Part 23

5K 639 92
                                    


Chanyeol ရေချိုးပြီးတော့ တဘတ်ကြီးကြီးတစ်ထည်ကို ခါးအထက် ခပ်လျှောလျှောပတ်ကာ ရေစိုနေသော ခေါင်းကိုလည်း တခြားတဘတ်တစ်ထည်နှင့် ခပ်ဖွဖွသုတ်ရင်း မှန်တင်ခုံရှေ့ရပ်လိုက်သည်။

မှန်ထဲမှာပေါ်နေသော မိမိကိုယ်ကို ကြည့်ကာ အနည်းငယ်တော့ ကျေနပ်မိသည်။

ပူနေကျ ဗိုက်ကလေးက သိသိသာသာလျော့သွားသည့်အပြင် ရင်ဘတ်မှာလည်း ဆစ်ပတ်တွေဘာတွေတောင် ထွက်လာသယောင်ယောင်။

အနှစ်ချုပ်ကတော့ အပြင်းအထန်လေ့ကျင့်ခန်းလုပ်ဖြစ်ခြင်း။ အကျိုးကျေးဇူးကတော့ ဗိုက်ချပ်သွားခြင်း။
ရလဒ်ကတော့ကောင်းပေမယ့် ပင်ပန်းတာကတော့ ထိုင်ငိုချင်စိတ်ပင်ပေါက်မိသည်။

သို့ပေတည်း ပျော်ရွှင်ကျေနပ်ရသည်ကတော့အမှန်ပင်။

လေလေးတချွန်ချွန်နဲ့ အဝတ်ဗီရိုဖွင့်ကာ ဘာဝတ်ရင်ကောင်းမလဲ စဉ်းစားရသေးသည်။

မိမိသည် FAမဟုတ်တော့သဖြင့် ယခင်ကလို ပီးပီးရော ဝတ်လို့မဖြစ်တော့။ ချစ်ရသူလေးရှေ့မှာ အမြဲကြည့်ကောင်းနေအောင် နေရမည်။

ယခင်ကစားချင်တာစား နေချင်သလိုနေတာမို့ ပူချင်ချင်ဖြစ်နေသော ဗိုက်ကလေးကိုလည်း အသည်းအသန်ချပ်ရပ်နေအောင် လုပ်ရသေးသည်။

ချစ်သူလေးတစ်ယောက်ရတာများ မင်းကြည့်ရတာ ပင်ပန်းပါတယ်ကွာဆိုပြီး.... အပေါင်းအသင်းတွေကပြောလာပါက အဖြစ်မရှိ မနာလိုသော FAတွေမို့သာ ထို့သို့ပြောတတ်သည်ဟု မိမိသတ်မှတ်သည်။

အသက်အားဖြင့်ငယ်ရွယ်
စိတ်ထားလေးအားဖြင့် ရိုးသားကာ
Cuttie, Handsome & Smart boy လေးဖြစ်သော မိမိ၏ချစ်သူ ကောင်လေးလိုမျိုးနဲ့ ချစ်သူဖြစ်ကြည့်ပါလား သူတို့တွေ
ရူးတောင်သွားအုံးမယ်.....😏

အင်္ကျီတွေရွေးရင်း ဗီရိုချောင်တစ်နေရာမှာကပ်နေသော ပန်းရောင်အကွက်ကုတ်အင်္ကျီလေး...

မှတ်မှတ်ရရငယ်လေး လက်ဆောင်ဝယ်ပေးသော ကုတ်အင်္ကျီလေး...

အရောင်မကြိုက်လို့ တစ်ခါမှ မဝတ်ရသေးပေ။

ခုတော့ ထိုပန်းရောင်လေးကပဲ အရမ်းတွေလှနေသလို။

ထွေထွေထူးထူး စဉ်းစားမနေတော့ပဲ ခဲရောင်ရှပ်နှင့် စတိုင်ပင်န်ကို ဝတ်ကာ အပေါ်ကနေ ပန်းရောင်အကွက်ကုတ်အင်္ကျီလေးကို ထပ်ဝတ်လိုက်သည်။

Sunshine (Zawgyi+Unicode)Where stories live. Discover now