Feelings 42

392 37 1
                                    

မင်းလည်းငါ့ကိုချစ်တယ်တဲ့....
ငါမမျှော်မှန်းခဲ့တဲ့ မမျှော်လင့်ခဲ့တဲ့ အရာက
မင်းလည်းငါ့ကို ချစ်နေတာတဲ့.....
မင်းသိလား.ငါဘယ်လောက်ထိ
အရူးတစ်ပိုင်းဖြစ်ပြီး ပျော်မြူးနေမိလဲဆိုတာ.....
မင်းကတော့ ခပ်ဟဟလေးရယ်တယ်....
အဲ့လောက်တောင်ဘဲလားဆိုတဲ့ သဘောနဲ့ပေါ့.....

မင်းအပြုံးကိုငေးနေရင်းဘဲ အသိဝင်လာတဲ့ ငါ့စိတ်က
မျက်လုံးမဖွင့်ပါနဲ့လို့ပြောပြီး အိပ်မက်မဟုတ်ပါစေနဲ့လို့
ဆုတောင်းနေတယ်......ထပ်ခါတလဲလဲ...အကြိမ်များစွာပေါ့.....

တရိပ်ရိပ်ပွင့်လာတဲ့ မျက်ဝန်းတွေရှေ့ မင်းရှိနေမှာဘဲလို့
ယုံကြည်နေမိတဲ့ မျှော်လင့်ခြင်းတွေကို မှောင်မဲနေတဲ့အခန်းလေးက
ဖြိုခွဲပစ်လိုက်တယ်......

မျှော်လင့်ခြင်းတွေ၊ ကြည်နူးခြင်းတွေပါတဲ့
အိပ်မက်ပုံရိပ်ယောင်ထဲမှာ မင်းကငါ့ကိုချစ်တယ်တဲ့လေ.....

ငါဝမ်းနည်းမိပေမဲ့ ပြုံးမိပြန်တယ်.....
အိပ်မက်ထဲမှာတော့ ငါဟာ မင်းချစ်တဲ့သူဆိုတဲ့အသိနဲ့ဘဲ အပြင်လောကက မင်းရဲ့လျစ်လျူရှုခြင်းတွေကို ခံနိုင်ရည်ရှိအောင် နေပါရစေ.....

Han_Me

FEELINGSWhere stories live. Discover now