🌼25🌼

5.2K 555 14
                                    

[Unicode] (Zawgyi Version Below)


" ဂုဏ်ယူပါတယ် Mihi လေး။ လွမ်းနေတာ..."

သူမအား ဖက်တွယ်ရင်းပြောလာသော Taehee အား Mihi လည်း ပြန်လည်ဖက်တွယ်လိုက်သည်။

" Uncle တို့လည်း အရမ်းပျော်နေတာ..။"

လူတွေစုံစုံလင်လင်တွေ့ရသည်မို့ သူမလည်း ပျော်သည်။

ပြုံးနေလိုက်တာ ပါးတောင်ညောင်းတော့မယ်။

" Mihi လေးမေ့မျောနေတော့ Jungkook ကအရက်သမားလုံးလုံး ဖြစ်တော့မလို့။ အချိန်မီလေးဘဲ Mihi.."

" Joonie!!"

Namjoon အား လက်သီးနှင့်ရွယ်နေပြီဖြစ်သော Jungkook အား သူမ မသိမသာ ခိုးကြည့်မိသည်။

ဆရာဝန် ရောက်လာ၍ နှစ်ယောက်သား အကြင်နာပေးနေရာမှ အမြန်ခွာလိုက်ရပြီး မကြာမီပါဘဲ Jimin Oppa တို့ကဝင်လာသည်။

အခုချိန်ထိ အရှက်ကမပြေသေး။ မျက်လုံးချင်းပင်မဆုံရဲသေးအောင် မျက်နှာပူနေသည်။

" ဒါနဲ့လေ...ခုနက.."

Hoseok ကအလိုက်မသိမေးရန် ကြံလေတော့...

" အဟမ်း..ဟမ်း.."

ရုတ်တရက် ပေါ်ထွက်လာသော ချောင်းဟန့်သံတုနှင့် Jimin နှင့် Taehyung တို့က တားဆီးလိုက်ကြသည်။

" ခုနက ဘာလဲ?"

Mihi ကမေးသည်။ သိချင်တာပေါ့။ Hobi Oppa ဘာပြောမလဲဆိုတာ.။ ဒါပေမယ့် ပြောခါနီးတိုင်းအမြဲ စကားဖျက်ခံရတာကြောင့် မကြားဖြစ်။

" ဘာမှမဟုတ်ပါဘူး Mihi ရဲ့။ နားလိုက်တော့နော် Uncle တို့ပြန်တော့မယ်.."

" ဟင် အစောကြီးလား? အခုမှရောက်တာလေ။ နည်းနည်းနေပါဦး..Uncle Tae တို့ရယ်.."

Mihi မျက်နှာလေး ညိုးသွားသည်။ ပြီးတော့ရှက်လည်းရှက်သည်။ ဒီအခန်းထဲ Jungkook Oppa နှင့် နှစ်ယောက်တည်း ထပ်နေရမည်ဆိုလျှင် နှလုံးရောဂါဖြင့်သေနိုင်သည်။

" တစ်ယောက်လောက်တော့ နေခဲ့လို့မရဘူးလား.."

" ဟို..အင်..အာ့ဆို Taehee--"

Taehyung က သူ၏ညီမအား ညအိပ်ခိုင်းမည်ဟု ကြံသော်လည်း Jungkook က သူ့အား အကြည့်နှင့် စကားပြောနေလေပြီ။

ʜᴇʀ ɢᴏᴅғᴀᴛʜᴇʀ [✔]Where stories live. Discover now