Part 15

4.9K 718 46
                                    


"Baekhyun ရော့''

ရုံးမှာနေ့လည်စာ စားနေရင်း Baekhyun ပန်းကန်ထဲ အရိုးနွှင်ထားသော ငါးအသားဖတ်လေးထည့်ပေးသော Chanyeolကြောင့် Baekhyun ပြုံးမိသည်။

"ရပါတယ် Hyungရဲ့ ''

Baekhyun အားနာသလို ပြန်ပြောတော့ Baekhyunရဲ့ မျက်လုံးနက်နက်လေးကို သေချာစိုက်ကြည့်ရင်းပြုံးပြသည့် Chanyeolကြောင့် တစ်မျိုးကြီး ဖြစ်လာရသည်။

အခုတလော.....
Chanyeolရဲ့ ပြောဆိုဆက်ဆံပုံတွေက အရမ်းနွေးထွေးလာသည်။
အရင်ကတည်းက ဂရုစိုက်ပေးတတ်တာ သိပေမယ့် ခုနောက်ပိုင်း ပိုပီး အသေးစိတ်လာသည်။

ရုံးဆင်းချိန်တိုင်း လိုက်ပို့ပေးတတ်သလို....
ရုံးလာချိန်ကိုပင် တကူးတက လာကြိုပေးတတ်သေးသည်။

Chanyeol ဂရုစိုက်ပေးသည့်အခါတိုင်း ရင်ထဲ နွေးထွေးသည့် လှိုင်းကလေးဖြတ်သန်းသွားသလို ခံစားရသည်။

ဘာရယ်သေသေချာချာမသိသည့် ခံစားချက်လေးက ငြိမ့်ငြိမ့်လေးနဲ့ ခံစားလို့ကောင်းသလို ပျော်ရွှင်မှုကိုလည်း ပေးစွမ်းသည်။

ဘယ်သူမဆို ကိုယ့်အပေါ် ဂရုစိုက်ပေးတတ်သည်ကို ကြိုက်နှစ်သက်ကြသည်မလား။

Baekhyunလည်း လူထဲကလူပင်။
ကိုယ့်အပေါ် ဂရုတစိုက်ရှိလှသော Chanyeolကြောင့် တကယ်စိတ်ကြည်နူးရသည်။

နောက်ပီး....
တစ်ခါတစ်လေ အဓိပ္ပါယ်တစ်မျိုးသက်ရောက်သည့် စကားတွေကြောင့်လည်း နေရခက်မိပေမယ့် သာယာနေမိသည်တော့ Baekhyun ဝန်ခံသည်။

"စားလို့မကောင်းလို့လား?''

"အာ... မဟုတ်ပါဘူး''

ထမင်းစားနေရင်း အတွေးတွေများနေ၍ ငြိမ်သက်နေမိတော့ Chanyeol က မေးနေသည်မို့
Baekhyun အတွေးတွေ သိမ်းကာ ထမင်းစားခြင်းအပေါ် အာရုံပြန်စိုက်လိုက်သည်။

"ခဏနေ ကိုယ်နဲ့ အပြင်လိုက်ခဲ့ရမယ်''

"ဟုတ်ကဲ့''

"ကိုယ့်ညီလေး ကျောင်းပိတ်လို့ ခဏပြန်လာတာလေ အဲ့ဒါသွားကြိုရမှာ ''

"ဟုတ်ကဲ့''

"အာ့ဆို ထမင်းစားပီး ခဏနားနေလိုက်လေ....
ကိုယ် အတွင်းရေးမှူးကို မှာစရာရှိတာတွေ မှာပီးရင် ထွက်လာခဲ့မယ်''

Sunshine (Zawgyi+Unicode)Where stories live. Discover now