Part 12

5K 672 43
                                    


အနည်းငယ်ပူအိုက်လာပီး ချွေးတွေထွက်လာသလို ဖြစ်လာသည်မို့ အိပ်ပျော်နေရာက နိုးလာခဲ့သည်။

ချွေးတွေ ထွက်ပီးနိုးလာတာကြောင့် တကိုယ်လုံးပေါ့ပါးသွားသလိုပင်။

မျက်လုံးပွင့်ပွင့်ချင်း သတိထားမိသည်က လက်က တစ်ခုခုကို မြဲမြဲ ဆုပ်ကိုင်ထားမိသလိုပင်။

နောက်ပီး....
ရင်ဘတ်နားက ဆံပင်ပျော့ပျော့လေးတွေကြောင့်.....

အာ.....
ဆေးခန်းက ပြန်လာပီးအိပ်ပျော်သွားတာပဲ....

Baekhyunလည်း Chanyeolကို စောင့်ပေးရင်း အိပ်ပျော်သွားတာဖြစ်မည်။

Chanyeolကတော့ သက်တောင့်သက်သာလှဲကာ အိပ်နေပေမယ့် Baekhyunမှာတော့ လွတ်တဲ့ နေရာသေးသေးလေးမှာ ခေါင်းလေးတင်ပီး အိပ်နေရတာ မြင်တော့ စိတ်မကောင်း။

လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ Baekhyunလက်ကလေးကို အသာလွတ်ပေးကာ....

Chanyeolအိပ်ခဲ့တဲ့ ဆက်တီခုံပေါ်ကို ပွေ့ချီကာရွှေ့ပေးပီး သက်တောင့်သက်သာ အိပ်စေသည်။

စောင်အပါးလေးကို ခြုံပေးကာ နဖူးပေါ်က ဆံပင်လေးတွေကို အသာအယာ သပ်ပေးမိသည်။

အသက်ရှုသံမှန်မှန်နဲ့ အိပ်ပျော်နေသော Baekhyunပုံစံ က ကလေးတစ်ယောက်လို အပြစ်ကင်းသည့်ပုံစံလေးကြောင့် Chanyeolအသာပြုံးမိသည်။

နာရီကြည့်မိတော့....
နေ့လည် ဆယ့်နှစ်နာရီ ထိုးလုနီပါး....
ဒီအချိန်ဆို အပြင်မှာ တော်တော်လေးပူနေလောက်ပီ။

Chanyeolဖျားနေသည်မို့ အပူချိန်တိုးပေးထားသည့် Airconကို အပူချိန်လျှော့ကာ အခန်းအတွင်းကို အေးစေသည်။

ဆေးထိုး ဆေးသောက်ထားသည့် အရှိန်ကြောင့် Chanyeol အနည်းငယ်တော့ သက်သာရသည်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာကြောင့်လည်း လန်းဆန်းလာသလို.....
နောက်ပီး ဗိုက်ဆာလာသည်မို့ မနက်က Baekhyunပြုတ်ပေးထားသည့် ဆန်ပြုတ်ကိုပဲ စားရန်ပြင်လိုက်သည်။

အေးစက်သွားသည့် ဆန်ပြုတ်ဖြစ်သည့်တိုင် အရသာရှိနေသေးသည်။

နောက်ပီး.....
သူတောင် ဗိုက်ဆာနေသေးတာ Baekhyunနိုးလာလျှင်လည်း ဗိုက်ဆာနေလိမ့်မည်။

Sunshine (Zawgyi+Unicode)Where stories live. Discover now