🌼11🌼

6.6K 699 20
                                    


[Unicode] (Zawgyi  Version Below)

" ကျောင်းပြီးတာနဲ့ တန်းထွက်လာခဲ့။ ဘယ်သူ့ကိုမှလည်း တွေ့မနေနဲ့။ ကြားလား?"

Jungkook ၏အမှာစကားများအား သူမခေါင်းငြိမ့်ပြပြီးနောက် ကားထဲမှ ထွက်လာခဲ့သည်။

ကျောင်းထဲသို့ဝင်ဝင်ချင်း တွေ့လိုက်ရသည်က ပုံမှန်မဟုတ်သော အရာတစ်ခု။

ကျောင်းသူ ကျောင်းသားများအားလုံးက ဝိုင်းအုံကာ တစ်ခုခုအား အသည်းအသန် တိုးကြိတ်၍ ကြည့်နေသည်။ တချို့ ကျောင်းသူများ၏ လက်ထဲတွင်လည်း ဖုန်းကင်မရာများဖြင့်။

ဘာလဲ? ရန်ဖြစ်ပွဲလား?

Mihi သည် ထိုသို့သော ပွဲများအား အားအားယားယား သွား၍ကြည့်တတ်သောသူမဟုတ်။ သူတို့ဘာသာဘာဖြစ်ဖြစ် သူမနှင့် မဆိုင်သည်မှာ အမှန်ပင်။

သို့သော် ရှောင်ထွက်ရန် ပြင်နေသော Mihi အား အသံတစ်ခုက ရပ်တန့်စေခဲ့သည်။

" Mihi-ah!!"

လူအုပ်ကြီးထဲမှ အသံတစ်ခု။
Mihi ဤအသံကို ကောင်းကောင်းသိသည်။ သူမ၏ နားထဲတွင် ထိုအသံလောက် ချိုသာနိုင်ဦးပါ့မလား?

သူမ ချက်ချင်း နောက်လှည့်ကြည့်လိုက်တော့ ပြုံးကာ လက်ရမ်းပြနေသော Jimin အားတွေ့သည်။

သူမ လန့်ကာ တောင့်တောင့်ကြီးရပ်နေတော့ Jimin က သူမထံလျှောက်လာသည်။ အနောက်မှ လူစုကြီးနှင့်အတူပေါ့။

" Annyeong! Mihi...ကျောင်းကို ခုမှ ရောက်တာလား?"

" Jimin Oppa က ဘယ်လိုလုပ်ဒီကို?"

" အာ...Oppa လည်း ဒီမှာတက်မလို့ ဆုံးဖြတ်လိုက်တာ.."

" wae?"

ဘာလို့ မေးခွန်းတွေ အဆက်မပြတ်မေးမိမှန်း Mihi လည်း မသိတော့။

" wae? Mihi လေးကြောင့်လေ..."

တစ်ဖန် သူ၏မျက်လုံးများ ပိတ်သွားသည်အထိ ရယ်လိုက်ပြန်ပြီ။

ငါ့ကြောင့် ဒီကျောင်းကို ပြောင်းလာတာတဲ့လား?
Mihi မျက်တောင် မကြာခဏ ခတ်မိကာ ပါးများ နီရဲသွားတော့သည်။

" hahaha...စတာပါ။ ဒီအတိုင်း TaeTae hyung က ဒီကိုပြောင်းပေးလိုက်လို့..."

ʜᴇʀ ɢᴏᴅғᴀᴛʜᴇʀ [✔]Where stories live. Discover now