Feelings 75

270 37 9
                                    

ကျွန်တော်တို့အားလုံး
ဝဋ်လည်နေကြတယ်လို့ပြောရင် ခင်ဗျားယုံမလား.....

သံသရာလည်နေတဲ့ လောကကြီးမှာ
ကျွန်တော်တို့ချစ်ရတဲ့သူရှိသလို....
ကျွန်တော်တို့ကို ချစ်တဲ့သူလည်းရှိတယ်....

ကျွန်တော်ရော ခင်ဗျားရော....
ကိုယ်ချစ်တဲ့သူပြန်ချစ်လာမယ့်နေ့ကို မျှော်ကြတယ်....
ကျွန်တော်တို့ရဲ့ဆန္ဒတွေဟာ တစ်ခြားတစ်ယောက်အတွက်တော့
နာကျင်မှုကို ဖြစ်စေတယ်.....

မဖြစ်နိုင်တဲ့လူကိုပဲ တောင့်တနေကြတဲ့
ကျွန်တော်တို့ဟာ...တစ်ခြားသူကိုနာကျင်မှုပေးသလိုဖြစ်ပြီး
ကျွန်တော်တို့အတွက်ကျတော့ ဝဋ်ဆိုတဲ့အရာကို ကိုယ်တိုင်ဖန်တီးယူသလိုဖြစ်နေတယ်.....

ဒီလောကကြီးမှာ ချစ်ခြင်းထပ်တူကျတဲ့သူဆိုတာ သိပ်ရှားတယ်.....ကံကောင်းတဲ့သူထဲမှာ...
ခင်ဗျားကိုပါစေချင်ပေမဲ့....ကျွန်တော်ချစ်တာကိုခံနေရသရွေ့
ခင်ဗျားနဲ့ပတ်သတ်ပြီး ရတဲ့နာကျင်မှုတွေကို ကျွန်တော်ခံစားနေရသရွေ့....ခင်ဗျားလည်း..
တစ်စုံတစ်ယောက်နဲ့ပတ်သတ်ပြီး နာကျင်ရဦးမှာပါပဲ...

ဒါပေမဲ့ ....တစ်နေ့နေ့မှာ ခင်ဗျားချစ်တဲ့သူ ရှာတွေ့လာတဲ့အခါကျ..ခင်ဗျားအပေါ်ထားတဲ့..ကျွန်တော့ရဲ့ချစ်ခြင်းတွေကို ကျွန်တော်ကိုယ်တိုင် စွန့်လွှတ်ပေးမယ်....

ဒါ ခင်ဗျားအတွက်
ကျွန်တော်လုပ်ပေးနိုင်တာ အကုန်ပဲ.....
ကျွန်တော့ကြောင့်နဲ့တော့ ခင်ဗျားကို မနာကျင်စေချင်တာအမှန်ပါ...

ဘာလို့လဲဆိုတော့....
ကိုယ်ချစ်တဲ့သူခံစားနေရတာကို ရင်နာနာနဲ့ကြည့်နေရတာလောက်
ဆိုးသွမ်းတဲ့ခံစားချက်မျိုး..ကမ္ဘာမှာ.
နောက်ထပ်မရှိနိုင်တော့တဲ့အတွက်ပဲ.....

Han_Me

FEELINGSWhere stories live. Discover now