Part 4

5.9K 684 4
                                    


တီတီ~~တီတီ~~တီတီ
Alarmသံ အဆက်မပြတ်မြည်နေတဲ့ ခေါင်းအုံးဘေးက ဖုန်းကို မျက်လုံးမှိတ်လျက်ဘဲ လိုက်စမ်းနေမိသည်။

5:30AM

ဝှါး.....
တစ်ညလုံးမျက်စိကြောင်နေ၍ တော်တော်နဲ့ အိပ်မပျော်ခဲ့.....
ညနှစ်နာရီကျော်ကျော်လောက်မှ အိပ်ချင်လာသည်မို့ မနက်နှိုးရန် alarm ပေးပီးမှ အိပ်ရသည်။

နို့မို့ဆို မနက်ထနိုင်မည်မဟုတ်ပေ။

သို့သော်....
ကိုယ့်ဟာကို နိုးလာသည့် မနက်ခင်းတွေနဲ့တော့မတူ။
Alarmနဲ့နိုးထလာရသည့် မနက်ခင်းတွေက ခေါင်းမကြည်စေတာကတော့အမှန်....

ခေါင်းနောက်နေသည်မို့ အတင်းပင် လန်းဆန်းသွားရလေအောင် ရေအမြန်ချိုးလိုက်သည်။

အေးစိမ့်နေသည့် ရေတွေသာ ခန္ဓာကိုယ်ပေါ် ဖြတ်ဆင်းသွားပေမယ့် ခေါင်းနောက်နေသည်ကတော့ ထင်သလောက်ကြီး မသက်သာ....
နောက်ပီး ပြန်အိပ်ချင်လောက်သည်အထိ အိပ်ငိုက်နေမိသည်။

တာဝန်တွေ ရှိသေးသည်မို့.....
ရှပ်အဝါကွက်လက်ရှည်တစ်ထည်ကို ဂျင်းပင်န်အပြာရောင်နဲ့ တွဲဖက်ဝတ်လိုက်သည်။

နောက်ပီး.....
မျက်နှာကို လက်ဖဝါးနဲ့ ခပ်ဆတ်ဆတ်သုံးချက်လောက်ရိုက်လိုက်သည်။
ပါးနှစ်ဖက်သာ စပ်သွားရသည်။
အိပ်ချင်နေတုန်း.....

'သား....အိပ်ရေးမဝလို့လား?
ညကအိပ်မပျော်လို့လား?'

"အာ....
ဟုတ်....ညကမျက်လုံးကြောင်နေလို့ အိပ်တာ နောက်ကျသွားတယ် Omma''

'သားကြည့်ရတာ အိပ်ချင်နေတာမလား? တစ်ရက်လောက်နားလိုက်ပါလား သားရယ်...
Ommaလည်း သက်သာနေပီပဲ'

"ရပါတယ် Ommaရဲ့
သားကို ကော်ဖီခါးခါးလေးတစ်ခွက်သာ ဖျော်ပေးနော်''

'သားရယ်.....
နေ့တိုင်းပင်ပန်းနေတာကို....တစ်ရက်လောက်နားလိုက်ပါလားကွယ်'

Baekhyunရဲ့ ဆံပင်လေးတွေကို ခပ်ဖွဖွသပ်ပေးနေသည့် Ommaရဲ့ မျက်နှာမှာ အားနာမှုတွေ စိတ်မကောင်းမှုတွေ သနားမှုတွေ နောက်ပီး ကိုယ့်ကိုကိုယ့် အပြစ်နေသည့် အရိပ်အရောင်တွေ ဖြတ်ပြေးနေသည်။

Sunshine (Zawgyi+Unicode)Where stories live. Discover now