Part 7

5.3K 669 4
                                    

ကြီးကျယ်ခန်းနားနေသော ဆိုင်အပြင်အဆင်ကိုကြည့်ကာ Baekhyun နေရခက်သိမ်ငယ်မိသလို။

အမှန်ဆို ဖြတ်ချလို့ ရနေပီဖြစ်တဲ့ အခြေအနေပေမယ့် ကိုယ့်ကို မုန့်သွားပို့ပေးပါဆိုတော့ ငြင်းချင်ပေမယ့်မရ။ Jong Daeတို့ဆိုင်မှာက Jong Daeနဲ့ Baekhyun နှစ်ယောက်သာရှိသည်မို့ ...
အပြင်မုန့်ပို့ရသည်တာဝန်က Baekhyunတာဝန်။

ကိုယ့်နဲ့အလှမ်းဝေးတဲ့ ဆက်ဆံရေးတွေကို ရှေ့မဆက်ချင်၍ Chanyeolဆိုသူရဲ့ ကူညီပေးခဲ့သော ပိုက်ဆံကို Baekhyunပြန်ပေးခဲ့သည်။

Chanyeolက ငြင်းဆန်ခဲ့ပေမယ့် နောက်ဆုံးတော့ ခေါင်းမာတဲ့Baekhyunရဲ့ သဘောထားကို လွန်ဆန်မရခဲ့။

ထို့နေ့ပြီးကတည်းက Baekhyunတို့ ထပ်တွေ့ရန်အကြောင်းမရှိဟုတွေးခဲ့ပေမယ့် သူနဲ့တွေ့ပီး သုံးရက်အကြာမှာ ခုလို ပဲခေါက်ဆွဲလှမ်းမှာသည်မို့ Chanyeolရှိတဲ့ နေရာကို ရောက်လာရခြင်း။

ဝန်ထမ်းပေါင်းမြောက်များစွာနဲ့ အလုပ်ရှုပ်နေသည်မို့ မည်သူမှ Baekhyunကို အဖတ်မလုပ်။

မုန့်လာပို့တာပါဟု တစ်ကြိမ်ပြောပီးပီမို့ ထပ်လည်းမပြောချင်။

Baekhyunလှမ်းပြောလိုက်သည့် ဝန်ထမ်းကလည်း ဘယ်ရောက်သွားမှန်းမသိသည်မို့ ကြောင်တောင်တောင်နဲ့ အပေါက်ဝမှာ ရပ်နေရခြင်း။

အနည်းငယ်ကြာလာတော့ ဒေါသကအလိုလိုထွက်လာရသည်။ မုန့်လာပို့တာပဲ ဘာတွေရေးကြီးခွင်ကျယ်ဖြစ်နေလို့ ဒီလောက်ကြာနေရသလဲ မသိ။

ကိုယ့်စိတ်နဲ့ဆို ချက်ချင်း ထပြန်မိမှာပေမယ့် ကိုယ့်ရဲ့ တာဝန်ကြောင့်သာ သီးခံနေရခြင်းဖြစ်သည်။

'ဒီက ကျတော့်နောက် လိုက်ခဲ့ပါ'

"မုန့်ပဲ ထားခဲ့လိုက်တော့မယ်လေ...
ကျတော်ရောက်တာ ကြာနေပီဆိုတော့ ပိုက်ဆံပဲရှင်းပေးလိုက်ပါ''

'Bossက သူ့အခန်းထဲထိ လာပို့ပေးပါတဲ့'

ဝန်ထမ်းက သူပြောချင်ရာပြောပီး ရှေ့ကထွက်သွားသည်မို့ ထွက်နေသည့် ဒေါသတို့ကို အသာပြန်သိမ့်ပြီး သူခေါ်ဆောင်ရာ
ဓာတ်လှေကားထဲသာ ဝင်ခဲ့ရသည်။

Sunshine (Zawgyi+Unicode)Where stories live. Discover now