ပင်ဖြစ်သည်။
Mihi ပြန်ပိတ်ကာ နဂိုနေရာတွင်ထားရန် စဉ်းစားလိုက်သော်လည်း လက်က ဦးနှောက်စေခိုင်းသည်အတိုင်းမပြုဘဲ ကြမ်းပြင်အား ပြန်ပိတ်ထားကာ စာအုပ်အား သူမနှင့်အတူ အခန်းထဲသို့ ယူလာခဲ့သည်။

ʜᴇʀ ɢᴏᴅғᴀᴛʜᴇʀ [✔]Where stories live. Discover now